Sunday, December 6, 2009

ငါ့ပတ်ဝန်းကျင်ကို စိတ်ပျက်ခြင်း




ငါ့ဘက်မှာဘယ်သူမှမရှိတော့ဘူး
ငါပြောတာတွေအကုန်အမှား
ငါလုပ်သမျှအကုန်အဆိုးတဲ့
ကောင်းတာမှန်တာမရှိတော့ဘူးလား
ဘယ်သူတွေဘာပြောပြော
ငါတစ်ယောက်တည်းဆက်သွားမယ်
ယုံကြည်ချက်နဲ့ခရီးဆက်မယ်
လူငယ်တစ်ယောက်ရဲ့မာနတွေကို
သုံးစားမရအောင်
ရိုက်ချိုးဖျက်ဆီးနေတဲ့ပတ်ဝန်းကျင်က
ငါရုန်းထွက်ပြမယ်
ငါဖြစ်ချင်တာတွေဖြစ်လာတဲ့တစ်နေ့
ငါ့ရည်မှန်းချက်တွေအောင်မြင်တဲ့တစ်နေ့
ငါ့ကိုမယုံတဲ့သူတွေ
ငါ့ကိုအထင်မကြီးတဲ့သူတွေ
အားလုံးငါ့ရှေ့မှာဦးညွှတ်အရှုံးပေးစေရမယ်......................

No comments: