Friday, August 14, 2009

နင်မယူသွားလဲ ငါအားလုံးပေးခဲ့တယ်


မေ့ပစ်ထားတဲ့ အကြောင်းအရာတွေအများကြီးထဲ
မေ့ပစ်လို့မရတာ တစ်ခုတည်းနဲ့ပဲ
ငါ့ညတာတွေ ရှည်ခဲ့ရ အခါခါ
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

အမှတ်မထင် ဆုံမိတဲ့ အကြည့်ကအစ
ကြုံကြိုက်လို့ ရလိုက်တဲ့ ရယ်သံတွေအဆုံး
ငါ ခေါင်းအုံးအိပ်ခဲ့တာလည်း အခါခါ
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

ငါ့ကိုယ်ငါ မေ့လျော့နေတဲ့ ဟိုးအိပ်မက်ထဲအထိ
ရင်ခုန်သံ တငြိမ့်ငြိမ့်က ရောက်တယ်
အဲဒါ ငါရသမျှ ချိုမြခြင်းလား
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ

ချစ်တယ် ဆိုတဲ့ အရိပ်တွေ
လွမ်းတယ် ဆိုတဲ့ အရောင်တွေနဲ့
မနေ့ကအတိုင်း မနက်ဖြန်တွေပဲ ပိုင်ဆိုင်နေပါရစေတော့
နင် ဘာမှ ယူမသွားလည်း
ငါ အားလုံး ပေးလိုက်ရတာတော့ တကယ်ပါ ။ ။

No comments: