Wednesday, December 23, 2009

နှလုံးသားပိုင်ရှင်သို့


ချစ်သူရယ်
ချစ်နေမိတဲ့  နှလုံးသားက
မုသားမပါဘဲ ရိုးသားစွာ
"ချစ်တယ်" ပြောတာ
အပြစ်လား.................?
လွမ်းတတ်တဲ့  ကိုယ့် မျက်ဝန်းလေးတွေက
မင်းအပြုံးလေးတွေကို မြင်ယောင်ရင်း
မုသားကင်းစွာ လွမ်းမိတာ
အပြစ်လား.................?
မင်းအပြုံးလေး ကိုယ့် မျက်ဝန်းထဲ
ရောက်လာတဲ့  အချိန်တိုင်း
ကိုယ့်ရင်ခုန်နုန်းတွေ မြန်လာတာ
မင်း နှလုံးသားလေး ကြားခဲ့ ရင်
နှလုံးသားပိုင်ရှင်ရဲ့  နှုတ်ခမ်းလေးတွေကို
ပြောခိုင်းပေးပါ
"ချစ်တယ်" လို့ ............

Saturday, December 19, 2009

မင်းတစ်ယောက်သာ

ချစ်သူရေ
ချိုသာတဲ့ မင်းအသံ
တောက်ပတဲ့မျက်ဝန်း
တစုံရဲ့အောက်မှာ
ငါဟာကျရူံးခဲ့ပြီလေ......

ချစ်သူရေ
ကောင်ကင်ကတိမ်တွေ
ပြောလွှာနေတာကိုကြည့်ရင်း
စိတ်ကူးယဉ်ခဲ့တဲ့နေတွေမှာ
မင်းအကြောင်းတွေပါဘဲ

ကြယ်တွေစုံတဲ့ညမှာ
မင်းကြောင်းတွေးနေတာ
ဝေးနေတဲ့ညတွေးတိုင်ပါ
ချစ်နေတဲ့အချစ်ဟာ
လွမ်းနေတဲ့ ညတွေမှာ
ငါတယောက်ထဲပါ ချစ်သူ......။


အွန်လိုင်းချစ်သူ


ငါ.....
မျှော်နေတတ်ပြီ...
သူလာနေကျလမ်း....
မီးစိမ်းလည်းလင်းလို့.....
ဘယ်သူမှလည်းမသိ...
နှစ်ယောက်တည်းရှိတဲ့ account
အချိန်တွေတိုင်းမျှော်နေတတ်ပြီ...
online ကချစ်သူရယ်.......

ရေမြေတွေခြားလည်း...
အချိန်တွေကွါဟလည်း...
ရင်ခုန်သံထပ်တူညီလို့...
ကါထားတဲ့အတားအဆီး...
ယုံကြည်စွာနီးစပ်စို့ရဲ့
ဆုံနိုင်မယ့်နေ့ရက်တွေရယ်...
၂၀၁၀၊ ဖေဖော်ဝါရီ(၁၄) ....
ပျော်ဝင်စွာ ....
နင်ရယ်ငါ စီးဆင်းစို့....... 


(အွန်လိုင်းမှာ ချစ်သူထားသူများအတွက် အမှတ်တရ)

Monday, December 14, 2009

အက်ကြောင်းထပ်ဘဝ


တနေ့တာတော့ကုန်ပြန်ပြီ
နေ၀င်နေထွက်
အချိန်တွေကုန်တာမြန်လာပြီ
သမာရိုးကျဘ၀ကြီးထဲမှာ
ငါပြုံးရအုံးမယ်(မပြုံးချင်ပဲ)
ငါငိုရအုံးမယ်(မငိုချင်ပဲ)
မနက်ဖြန်အတွက်
စိတ်ဓာတ်ကျနေပေမဲ့လဲ
မနက်ဖြန်ငါအသက်ဆက်ရအုံးမယ်
ပျော်ရွှင်ခြင်းတွေကို
ထိန်းသိမ်းထားချင်လဲ
အတိတ်တွေကိုငါထားခဲ့ရအုံးမယ်
ဘယ်သူမှတာဝန်တွေမပေးခဲ့လဲ
လောကကြီးအတွက်
ငါဝတ္တရားကျေအောင်
ငါထမ်းဆောင်ရအုံးမယ်
ငါအိပ်စက်ချိန်မှာ
ကမ္ထာကြီးမရပ်တန့်သွားသလို
ငါနိုးထချိန်မှာ
ကမ္ထာကြီးအေးချမ်းသာယာပါစေ….

(အကီနိုဘလော့မှ ကူးယူဖော်ပြပါသည်။)

ဝေးရမှာစိုး

တစ်ချိန်ကနေ့လေး
အစဉ်ထာဝရ သတိရ
မတွေ့အားပေမဲ့
ရွေ့လျားနေတဲ့အချိန်တိုင်းမှာ
ကို့ အပြုံးကိုမှန်းဆ
သဲလေးလွမ်းခဲ့ရပါတယ်
ဒါပေမဲ့...........
ကို ရောလွမ်းနေမလားလို့
သက်ပြင်းကိုအခါအခါချ
မှန်းဆမိတယ်ချစ်သူရယ်
တစ်ခါတစ်လေ.....
ကို နဲ့ဝေးရမှာလားဆိုတဲ့
အတွေးတွေကစိုးမိုးလာတော့
အသက်ဆက်လက်ရှင်သန်ဖို့တောင်
မလွယ်တဲ့အဖြစ်တွေနဲ့
စိတ်ညစ်မိတယ် ကိုရယ်
သို့ပေမဲ့လည်း...............
စိတ်အားကိုဖြေအားတင်းမိတယ်
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ  ကိုရယ်

(ချစ်သူပေးသော ကဗျာလေး)

Friday, December 11, 2009

ဘယ်မှာလဲ ချစ်သူ

' ည '' နေ ခြစ်ခြစ်တောက်ပူတဲ့ ည...ဒီညမှာ ဗီဇာ ( visa ) မပါဘဲ တိမ်တွေကို စီးလို့ ခရီး တစ်ခုဆီ ဦးတည်ထွက်ခဲ့တယ်....''လွမ်းလိုက်တာ ချစ်သူရယ် ''..မင်း ရှိမဲ့ အရပ်ဆီ ငါ လာနေပြီလေ...ကောင်းကင်တစ်ခုလုံးလဲ နင့် ဆီ ငါ လာဖူးခဲ့တဲ့ ခြေရာတွေက အများသား..စာနာမှု့ မဲ့တဲ့ လေကြမ်းတွေက နင့်ဆီ ငါ မရောက်နိုင်အောင် တားဆီးနေကြလေရဲ့ ...နင့် အတွက် အကောင်းဆုံးသော အချစ်တွေကို ငါ့ လက်အစုံနဲ သယ်ဆောင်ခဲ့ပြီ... နင် ကမ်းလင့်လို့ ကြိုတော့နော်..

တကယ်ပါ ချစ်သူရယ်..နင် နဲ မတွေ့ဖြစ်တဲ့ ရက်တွေဟာ ငါ့အတွက်တော့ ငရဲ တစ်ခုကို ကျနေသလို ရင်ထဲမှာ ဆယ်နေ ဆယ်နွေ မက ပူပြင်းလွန်းခဲ့ပါတယ်..ဆုံရမယ်ဆိုတဲ့ မျှော်လင့်မှု့ လေးနဲ ငါ့ မနက်ဖြန်တွေကို ကျားကန်ထားခဲ့ရတာ နင် သိစေချင်ပေမဲ့ နင့် မျက်နှာပေါ်က အပြုံးတွေ ငါ့ ကြောင့် မလွင့်ပြယ်စေချင်ပါဘူး..ဒါကြောင့်လဲ နင် သိအောင် ငါ ဖွင့်မပြောပြခဲ့တာပေါ့..အခုတော့ ဒီသောက အပူတွေကို ချန်ရစ်ပြီး မင်း ရင်ခွင် ဆီ ငါ လှမ်းလာနေပြီလေ..ချစ်သူရဲ့  ရင်ငွေ့မှာ ခိုလှုံရင်း ငါ့ နှလုံးသားကို ရှင်သန်ခွင့်ပေးပါနော်..ငါ့ နှလုံးသားကလဲ မင်း ကို တမ်းတမ်းတတ တောင်းတနေကျလေရဲ့ ...

နင့် အတွက်ဆို ငါ ဟာ အမြဲတမ်း အပေါင်း အနုတ် အမြောက် အစား တွေနဲ တွက်ချက်ခံခဲ့ရဖူးပေမဲ့ ငါ့ အတွက်တော့ နင် ဟာ တန်ဘိုး အကြီးဆုံး ကိန်းဂဏန်း တစ်ခုပါ ချစ်သူရယ်...''လူတိုင်းချို့ ယွင်းချက်ရှိတယ် ''ဆိုရင်တောင်မှ နင့် မှာ ရှိမဲ့ ချို့ ယွင်းချက်တွေအားလုံး ငါ့ရဲ့  ချစ်ခြင်းတွေနဲ ဖုံးသွားမှာပါ..နင် ပြုံးတိုင်း ငါ ရှုံးခဲ့သလို နင် မုန်းတိုင်းလည်း ငါ့ ဘ၀ ဆိတ်သုန်းခဲ့ရပါတယ်... နင် ပြောဖူးတဲ့ စကားတွေ ပြန်ကြားမိတိုင်း ငါ့ စိတ်ကို မတရား ထိန်းချုပ်ထားရတယ်..နင့် ကို တွေ့ချင်လာတဲ့ စိတ်က ငါကို နှိပ်စက်ကြပြန်ရော..တကယ်ပါ ချစ်သူရယ်...ငါ့ ဘ၀ရဲ့ ကာရံတွေကို နင် သီခဲ့တယ်..ငါ့ ဘ၀ရဲ့  အရောင်တွေကို နင် ခြယ်ခဲ့တယ်..ငါ့ ဘ၀ရဲ့  မနက်ဖြန်တွေကို လဲ နင်ဘဲ ပိုင်စိုးထားတာပေါ့..ငါ့ ဘ၀ရဲ့  စာမျက်နှာတိုင်းမှာလဲ နင် ရှိနေလိမ့်အုန်းမယ်ဆိုတာ အိပ်ရေးပျက်ခဲ့တဲ့ ငါ့ ညတွေက သက်သေပေါ့..ဒါပေမဲ့ နင် ယုံအောင် ငါ ပြောမပြတတ်ခဲ့ဘူးလေ..ဒါကြောင့်လဲ သံသယ ဆိုတဲ့အရာက နင် နဲ ငါ ကြားကို ရောက်လာခဲ့တာပေါ့...တို့ရင်တွေ လစ်ဟာနေသမျှ သံသယဆိုတာ ၀င်လာနေအုန်းမယ်ဆိုရင် တို့နှစ်ယောက် ရင်ကို အပ်လိုက်ကျရအောင်လား...နင့် အကြောင်းတွေ တွေးပြီး ရှင်သန်နေရတဲ့ ငါ့ ဘ၀မှာ နင် ဟာ ငါ့အတွက် အောက်ဆီဂျင် (0xygen) လေးလို့ ငါ ပြောရင် ဟိုတုန်းကလိုဘဲ ကောင်းကင်ကြီးကို မော့ကြည့်လို့ နင်ရယ်နေအုန်းမှာလား...ဒီလို တွေးမိတိုင်းလဲ ငါဟာ လူဖြစ်ရကျိုး နပ်သလိုးမျိုး ခံစားရတယ်သိလား...ငါ အခု အစိမ်းရောင် ပင်လယ် တစ်ခုကို ကျော်လွန်ပြီး နင် ရှိတဲ့ အရပ်ကို ရောက်နေပြီလေ...နင့်ကို တွေ့နိုင်မဲ့နေရာ မှန်သမျှ ငါ လိုက်ရှာနေတယ်...နင် ဘယ်မှာလဲ။။။ နင် ဘယ်မှာလဲ ချစ်သူရယ်....ငါ့ စိတ်တွေ ပြိုယိုင်လဲ တော့မယ်...ငါ့ အာရုံတွေ မှုန်ဝါးလာပြီ..ငါ့ ခေါ်သံတွေ နင် ကြားတယ် ဆိုရင် ငါ ကြားတယ် ဆိုရုံလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ပြန်ထူးပေးပါနော်...ငါ့ မျက်ဝန်းက ကျလာမဲ့ မျက်ရည်ပူတွေကို နင် မြင်ချင်လို့များ ပုန်းရှောင်နေတာလား ချစ်သူရယ်...ငါ့ မျက်ရည်တွေက နင့် ဘ၀ကို အေးမြနိုင်တယ်လား....ဒါဆိုရင်တော့ နင့် အတွက် ငါ အမြဲ ငိုနေပေး ယုံပေါ့..... ငါ့ မျှော်လင့် ချက်တွေကို တော့ ဘာအတွက်နဲမှ မဖြိုချလိုက်ပါရစေနဲနော်..အရှေ့ဘက်မှာ နင် မရှိသလို အနောက်ဘက်မှာလည်း နင့် ကို မတွေ့ဘူး... ဒါဆို နင်က ဘယ်မှာလဲ ? နင် ဘယ်မှာလဲ ...နင် ဘယ် မှာ လည်း ချစ် သူ ရယ်....



Sunday, December 6, 2009

ရင်ကိုဖွင့်တဲ့သော့တံလေး


ကျွန်တော့်ဆီက..သတိရခြင်းတွေ
တောင်ပံတပ်ပြီးကောင်းကင်အနှံ့လွှတ်တင်လိုက်တဲ့အခါ
သူမ...ဖမ်းယူထွေးပိုက်နိုင်ပါ့မလား
ကျွန်တော့ရဲ့လွမ်းဆွတ်မှုတွေကို
လေညှင်းလေးတွေနဲ့အတူအမှာတော်ပါးလိုက်တဲ့အခါ
သူမ....ဆီရောက်ပါမလား
ကျွန်တော့်နှလုံးရဲ့ဗဟိုမှာ
သူမ......အတွက်ဖြစ်နေခဲ့တယ်
ရင်ခုန်သံစစ်တွေနဲ့.....
ကျွန်တော်မြတ်နိုးခဲ့တဲ့သူမပေါ့....
မယုံလို့ပုံပြင်လို့ထင်ရင်လဲ
မင်းကိုယ်တိုင်သာမြင်အောင်
ဖွင့်ကြည့်လိုက်ပါတော့
သူမအတွက်ပေးတဲ့ကျွန်တော့်အချစ်တွေက
ရင်..ကို..ဖွင့်..တဲ့..သော့လေး...ပါ......

ခင်မင်ရသော ညီမလေးအတွက်


တံတိုင်းကြီးတစ်ခု
ငါလည်း မမြင်ရပါဘူး။
သူမလည်း မမြင်ရပါဘူး။
စိတ်ချင်းသာသိတဲ့ ဒီတံတိုင်း
သူမလည်း ဖောက်မထွက်ဘူး
ငါလည်း ဖောက်မထွက်ခဲ့ဘူး။
စိတ်ချင်းသာ သိတတ်ခဲ့ကျ
ဒီလို့နဲ.......
တစ်နေ့ပြီူး တစ်ည
ကုန်ဆုံးလာခဲ့ပေါ့။
အမြဲတမ်းခိုင်မြဲမဲ့သစ္စာတရားနဲ့
စည်းတစ်ဖက်ခြားတံတိုင်းတစ်ခု
ဘယ်တော့မှ
အိုဟောင်းမှာမှ မဟုတ်တာ။
ဘယ်သူမကျော်ဖြတ်ပဲ
သူမနဲ့ ကျန်တော်
တံတိုင်းတစ်ခုကို
သူအလိုအတိုင်းသာ
ထားရစ်ခဲံ့ကြတယ်။



ငါ့ပတ်ဝန်းကျင်ကို စိတ်ပျက်ခြင်း




ငါ့ဘက်မှာဘယ်သူမှမရှိတော့ဘူး
ငါပြောတာတွေအကုန်အမှား
ငါလုပ်သမျှအကုန်အဆိုးတဲ့
ကောင်းတာမှန်တာမရှိတော့ဘူးလား
ဘယ်သူတွေဘာပြောပြော
ငါတစ်ယောက်တည်းဆက်သွားမယ်
ယုံကြည်ချက်နဲ့ခရီးဆက်မယ်
လူငယ်တစ်ယောက်ရဲ့မာနတွေကို
သုံးစားမရအောင်
ရိုက်ချိုးဖျက်ဆီးနေတဲ့ပတ်ဝန်းကျင်က
ငါရုန်းထွက်ပြမယ်
ငါဖြစ်ချင်တာတွေဖြစ်လာတဲ့တစ်နေ့
ငါ့ရည်မှန်းချက်တွေအောင်မြင်တဲ့တစ်နေ့
ငါ့ကိုမယုံတဲ့သူတွေ
ငါ့ကိုအထင်မကြီးတဲ့သူတွေ
အားလုံးငါ့ရှေ့မှာဦးညွှတ်အရှုံးပေးစေရမယ်......................

Friday, December 4, 2009

လှောင်နေလိုက်တော့ချစ်သူရေ......

မစွဲလန်းချင်ဘဲ..စွဲလန်းခဲ့ရတဲ့အဖြစ်

အချစ်လားလို့ ငါမစဉ်းစားချင်ဘူး
တမင်လုပ်နေမှန်း သိနေလျက်နဲ့ 
မတော်တဆ ဖြစ်မှာပါလို့ 
မဖြေသိမ့်ချင်ဘူး
တကယ်တော့
ငါက မင်းရဲ့ပိရိတဲ့မင်းထောင်ချောက်တွေထဲမှာ
မလှမပ ကျဆုံးခဲ့သူပေါ့
မင်းရည်ရွယ်ချက် ငါမသိရပေမယ့်
မင်းနဲ့ဆုံဆည်းခဲ့တဲ့အချိန်တွေကို ငါ တန်ဖိုးထားတယ်
ငါကမင်းကိုမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားချင်ခဲ့တာ..
ငါ့အတ္တတွေ ကြောင့်ငါမှားသွားခဲ့တယ်ချစ်သူ..
ငါ့အမှားတွေ ကိုသိရက်နဲ့ 
လိုက်မှားချင်းတဲ့မင်းကိုနားမလည်ဘူး
မင်းနဲ့ ပတ်သက်တဲ့ခံစားမှုတိုင်းမှာ
မင်းကိုပြောခဲ့သမျှစကားတွေ တိုင်းမှာ
ငါ ....မာယာတွေ ကင်းခဲ့ပါတယ်
င့ါ စကားတွေ မင်းမယုံလို့ 
မင်း အပေါ် ငါသံသယတွေ ရှိနေခဲ့တာ
သဘာဝကျပါတယ်
နောက်လှည့်မကြည့်တတ်တဲငါ
ခဏခဏ နောက်လှည့်ကြည့်မိတာ
ဘာအတွက်လဲ...မစဉ်းစားချင်ဘူး..............
မကျေနပ်ပေမယ့် သေမတတ်ရူးသွပ်ခဲ့တာ
ငါဝန်မခံချင်ဘူး....
ဒါပေမယ့် မင်းသိနေတော့
လှောင်နေလိုက်တော့ချစ်သူရေ........

ကောင်မလေးထံသို့ ------------


မင်းအတွက် အသက်ရှင်နေခြင်း မဟုတ်ပေမယ့်
မင်းနဲ့ဝေးနေတဲ့အချိန်တွေမှာ ငါ အသက်ရှူမ၀ဘူးချစ်သူ
ငါလက်ခံထားတဲ့ အမှန်တရားက
လောကကြီးနဲ့ ဆန့်ကျင်နေရင်တောင်
မင်းနဲ့တော့ထပ်တူကျနေတယ်
မင်းမရှိလည်းဖြစ်ပေမယ့်
ပုံမှန်တော့ မဟုတ်တာ သေချာတယ်
ငါဘ၀မှာ မင်းက အချစ်ဆုံး မို့
နောက်ထပ်မရှိနိုင်တော့တာ ငါကတိစကားပါ
ငါ့မနက်ဖြန်
ငါ့အနာဂတ်
ငါ့ဘ၀ ထဲမှာမင်းကိုရှိနေစေချင်တာ
ငါ့အချစ် မဟုတ်ရင်
ဒီဘ၀မှာ ငါအထီးကျန်မှာ သေချာသွားပြီ
ငါချစ်သလောက် မင်းပြန်မချစ်ရင်တောင်
မင်း အမြဲသတိရတတ်တဲ့ငါတော့ ဖြစ်ပါရစေ
ငါချစ်တဲ့မင်းကို
ငါချစ်သလောက်ဖွင့်မပြောပြတတ်တာကိုဘဲ ဒေါသထွက်မိပါတယ်
(လမင်းလေးဘလော့မှ ကူးယူဖော်ပြပါသည်။)

ယနေ့အချစ်များ


ခပ်ညံ့ညံ့ကော်ဖီတစ်ခွက်နဲ့
အပေါစားသီချင်းတစ်ပုဒ်
ဘာမှသုံးစားမရတဲ့ ကဗျာတွေနဲ့
အသုံးမကျတော့တဲ့ ကာရန်တွေ
သူတို့ချင်းတော့ အတွဲကိုညီလို့
အမှတ်မရှိတဲ့နှလုံးသားက
အချစ်စစ်ကို လိုက်ရှာ
များလိုက်တဲ့အချစ်တွေ
ပုံစံအမျိုးမျိုးထုဆစ်ပြီး
လိုသလိုသုံးကြ
အလွမ်းတွေပလူပျံပြီး
မေတ္တာအတုတွေလမ်းသလားနေတုန်းမှာ
သစ္စာတရားကတော့ပျောက်ဆုံးနေဆဲ....................။

Wednesday, December 2, 2009

ချစ်သူဖတ်ရန် ---------------


တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်
ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
တခါတလေ လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်
တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တော်တွေတောင်
တခါတလေ ရန်သူအောက်မှာ ကျဆုံးတတ်တယ်
ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတလေ ထိုးသားအောက်မှာ ကျဆုံးတတ်တယ်
မြွေတွေနဲ့ ယဉ်ပါးပြီးသား အလိမ်ပါယ်ဆရာတွေတောင်
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်
အချစ်ရေးမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ချစ်သူလည်း
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေနဲ့ စကားနဲ့ မကျဆုံးပါစေနဲ့