Monday, August 31, 2009

ဆုံတွေ့မဲ့နေရာလေး


ချစ်သူရေ…
ရင်ခုန်သံတွေ ဆူညံနေအောင်
တံခါးမခေါက်ပဲဝင်လာပြီးမှ
ပြန်ထွက်မသွားပါနဲ့..
ဒီရင်ဘတ်ထဲမှာ..
မျှော်လင့်ချက်တွေကို
မင်းတစ်ယောက်အတွက်
သပ်သပ် သိမ်းဆည်းထားလို့ပါ
ဒီရင်ဘတ်ထဲမှာလေ….
တစ်ဘ၀စာ အနာဂတ်တွေကို
မင်းအတွက်..
နေရာဖယ်ပေးထားလို့ပါ..

ချစ်သူရေ…
ဆူညံနေတဲ့ ရင်ခုန်သံတွေကို
မင်းတစ်ယောက်ပဲ..
ရပ်တန့်စေနိုင်သလို..
မင်းတစ်ယောက်ပဲ..
အသက်ရှင်သန်ခွင့်ပေးနိုင်မှာပါ။
နာကျင်ခံစားနေရတာတွေလေ…
လွမ်းဆွတ်မှုတွေလေ..
အသံ ချိုချိုလေးအနားမှာပဲ
ရစ်ဝဲနေလို့ပါ..
မနက်လင်းတိုင်း..
စိတ်ပျက်မှူတွေနဲ့
နိုးထနေရတဲ့ အချိန်တွေ
ကုန်ဆုံးပါရစေ………..

ချစ်သူရေ..
တို့တွေဆုံတွေ့နေကြနေရာကို
မင်းမလာတော့ဘူးနော်
အဲဒီတော့
မင်းနဲ့ အိမ်မက်ထဲမှာဆုံဖို့
ငါ အိပ်တော့မယ်။

အလွမ်းများ


လွမ်းစရာရှိရင်
နာစရာနဲ့ဖြေမယ်လို့
တွေးထားပေမဲ့

လွမ်းမိတဲ့အခါ
နာစရာကို
မတွေးမိတာ
ဘာကြောင့်လဲ
ရှင်းရှင်းလေးပဲ

သူ့ကို လွမ်းနေမိလို့ပေါ့…

လွမ်းတယ်ကွယ်

ကိုယ့်ရဲ့အရာရာဟာ

အလွမ်းတွေနဲ့ ပြည့်သိပ်နေတယ်
သတိရခြင်းဆိုတာ

တစ်ခါတစ်ရံမှ

ဖြစ်ပေါ်တတ်ပေမဲ့

အလွမ်းတွေကတော့
အစည်းအတားမရှိ
နာရီတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း

လှုပ်ရှားမှုတွေရှိနေသရွေ့

ကိုယ်နဲ့အတူ
အလွမ်းတွေဟာ
ရှင်သန်နေတယ်
အလွမ်းတွေရယ်

ဖြစ်နိုင်ရင် မင်းရဲ့ဝေးရာကို သွားပါရစေ….
ကိုယ့်ကို အလွမ်းကမ္ဘာထဲမှ

ထွက်သွားခွင့်ပြုပါ..

ကိုယ့်ရဲ့အိပ်မရတဲ့ညတွေမှာ

အလွမ်းတွေက နှိပ်စက်နေဆဲ
မင်းရဲ့ဝေးရာကို
မသွားနိုင်သရွေ့
ကိုယ်ဟာ
မင်းနဲ့အတူ ရှိနေဦးမှာပါ….
ခုတော့….

လွမ်းရင်းနဲ့
ဆက်လွမ်းနေမယ် အလွမ်းရယ်……

ရင်ထဲမှ သူမ


ချစ်ခြင်းမီးတောက်နဲ့
ငါ့ရင်ကို လင်းမြစေခဲ့တဲ့ ကောင်မလေးရေ ။
ဖြူစင်ခြင်း မင်းရဲ့ ဂီတသံမှာ
ငါ့အတောင်ပံတွေ အားဆက်
အရုဏ်ရဲ့ ရောင်ခြည်နုရှိရာ
အရှေ့အရပ်ကို ငါတို့ ပျံသန်းကြမယ်
မြစ်ရေရဲ့ အလျဉ်းမျိုး
အတိတ်တွေ … အတိတ်တွေ …
ကျန်ခဲ့လိမ့်မယ် … ထားခဲ့လိုက်။
ယုံကြည်မှုပါရင် လမ်းတွေဟာ
လင်းတယ်၊ ချိုမြိန်တယ်၊ ခုံမင်စရာ ကောင်းပါတယ်။
လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
မစားရ တားမြစ်ထားတဲ့
ဘယ်သစ်သီးကိုမှလည်း ငါတို့ စားစရာ မလိုဘူး

ဘယ်တော့မှ ငြိမ်းမှာ မဟုတ်တဲ့
(ငါ့ရဲ့ ငြိမ်းချမ်းခြင်း) အလင်းမီးတောက်လေးရေ …
ငါတို့ရဲ့ ဘ၀နှစ်ခုကို တစ်လွှာတည်း ဖြစ်အောင်ထပ်
မင်း သဘောတူမယ်ဆိုရင်
ငါတို့ လောကကို စိမ်ခေါ်ကြည့်ကြမယ်လေ …။

လက်ရှိအခြေအနေ


ဘ၀တက်လမ်းအတွက်

ကြိုးစားလာခဲ့ရတဲ့ ကာလများ

ပြန်လှည့်ကြည့်လိုက်တော့

ဘာမှမဖြစ်လာသေးပါလား…..

ပညာတွေသင်ဖို့အတွက်

ရင်းနှီးခဲ့ရတဲ့ အရာများ

အခုချိန်မှာတော့

ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….

လွတ်လပ်တဲ့ဘ၀တခုအတွက်

မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ

တွေးကြည့်လိုက်တော့

မရေရာသေးပါလား…..

လောကကြီးရယ်

ဘယ်အချိန်ကျမှများ

ဒီဝဋ်ကြွေးတွေ

ကုန်ဆုံးတော့မှာလဲ.?????

သိရဲ့လား ချစ်သူ


ချစ်သူ
မင်းပေးတဲ့အချစ်တွေကို
ခွန်အားအဖြစ်နဲ့မှတ်ယူရင်း
ကံကြမ္မာမုန်တိုင်းတွေကို
အပြုံးမပျက်ရင်ဆိုင်အံတုနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား…………..
ချစ်သူ
မိုင်ပေါင်းများစွာ၊ပင်လယ်တွေခြား
ဝေးကွာပါလည်း၊ငါ့ဝိဥာဉ်တိမ်တိုက်တွေက
ရင်ခုန်သံတွေနီးစပ်ေ၇းအတွက်
လွင့်မျောနေတာကို
မင်းမှသိပါရဲ့လား………………
ချစ်သူ
ဝေးကွာခြင်းနဲ့ခွဲခြာခြင်းဆိုတဲ့စကားလုံးတွေ
ငါ့တို့တွေရဲ့ ချစ်ခြင်းသမိုင်းမှာ
မြူတစ်မှုန်တောင်မရှိလေအောင်
ငါ့ရဲ့အကြင်နာတွေနဲ့ဖယ်ရှားနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား………….
ချစ်သူ
တစ်ကယ်လို့များ ငါ့ကိုသာ ဘုရားသခင်က ဆုတစ်ခုပေးမယ်ဆိုရင်
မင်းနဲ့ဘ၀1ခုကို အမြန်တည်ဆောက်ချင်တယ်လို့
ငါဆုတောင်းနေမယ်ဆိုတာ
မင်းမှသိပါရဲ့လားချစ်သူ………………

အဝေးကဘဲ ချစ်တော့မယ်


အမှတ်တမဲ့ပါပဲ..........
အိပ်ယာထချိန်လေးမှာ သူ့အကြောင်းတွေးမိတယ်
သူရောအိပ်ယာနိုးပြီလား..............
ပျော်ရွှင်စရာလေးတွေကြုံလာရရင်
သူ့ကိုသတိရမိတယ်
ကိုယ်လေ သူနဲ့အတူပျော်ရွှင်ချင်လိုက်တာ
စိတ်ပျက်အားငယ်နေတဲ့အခါ
သူ့ကိုတွေ့ချင်လိုက်တာ
သူပြောမယ့်အားပေးစကားတွေကိုမျှော်လင့်ရင်းပေါ့...
အခုကတော့..ကိုယ်တစ်ယောက်တည်းပါ.......
သူနဲ့ပတ်သက်သမျှအရာရာကို
ကိုယ်အရှုံးပေးထားခဲ့ပါပြီ.............
ကိုယ်မရှိမှသူပျော်နိုင်မှာလား.............
ကိုယ့်ရဲ့အားပေးစကားတွေလဲသူ့အတွက်မလိုအပ်ဘူးလား...............
တွေးလိုက်မိရင်
အမှတ်တမဲ့..သူ့ေ၇ှ့ကနေပျောက်ကွယ်သွားချင်တယ်....
ကိုယ်ရဲ့အဝေးမှာပျော်နေတဲ့ .......
ကိုယ့်အချစ်ရဆုံး၇ယ်................
မင်း၇ဲ့အနီးကိုမေ၇ာက်သွားမိအောင်ကြိုးစားထိန်းသိမ်းရင်း
စကားတစ်ခွန်းကိုတော့အခါအခါပြောမိပါတယ်..
ကိုယ်မင်းကိုသိပ်ချစ်တယ်...
ကိုယ်မင်းကိုသိပ်ချစ်တယ်...........
...............................
..........................။

Gtalk ရင်ခုန်သံ


Sign in......
သူလာမယ်မှန်းထင်

Gtalk မှာ
Sign in လုပ်တယ်

သူ့ ပို့ တဲ့ mail တွေလှမ်းမြင်နေရပြီ

offline.........

ရင်အရမ်းခုန်နေတယ်
သူနဲ့ မကြုံဘူးလားလို့ 

ကျွန်တော်လည်းတုန်နေတယ်

online......
ကျွန်တော်အရမ်းပျော်လာပြီ

အခုလှမ်းခေါ်ပါသည်

သူလည်းပျော်နေမည်

Idle........
အလွမ်းအုပ်စိုးပြီ
အနမ်းဘယ်ဝယ်ဆီ
သူအရမ်းအချိန်ကြာသည်
Busy..........
ဘာလို့ ရက်စက်တာလဲ

ကျွန်တော်အရမ်းစိတ်ပျက်တာပဲ

အချိန်တိုင်း Busy နေဆဲ

Bye Bye.............
ကျွန်တော်တစ်ယောက်တည်းထိုင်နေမိတယ်

သူဘာလို့ Out သွားတာလဲ

ဘာအတွက် Good Luck ပြောလဲ

Sign out..........
ကျွန်တော်အရမ်းကြောက်တယ်
Sign out လုပ်ရမှာ

Gtalk လိုသူလည်းပျောက်သွားမလား..........

ကြယ်ကလေး



ကယ်ကြွေတဲ့ အခိုက်မှာ ဆုတောင်းရင် ပြည့်တယ်တဲ့
ဒါပေမဲ့ တိုတောင်းတဲ့ အချိန်မှာ
ငါဘာကိုဆုတောင်း ရမှာလည်း။
ကြယ်ကြွေကို စောင့်ရင်းနဲ့

ငါ့ကောင်းကင်မှာ ကြယ်တွေလည်း ပါးကုန်ပြီ
အခုထိ အချိန်မှီ တောင်းဆုတစ်ခုတောင်
င့ါမှာ ဖြစ်မြောက်အောင် မတောင်းနိုင်သေးဘူး။

ဒါပေမဲ့ တိုတောင်းတဲ့ အချိန်မှာ
ငါဘာကိုဆုတောင်း ရမှာလည်း။
ကြယ်ကြွေကို စောင့်ရင်းနဲ့
ငါ့ကောင်းကင်မှာ ကြယ်တွေလည်း ပါးကုန်ပြီ
အခုထိ အချိန်မှီ တောင်းဆုတစ်ခုတောင်
င့ါမှာ ဖြစ်မြောက်အောင် မတောင်းနိုင်သေးဘူး။
ကြယ်ကြွေမယ့်ကောင်းကင်ကို ကြည့်ရင်း
ငါ့ရဲ. ညတွေလည်း ပူနွေးနေပြီ
လရောင်မိုက်တဲ့ ညတွေမှာ
ငါတောင်းဆုပြုဖို့တောင် ၀န်လေးနေပြီ။
ကြယ်လေးရေ
ငါ့ရဲ. အတ္တတွေက မင်းကို ချွေနေတာမဟုတ်ပါဘူး
ငါလိုချင်တဲ့ အရာလေးတစ်ခုကို ရဖို့
မင်းရဲ. ၀ိညာဉ် လေးကို စတေးခိုင်းဖို့လည်း မရည်ရွယ်ပါဘူး
မင်းရဲ. အလင်းသက်လေး
ငါ့ရဲ. ဆုတောင်းလေးကို
အသိအမှတ်ပြုပေးရင်တော့ ငါပျော်ရွင်မိမှာ အမှန်ပါပဲ
ကြယ်ကလေးရေ။
ငါ့ရဲ. ညတွေကို အသက်ဝင်ပေးပါ ကြယ်လေးရေ။

အတိတ်တချို့


တကယ်တော့…
နွေးထွေးမှုအပြည့် အကြင်နာတွေပေးခဲ့တယ်
မင်းအတွက် အေးမြမှီခိုဖို့
ငါ့ရင်ခွင်ဖွင့်ဟထားခဲ့တယ်
ဒါပေမယ့်
မင်းကမှအရေးမထားခဲ့တော့လည်း
ကန္တာရလိုပဲ
ငါ့ရင်ခွင်ခြောက်ကပ်လွန်းလှတယ်…။

တကယ်တော့…
အနိုင်မရလိုခဲ့ပါဘူး
ရှုံးနိမ့်မှာကို ကြောက်ခဲ့ရုံပါ
ကိုယ်ထင်ရာ ကိုယ်စိုင်းခဲ့တော့
နီးလျှက်နဲ့ ဝေးသွားခဲ့….။
အခုတော့…
ခံစားချက်တိုင်း အသက်မဲ့
နာကျင်ခံစားမှုတွေ သင်ပုန်းချေလို့
ဆန္ဒတွေ ဖြစ်လာမယ့်တစ်နေ့ကို
ငါ… စောင့်မျှော်နေရင်းပေါ့….။

ဖွင့်အံစရာနေရာလေး


ရင်ထဲမှာ မွန်းကြပ်သမျှ
ဖွင့်အံချဖို့နေရာ
ငါ့ကမ္ဘာမှာ
ကဗျာတွေပဲရှိတယ်။

နိုင်တစ်ခါ ရှုံးတစ်လှည့်နဲ့

အဆုံးမဲ့တဲ့ဘ၀မှာ

အဖော်ပြုစရာ ငါ့ကမ္ဘာ
ကဗျာတွေပဲရှိတယ်။

ငါ့ကမ္ဘာမှာ
ငါ့ကဗျာတွေပြည့်နေပေမယ့်
ငါ့ဘ၀က ကဗျာမဆန်
ကာရံတွေမမှန်ခဲ့ဘူး။
တစ်ခါတစ်ခါလည်း နှစ်ယောက်တွဲလို့
တစ်ခါတစ်ခါလည်း တစ်ယောက်တည်း
ခရီးတွေကို
ငါလျှောက်ရဲအောင် ကြိုးစားနေမှာပါ။

--------- အတွက်



အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်….

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်…..

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်…..

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော…

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

ကဗျာရေးခြင်း


ကိုယ့်ကို လူတွေက အေးတယ်တဲ့
တကယ်တော့ အေးတာဟာ ငြိမ်ဆိတ်ခြင်း၊ ငြိမ်းချမ်းခြင်း
တစ်နည်း
ဘ၀အပေါ် အသံတိုးပြခြင်းပါ
တိတ်တိတ်နေခြင်းဟာလည်း
ဘ၀ရဲ့အသံကို ပိတ်လိုက်ခြင်း မည်တယ်
ကိုယ် အေးအေးလေးနေချင်ခဲ့တယ်
အစွန်းအစကလေးတောင်မထွက်ဘဲ
အနားသတ်ညီညာတဲ့မျဉ်းထဲ ကိုယ်နေထိုင်ချင်ခဲ့တယ်
ဒါပေမဲ့
အမြဲညံဆူနေတဲ့ကမ္ဘာကြီးထဲ
ဘ၀ရဲ့အသံတွေကို ပိတ်ပြီး
ကျုံ့ကျုံ့လေး ကိုယ်နေထိုင်တယ်
ကိုယ် တိတ်တိတ်ကလေးပဲ နေပါတယ်။

စကတည်းက ရယူလိုစိတ်မရှိတဲ့
ကိုယ့်အချစ်ရဲ့ ရင်နင့်အောင်ရိုးသားခဲ့ခြင်းအပေါ်လည်း
ဦးနှောက်အသိညာဏ်က နာကျင်စွာ လက်ခံခဲ့တယ်
ကိုယ်ပိုင်ဆိုင်တာ ဘာလဲ
တရားသဘောအရ ရှိခြင်းဟာ ပျက်ခြင်း
ဒီလိုနဲ့
ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ်
တိတ်တိတ်ကလေးပဲ နေပါတယ်။

ကိုယ်နေထိုင်တဲ့အခန်းရဲ့နံရံတွေဟာ
အနွေးဓာတ်ကိုပေးပါတယ်
မမြင်နိုင်တဲ့ လက်တစ်စုံကလည်း
ကိုယ့်ကို ကာဆီးပေးပါတယ်
ဒါပေမဲ့
ကိုယ့်နှလုံးသားအေးစက်မှုကိုတော့ မလုံခြုံစေခဲ့တာ အမှန်ပဲ
ဒီအတွက် မျှော်လင့်ခြင်းမဲ့မဟုတ်တဲ့ ရောင့်ရဲခြင်းမျိုးနဲ့
ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ်
တိတ်တိတ်ကလေးပဲ နေပါတယ်။

ကိုယ့်နှလုံးသားစေခိုင်းသလို ရင်ဖွင့်ခွင့်ရှိတဲ့
တစ်ခုတည်းသောအရာအဖြစ်နဲ့ ကဗျာတွေရေးခဲ့တဲ့ ကိုယ်ဟာ
တစ်ခါတစ်ခါလည်း အရမ်းလူသားဆန်နေတတ်ပြန်တယ်
ပိုင်းခြားတတ်တဲ့ အသိညာဏ်၊ ခံစားတတ်တဲ့ နှလုံးသား
မသေချာမှုများနဲ့
ကြာတော့
ကိုယ် ကဗျာရေးရမှာကြောက်လာတယ်
ရင်ထဲကလာတဲ့ စကားလုံးတွေ ရင်ထဲမှာ မျိုချ
မြေကြီးကလာတဲ့ လူတွေ မြေကြီးထဲ ပြန်သွားရ ဆိုတဲ့စကား ကြားယောင်ရင်း
ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ်
တိတ်တိတ်ကလေးပဲ နေပါတယ်။

ဘ၀အတွက် ---



တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့
အိမ်မက်ဘ၀တွေလှပစေဖို့
ရည်မှန်းကြီးကြီးနဲ့ ပန်းတိုင်တစ်ခုဆီ
ခရီးသွားတော့မယ် အမေ။
ကိုယ့်ရွက်ကိုယ်ပြင် ကိုယ့်ခရီးကိုယ်နှင်လို့
မတိမ်းမစောင်း ဗိန်းမောင်းမတီးရအောင်
ကိုယ့်မာန၊ကိုယ့်တန်ဖိုး၊ကိုယ့်ခွန်အား
လှော်တက်နဲ့ လှော်ခတ်နေပေမယ့်
မျှော်လင့်ချက် ပန်းတိုင်တွေကို
ထင်းစိုက်ချင်နေသူတွေက အပြည့်။
အမေပြောခဲ့တဲ့စကား စေတနာသည်
လူတိုင်းနှင့် ထိုက်တန်၏
မှန်ခဲ့လိမ့်မယ်အမေ။
ဒါပေမယ့် အဲဒီစေတနာနှင့်ယုံကြည်မူတွေကို
အလွှဲသုံးစား လုပ်နေသူတွေကအများအပြား
တစ်လှေထဲစီး တစ်ခရီးထဲသွား
အားငယ်သူဖေးမကူ လက်တွဲခေါ်ယူ
ရိုင်းပင်းကူဆိုတဲ့ ဆောင်ပုဒ်တွေလည်း
ရှိခဲ့လိမ့်မယ် အမေ။
ဒါပေမယ့် ငတေမာရင်ပြီးရောဆိုသူအချို့ကြောင့်
ပန်းတိုင်တွေဆီ လှမ်းနေတဲ့
ခြေလှမ်းအချို့လည်း လမ်းသိပေမယ့်
ခရီးမရောက်ကြဘူး အမေ။
အသံကြောင် သေခဲ့ရတဲ့နေ့တွေ
အမှန်တရားကြောင့် ကျေခဲ့ရတဲ့စိတ်တွေ
ဘယ်သူတွေများ မျှဝေခံစားဖူးကြလဲ။
ကိုယ့်အိမ်မှာတော့ ခြင်္သေ့
သူနေရာရောက်တော့ ကြွက်တဲ့
ကြောင်လိုက်လို့ ပြေးနေရတဲ့ကြွက်
မဟုတ်ပေမယ့် ခြင်္သေ့မှန်းသိအောင်တော့
တောဟိန်းပြချင်မိတယ် အမေ။
(မေမေ သို့)

သက်သေ


ငါ့နှလုံးသားတစ်စုံဟာ
အခုတော့
တိမ်တိုက်တွေလို လွင့်မျောနေပြီ

ငါ့ရင်ထဲက အချစ်တွေက
အခုတော့ အလွမ်းတွေအဖြစ်ပြောင်းလဲသွားပြီ

င့ါဘ၀ထဲ က
အခုတော့ အခုတော့
အဝေးဆုံးကိုထွက်ပြေးသွားပြီ

ငါ့နှလုံးအိမ်ကြေမွပျက်သွားပါစေ…
င့ါနှလုံးသားထဲမှာ ရှိနေမှာပါ…

ငါအရမ်းချစ်ခဲ့လို့လားမသိဘူး
င့ါနှလုံးသားအရမ်းနာကြင်နေပြီ
င့ါနှလုံးသားနာကြင်ကြေကွဲနေပေမယ်.
င့ါရင်ထဲမှာအခုထိချစ်နေမိတယ်
င့ါဘ၀ပျက်စီးသွားပါစေ.. ချစ်နေမှာပါ…

င့ါရဲ့သတိရခြင်းတွေ
င့ါရဲ့အလွမ်းတွေက
ငါ့ရဲ့ချစ်ခြင်းအတွက်
ငါ့နှလုံးသားအတွက်
ငါ့ရဲ့သက်သေတွေပါ….
(ပလန်းနက်ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်။)

အမေသို့


အလင်းပေါက်မှန်တစ်ချပ်ကြည့်ရသလို
ပုံရိပ်တွေ ၀ိုးတ၀ါး…။
လောကဆိုတာ
မှန်လို အလင်းပြန်တတ်တယ်…တဲ့။
ရောင်ပြန်မျှော်ရင်း
ဘ၀တွေလေ….မိုးချုပ်ခဲ့ကုန်ပြီကော…။

ကြယ်တွေဝင်းလို့
အလင်းတွေ ကြဲခါမှ
သားပြန်လာချင်တယ် အမေ…။
အမှောင်တွေသာ တင်းလာပြီး
အလင်းဖြာဖို့ ခက်နေသမျှ
သားအပြန်လမ်းတွေ
ခက်ထန်နေသေးတယ် အမေ…။

သီလစောင့်ရင် အူမတောင့်ပါတယ်သားရယ်တဲ့…။
အမေပြောနေကြ စကားလေ…။
အူမတောင့်ဖို့ ကိုယ်မစောင်းပေမယ့်
ခါးကိုင်းနေခဲ့ပြီ အမေ…။
နွမ်းလျလျ အတွေးအိမ်တွေလည်း
ယိုင်နဲ့လုလု ပြိုကျလုလု…။
အမေ မျှော်လင့်တဲ့ “စံ” နှုန်းမြင့်လူသား
ပါးလျလျသာ ကျန်ပါတော့တယ် အမေရယ်…။

အလည်လွန်နွမ်းနယ်နေတဲ့
တိမ်မည်း တစ်စု
အမေ့အိမ်မှာ သည်းသည်းမဲမဲရွာဖို့
ငွေ့ရည်တွေ စုနေရတုန်းပါ အမေ…။

အမေ…
အမေ့မေတ္တာကြောင့်…
အက်ဆစ်မဖြစ်အောင် နေထိုင်နေရတဲ့
သားတစ်ယောက် …
ရေခါးခါး ဖြစ်ချင်နေပီအမေ…။

ဒုတိယနတ်ဘုရားဆိုတဲ့ကောင်ကို
လိုအပ်နေသေးသမျှ
သားရဲ့တောင်ပံတွေ
သန်မာနေရအုန်းမှာပါ အမေ…။

အပျံလွန်ငှက်တစ်ကောင်…
နားခိုဖို့….
အမေ့ အသိုက်ကိုသာ
တမ်းတနေမိတယ်အမေ…။
သားပြန်လာချိန်မှာ
………
………
………
ငှက်ဆိုးတွေ ၀င်မလာပါစေနဲ့….။

လမ်းခွဲ


လမ်းခွဲမှာ

တကယ်တန်းတို့တွေ

ခွဲခွာကြရပြီဆိုတော့

အပြန်လမ်း

နှုတ်ဆက်ခြင်းရဲ့

အပြုံးတစ်ပွင့်ဟာ

မျက်ရည်တစ်စ စိုခဲ့ရပြီ။

ခါးသက်တဲ့ ခွဲခွာခြင်းကို

ငါတို့ ဟန်ဆောင်ပြုံးထားလဲ

နှလုံးသား အတွင်းထဲမှာတော့

မျက်ရည်မိုးတွေစွေခဲ့ရပြီ။

ကြံမ္မာရိုင်း တစ်စမှာ

တို့တွေရဲ့

နှလုံးသားအစုံ

စတေးခံခဲ့ရတာ

ကောင်းကင်က ကြယ်တစ်စုံနဲ့

လမင်းကို သက်သေပြုလို့

ငါတို့ သိပ်ချစ်ခဲ့ရက်နဲ့

လမ်းခွဲမှာ

အပြုံးတစ်စနဲ့ ငိုနေခဲ့ရပြီ။

Sunday, August 30, 2009

လုပ်မိတဲ့အလုပ်


ကွန်ပျူတာကို ဖွင့်လိုက်တယ်
ပထမ

မုန်းသူများရဲ့ရုပ်ပုံတွေ
အကုန်ထည့်
နောက်ပြီး တစ်ခုချင်း Select လုပ်

delete ခလုတ်ကို နာနာဖိပစ်လိုက်တယ်

ဆက်တိုက်ဆက်တိုက် .................................

ဒုတိယ

ပျောက်သွားချင်တဲ့ ခံစားချက်တွေ

ဖျောက်ထားချင်တဲ့ စာသားပျက်တွေ အကုန်ထည့်
delete ခလုတ်ကို နာနာဖိပစ်လိုက်တယ်

ဆက်တိုက်ဆက်တိုက် .................................

တတိယ
မင်းဓါတ်ပုံကို Desktop ပေါ်တင်
အမြဲတွေ့ရအောင်ပေါ့ .........................
ပြီးသွားတဲ့အခါ စိတ်ထဲ ခဏတာ ပေါ့ပါးသွားသယောင် ဟက်ခနဲနေအောင် ရယ်လိုက်ပါတယ်

Friday, August 28, 2009

ကံကောင်းခြင်း



မှောင်မိုက်လွန်းတဲ့ ညတွေထ
ကြယ်လေးတစ်ပွင့်တွေ့တာလည်း
ကိုယ့်အတွက် အလင်းရောင်လေးပါပဲ...

နွေခေါင်ခေါင်လွင်ပြင်ထဲ

သစ်ရိပ်တစ်ပင် တွေ့တာလည်း

ကိုယ့်အတွက်တော့ အေးရိပ်သာပါပဲ...
ကမ်းလမ်းမမြင် ပင်လယ်ပြင်ထဲ
ခြေတစ်ဖက်စာ ကုန်းမြေတွေ့တာလည်း
ကိုယ့်အတွက်တော့ ရပ်တည်ရာပါပဲ...

မသေချာသေးတဲ့ မနက်ဖြန်တွေထဲ

အသက်ရှင်ရတဲ့ ဒီနေ့တိုင်းဟာလည်း

ကိုယ့်အတွက်တော့ မျှော်လင့်ချက်ပါပဲ...

သန်းပေါင်းခြောက်ထောင်ကျော်တဲ့
လူတွေထဲ
ချစ်တဲ့သူမင်းကို
ပိုင်ဆိုင်ခွင့်ရတာလည်း
ကိုယ်ဟာကံအကောင်းဆုံး လူသားပါပဲ...။ ။

လက်တွဲမဖြုတ်ကြေး


မိုင်ထောင်ချီဝေးနေလို့
လွမ်းရတယ် ချစ်သူရယ်

အနေဝေးတာ အတိုင်းအတာတစ်ခုမို့

တို့နှစ်ဦးသာ ချစ်နေကြရင်

တည်နေရာ ဘယ်လောက်ဝေးဝေး

နှလုံးသားချင်းက နီးနီးလေး...

ခွဲရတာ ရက်ရှည်ညောင်းလို့

ဆွေးရတယ် ချစ်သူရယ်

နှစ် လ ရာသီ သတ်မှတ်ချက်မို့

တို့နှစ်ဦးသာ သစ္စာရှိရင်
ရာသီစက်ဝန်း ဘယ်လိုပြေးပြေး

အချိန်ဆိုတာ ခဏလေး...

တစ်ယောက်တစ်မြေ
အနေကြာလို့
စိတ်မချတယ်
ချစ်သူရယ်

နီးစပ်မှုဆိုတာ
အတွေ့အကြုံတစ်ခုမို့

တို့နှစ်ဦးသာ ယုံကြည်ကြရင
ကြားလေတွေ ဘယ်လောက်သွေးသွေး
တွဲသောလက်တွေ မဖြုတ်ကြေး...။ ။

နေရာလေးတစ်ခု


ချစ်သူရေ
ဘယ်လိုဘဲ ဖြစ်ဖြစ်
သတိမရဘူး ဆိုရင်တောင်
မင်းမက်မဲ့ အိမ်မက်မှာ
တနေရာတော့
ကို့အတွက် ချန်ထားပေးပါ

မိနစ်စက္ကန့် နာရီ
လက်တံလေတွေ
ရွှေ့နေတာနဲ့အမျှ
တနေ့မှ မေ့လို့
မရတာ ကိုယ်ပါ.....။

အိပ်မပျော်တဲ့ည


နေ၀င်ပြီး
မိုးချုပ်နေပြီးပေါ့.

အဲ့ဒီအချိန်မှာ
ငါ့အိပ်ပျော်ဖို့
ကြိုးစားနေတယ်

ဒါပေမယ့်
အချည်းအနီးပါ…

ငါ့မျက်လုံးတွေက
တပြင်လုံးစပ်ကုန်နေပြီးလေ။
ငါ့ဘာလိုလုပ်ရမှာလဲ။
ကြိုးစားပြီး
အိပ်လိုက်ပါလို့
ငါ့စိတ်တွေက
ပြောနေသော်ညားလည်း
တကယ်တော့
ငါ့မျက်လုံးတွေ ၀ိုးတ၀ါးနဲ့

ဟိုအတိတ်က ဇာတ်ကြောင်းတွေက
ထင်ဟပ်ပေါ်လာပြန်တယ်လေ။
အခန်းနံရံတွေကလည်း
တိတ်ဆိတ်နေပြီး
ငါ့ကိုများ
ခြောက်လှန့်နေသလို
ငါ့ခံစားရပြန်တယ်။

အို… ငါ့စိတ်ထင်တာပါလေလို့

စိတ်ကိုပြန်ဖြေလိုက်တယ်။
ဟိုအပြင်ဘက်ခြမ်းမှာလည်း

ပြတင်းပေါက်ကိုကျော်ပြီး

ကြည့်လိုက်ပါက
မှောင်မည်းနေတာကို

ငါ့မြင်ရတယ်။
အို..မိုးရေမြန်မြန်မချုပ်ပါသေးနဲဦးလား
ငါ့ဒီနေ့မှာ
ဘာကြောင့်အိပ်မပျော်ရတာလဲ။

လေပြေလေးတွက
တိုက်ခိုက်လိုက်တဲ့အချိန်မှာ
ငါ့စိတ်တွေက ဟိုအဝေးတနေရာ

လေနှင့်အတူလွင့်ပါသွားသလိုပါလား။
(အိပ်မပျော်တဲ့ညမှာ ကြုံတွေ့ရသမျှ လျှောက်ရေးမိပါသည်။)

ဆုံနိုင်ခွင့်


တစ်မြေစီခြားနေတဲ့ ဘ၀နှစ်ခုမှာ
မသေချာတဲ့မနက်ဖန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ချင်းမီးအိမ်လေးထွန်းလို့
ငါရှာမိတယ်..
ငါ့ရဲ့မိတ်ဆွေ အလွမ်းကတော့
ငါ့အနားမှာ အချိန်တိုင်းရှိနေတယ်
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်
ငါ့ရဲ့အိပ်စက်ခြင်းတွေ
သူဖျက်ဆီးလို့
အိပ်ပျက်ညတွေကို ဖန်တီးတယ်
တရေးတစ်မှိတ်အိပ်ပျော်ခဲ့ချိန်မှာတောင်
တမ်းတခြင်းတွေကြောင့်
အိပ်မက်ထဲထိရောက်လာတယ်
ဖျက်ခနဲ လန့်နိုးမိတော့ ဆုတောင်းမိတယ်
ဘာရယ်တော့မဟုတ်ပါဘူး……….
*ဆုံနိုင်ခွင့်လေး ရပါစေ*

Wednesday, August 26, 2009

အေးစက်စက်မီးလျှံ


Tuesday, August 25, 2009

ယုံကြည်ပါ ----- ကောင်မလေးရယ်


ချစ်ခြင်းသက်သက်နဲ့
အလွမ်းတွေ ဖြစ်တည်ရတော့မယ်

ကြိုတင်မမြင်နိုင်တဲ့
ဘ၀တိုက်ပွဲတွေအောက်မှာပေါ့ . . .

ရွက်ကုန်ဖွင့်ပြီး လွှင့်နေခဲ့တဲ့
ငါ့ချစ်ခြင်းတွေနဲ့ ချစ်သူလေး
အေးချမ်းပါစေတော့….

အနှောင်အဖွဲ့တွေမရှိတဲ့

ငါတို့ ပတ်သက်မှုတွေ

ကျေနပ်စရာကောင်းလောက်အောင်
ချိုမြိန်တယ် ဆိုတာ
လက်ခံရဲ့လား………
နောင်တမရှိနိုင်တဲ့

ငါတို့ ပတ်သက်မှုတွေဟာ

အကန့်အသတ်မရှိ ဖြစ်တည်နေမယ် ဆိုတာ

လက်ခံရဲ့လား……..
ချစ်သူ
ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်အောင်
ငါတို့ လွမ်းနေကြမယ် ယုံပါ . .
လှည့်ကြည့်ဖို့မလိုအောင်
ရိုကျိုးခဲ့တဲ့ ငါ့နှလုံးသားနဲ့

တရှိန်ထိုးစီးနေတဲ့ ငါ့အချစ်တွေ

မင်းဆီမှာ ထားရစ်ခဲ့မှာပါ . . . .

ယုံပါ . . .

ဆွံ့အနေတဲ့ ငါ့အလွမ်းတွေလည်း
ခြားနေတဲ့ မိုင်တိုင်တွေကြားမှာ
အဆီိးအတားမှ မရှိပါဘဲ
ပျံ့လွင့်နေမှာပါ . . . .
ယုံပါ . . .

အသက်မဲ့နေတဲ့ ရင်ဘတ်တစ်ခြမ်းနဲ့

မခုန်တတ်တော့မဲ့ ရင်ခုန်သံတွေလည်း

ညပေါင်းများစွာ စိတ်ကူးတွေထဲ

မင်းနဲ့အတူ အိပ်စက်ကြမှာပါ . . .

ယုံပါ . . .

အိပ်စက်ရမဲ့ ညရက်ရှည်တွေ

သတိရတိုင်း တမ်းတစိတ်နဲ့
မင်းအနမ်းလေး လွမ်းရင်း . .

မင်းပုံရိပ်လေး မှန်းဆရင်း . .
မင်းရနံ့လေး မျှော်လင့်ရင်း . .
မင်းအသံလေး တောင့်တရင်း . .

ငါ ဖြတ်သန်းသွားမယ် ချစ်သူရယ်...........

Friday, August 14, 2009

နင်မယူသွားလဲ ငါအားလုံးပေးခဲ့တယ်


မေ့ပစ်ထားတဲ့ အကြောင်းအရာတွေအများကြီးထဲ
မေ့ပစ်လို့မရတာ တစ်ခုတည်းနဲ့ပဲ
ငါ့ညတာတွေ ရှည်ခဲ့ရ အခါခါ
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

အမှတ်မထင် ဆုံမိတဲ့ အကြည့်ကအစ
ကြုံကြိုက်လို့ ရလိုက်တဲ့ ရယ်သံတွေအဆုံး
ငါ ခေါင်းအုံးအိပ်ခဲ့တာလည်း အခါခါ
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

ငါ့ကိုယ်ငါ မေ့လျော့နေတဲ့ ဟိုးအိပ်မက်ထဲအထိ
ရင်ခုန်သံ တငြိမ့်ငြိမ့်က ရောက်တယ်
အဲဒါ ငါရသမျှ ချိုမြခြင်းလား
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

ချစ်တယ် ဆိုတဲ့ အရိပ်တွေ
လွမ်းတယ် ဆိုတဲ့ အရောင်တွေနဲ့
မနေ့ကအတိုင်း မနက်ဖြန်တွေပဲ ပိုင်ဆိုင်နေပါရစေတော့
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ ။ ။

ဝေးကြဘီ


ကြွေပြီးသစ်ရွက်
ပြန်ဆက်လို့ ရကောင်းလား...
လှပတဲ့ အိပ်မက်
ပြန်အိပ်စက်လို့ ရကောင်းလား...။
အတိတ်ဆိုတာ
အရိပ်ပမာ ရှိပေမယ့်
မေ့ပစ်နိုင်သူ အတွက်တော့
ပြက္ခဒိန်ဟောင်း တစ်ခုလောက်
အသုံးမဝင်တော့ပါဘူး...။
အဆောင်အယောင်တွေကြား
အသိုင်းအဝိုင်းရဲ့ကြား
မာနတွေကြားမှာ
အချစ်ရဲ့ချိုမြိန်ခြင်းများ
အေးစက်ခါးသီးသွားပြန်တယ်...။
နှလုံးသားရဲ့နက်ရှိုင်းခြင်း
အချိန်ရဲ့ပြောင်းလဲခြင်း
ဆုံးရှုံးမှုအတွက် အစားထိုးခြင်း
ကုစားခြင်း အတတ်ပညာ
ဘယ်သူများ စွမ်းနိုင်မှာလဲ...။
ခုတော့...
ဆုံးစည်းခြင်းဆိုတာ...
ကြွေပြီးသစ်ရွက်...
လှပတဲ့အိပ်မက်...
ရေစက်ရှိသလောက်ပါပဲလေ...။ ။

ငါဘ၀ကို သတ်တဲ့ငါ


မျှော်လင့်ချက်ဆိုတာက...ခပ်ပါးပါးပဲ၇ှိတော့ပေမဲ့

ငါကတော့..ချောက်ကမ်းပါးအစွန်းမှာ..ပေပြီးရပ်နေတုန်းပဲ...။

အားပေးခြင်းဆိုတာလဲ...ငါနဲ့မဆိုင်သလိုမို့...

ငါ့ကိုယ်ငါပဲပြန်မြှင့်တင်နေ၇စဲပါ...........။

အိပ်မက်မက်တယ်ဆိုတာလဲ.......ပျော်တစ်ဝက်နိုးဝက်နိုးတစ်ဝက်

ငါ့၇ဲ့အိပ်စက်ခြင်းမှာ.နေ၇ာမ၇ခဲ့ပါဘူး.....။

အင်း............

ငါက သက္ကရာဇ်ဟောင်းတစ်ခုထဲမှာပိတ်မိနေတဲ့

ရာဖ၀င်ထဲကလူသားတစ်ဦးပါ...။

ငါက မ၇နိုင်တာကိုလိုချင်တယ်......

လွတ်လပ်ခွင့်မဲ့တဲ့ သီအိုရီတွေနဲ့

လုပ်ချင်တာလုပ်ဖို့ ဇွတ်ကြိုးစားတယ်.........။

ငါ့၇ဲ့ဖြူစင်ခဲ့ဖူးတဲ့စိတ်ဓာတ်တွေကို

ငါ့ဖာသာပဲနင်းချေတယ်....။

ငါ့၇ဲ့ဝီ၇ိယနဲ့ ကြိုးစားမှုတွေကို

ငါ့ဖာသာပဲ၇ုပ်သိမ်းတယ်.........။

ငါကငါ့ကိုယ်ငါသတ်နေတဲ့လူမိုက်တစ်ဦးလဲဖြစ်တယ်...။

ငါက................တကယ်တော့

ပက်ပက်စက်စက်ဝေဖန်ခံထိုက်သူပါ............။

မသိစိတ်


အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုပေမယ့်
နင့်အနားမှာရှိချင်သေးတယ်။
နားလည်မှုတစ်စုံတစ်ရာမရှိတဲ့ဇာတ်လမ်း
လမ်းခွဲဖို့အထိမရည်မှန်းခဲ့ပေမယ့်
အခုတော့လည်း.......
မဖြစ်နိုင်တော့ဘူးတဲ့လေ။
တစ်ချက်တစ်ချက်
နင့်အကြောင်းတွေကြားလိုက်တိုင်း
အမှတ်တမဲ့မဟုတ်တဲ့ရင်ခုန်သံတွေက
ဒီနေ့ထိ....
လတ်ဆတ်နေတုန်းပဲ။
ဘာပဲဖြစ်ဖြစ်
နင်တခြားတစ်ယောက်နဲ့ပျော်နေရင်တောင်
မသိစိတ်ကမျှော်နေဦးမှာပါချစ်သူရယ်။