Tuesday, June 22, 2010

ထိုမျှမကသော အချစ်များဖြင့်

မင်းကို ချစ်တာတွေသာ

သစ်ပင်ဖြစ်ရင်

ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်

အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်….

မင်းကိုလွမ်းတာတွေသာ

ပန်းဖြစ်ရင်

ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့

ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့….

မင်းကိုတမ်းတတာတွေသာ

ရေဖြစ်ရင်

ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ

အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ….

မင်းကိုသတိရတာတွေသာ

ရွှေဖြစ်ရင်

ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့

လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်….

ကဲ..ကဲ…

ပိုတယ်ပြောမနေနဲ့

လိုတယ်လို့တောင်ထင်တယ်

ကိုယ်ရဲ့အချစ်

ကိုယ့်မေတ္တာဟာ

ကမ္ဘာမြေသိန်းသန်းအထု

အစုစုမက

စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်

အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်….

Saturday, June 5, 2010

ရင်ထဲက စကားများ

...............အစပြုခြင်းတစ်ခုမှာ
အဆုံးသတ်ဆိုတာရှိမြဲပဲဆိုရင်
ပြီးဆုံးသွားခဲ့တဲ့...ကိုယ်တို့နှစ်ယောက်ဇာတ်လမ်းအတွက်
ရှိတောင့်ရှိခဲ ပြန်လည်စတင်ခြင်းဆိုတာကို
ကိုယ်မျှော်လင့်နေချင်နေစဲပါ............။

..............အသစ်ကိုထားခဲ့ပြီး
အဟောင်းဆီပြန်ခဲ့ဖို့ခက်မယ်ဆိုရင်
မဟောင်းနိုင်တဲ့ငါ့အချစ်တွေ
နင့်အတွက်အသစ်ဖြစ်နေစဲဆိုတာ
နင်သိနိုင်ဖို့ ခက်ခဲလွန်းနေသလား..................။

..............ပြန်တွေ့ချိန်ခဏမှာ
နင့်အပြုံးတွေရိုးသားလွန်းပါတယ်
နင်သာငါ့ဘက်နည်းနည်းငဲ့ကြည့်တတ်ခဲ့မယ်ဆိုရင်
ငါ့ဘ၀ တစ်ခုလုံး အသက်မဲ့နေခဲ့တာ
နင်စာနာနိုင်မှာပါ.....................။

............အချစ်ဦးမဟုတ်ခဲ့ပေမယ့်
ငါ့ရဲ့အချစ်ရဆုံးရေ..........
နင်သာပြန်လာနိုင်မယ်ဆိုရင်...
ငါ့ရင်ဘတ်ထဲက အသည်းတစ်နေရာမှာ
နင့်အတွက်.......
အမြဲသစ်လွင်တောက်ပနေ၇ပါစေမယ်..............။