Friday, August 14, 2009

ဝေးကြဘီ


ကြွေပြီးသစ်ရွက်
ပြန်ဆက်လို့ ရကောင်းလား...
လှပတဲ့ အိပ်မက်
ပြန်အိပ်စက်လို့ ရကောင်းလား...။
အတိတ်ဆိုတာ
အရိပ်ပမာ ရှိပေမယ့်
မေ့ပစ်နိုင်သူ အတွက်တော့
ပြက္ခဒိန်ဟောင်း တစ်ခုလောက်
အသုံးမဝင်တော့ပါဘူး...။
အဆောင်အယောင်တွေကြား
အသိုင်းအဝိုင်းရဲ့ကြား
မာနတွေကြားမှာ
အချစ်ရဲ့ချိုမြိန်ခြင်းများ
အေးစက်ခါးသီးသွားပြန်တယ်...။
နှလုံးသားရဲ့နက်ရှိုင်းခြင်း
အချိန်ရဲ့ပြောင်းလဲခြင်း
ဆုံးရှုံးမှုအတွက် အစားထိုးခြင်း
ကုစားခြင်း အတတ်ပညာ
ဘယ်သူများ စွမ်းနိုင်မှာလဲ...။
ခုတော့...
ဆုံးစည်းခြင်းဆိုတာ...
ကြွေပြီးသစ်ရွက်...
လှပတဲ့အိပ်မက်...
ရေစက်ရှိသလောက်ပါပဲလေ...။ ။

No comments: