Monday, December 14, 2009

ဝေးရမှာစိုး

တစ်ချိန်ကနေ့လေး
အစဉ်ထာဝရ သတိရ
မတွေ့အားပေမဲ့
ရွေ့လျားနေတဲ့အချိန်တိုင်းမှာ
ကို့ အပြုံးကိုမှန်းဆ
သဲလေးလွမ်းခဲ့ရပါတယ်
ဒါပေမဲ့...........
ကို ရောလွမ်းနေမလားလို့
သက်ပြင်းကိုအခါအခါချ
မှန်းဆမိတယ်ချစ်သူရယ်
တစ်ခါတစ်လေ.....
ကို နဲ့ဝေးရမှာလားဆိုတဲ့
အတွေးတွေကစိုးမိုးလာတော့
အသက်ဆက်လက်ရှင်သန်ဖို့တောင်
မလွယ်တဲ့အဖြစ်တွေနဲ့
စိတ်ညစ်မိတယ် ကိုရယ်
သို့ပေမဲ့လည်း...............
စိတ်အားကိုဖြေအားတင်းမိတယ်
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ  ကိုရယ်

(ချစ်သူပေးသော ကဗျာလေး)

1 comment:

ကြယ်စင် said...

လာဖတ်ပြီး အားပေးသွားတယ် ကိုကျော်ထွေးအောင်။ ယု ဘလော့မှာလဲ ကဗျာတင်ထားသေးတယ်။