Monday, December 14, 2009

အက်ကြောင်းထပ်ဘဝ


တနေ့တာတော့ကုန်ပြန်ပြီ
နေ၀င်နေထွက်
အချိန်တွေကုန်တာမြန်လာပြီ
သမာရိုးကျဘ၀ကြီးထဲမှာ
ငါပြုံးရအုံးမယ်(မပြုံးချင်ပဲ)
ငါငိုရအုံးမယ်(မငိုချင်ပဲ)
မနက်ဖြန်အတွက်
စိတ်ဓာတ်ကျနေပေမဲ့လဲ
မနက်ဖြန်ငါအသက်ဆက်ရအုံးမယ်
ပျော်ရွှင်ခြင်းတွေကို
ထိန်းသိမ်းထားချင်လဲ
အတိတ်တွေကိုငါထားခဲ့ရအုံးမယ်
ဘယ်သူမှတာဝန်တွေမပေးခဲ့လဲ
လောကကြီးအတွက်
ငါဝတ္တရားကျေအောင်
ငါထမ်းဆောင်ရအုံးမယ်
ငါအိပ်စက်ချိန်မှာ
ကမ္ထာကြီးမရပ်တန့်သွားသလို
ငါနိုးထချိန်မှာ
ကမ္ထာကြီးအေးချမ်းသာယာပါစေ….

(အကီနိုဘလော့မှ ကူးယူဖော်ပြပါသည်။)

No comments: