Friday, December 4, 2009

ယနေ့အချစ်များ


ခပ်ညံ့ညံ့ကော်ဖီတစ်ခွက်နဲ့
အပေါစားသီချင်းတစ်ပုဒ်
ဘာမှသုံးစားမရတဲ့ ကဗျာတွေနဲ့
အသုံးမကျတော့တဲ့ ကာရန်တွေ
သူတို့ချင်းတော့ အတွဲကိုညီလို့
အမှတ်မရှိတဲ့နှလုံးသားက
အချစ်စစ်ကို လိုက်ရှာ
များလိုက်တဲ့အချစ်တွေ
ပုံစံအမျိုးမျိုးထုဆစ်ပြီး
လိုသလိုသုံးကြ
အလွမ်းတွေပလူပျံပြီး
မေတ္တာအတုတွေလမ်းသလားနေတုန်းမှာ
သစ္စာတရားကတော့ပျောက်ဆုံးနေဆဲ....................။

No comments: