Friday, December 11, 2009

ဘယ်မှာလဲ ချစ်သူ

' ည '' နေ ခြစ်ခြစ်တောက်ပူတဲ့ ည...ဒီညမှာ ဗီဇာ ( visa ) မပါဘဲ တိမ်တွေကို စီးလို့ ခရီး တစ်ခုဆီ ဦးတည်ထွက်ခဲ့တယ်....''လွမ်းလိုက်တာ ချစ်သူရယ် ''..မင်း ရှိမဲ့ အရပ်ဆီ ငါ လာနေပြီလေ...ကောင်းကင်တစ်ခုလုံးလဲ နင့် ဆီ ငါ လာဖူးခဲ့တဲ့ ခြေရာတွေက အများသား..စာနာမှု့ မဲ့တဲ့ လေကြမ်းတွေက နင့်ဆီ ငါ မရောက်နိုင်အောင် တားဆီးနေကြလေရဲ့ ...နင့် အတွက် အကောင်းဆုံးသော အချစ်တွေကို ငါ့ လက်အစုံနဲ သယ်ဆောင်ခဲ့ပြီ... နင် ကမ်းလင့်လို့ ကြိုတော့နော်..

တကယ်ပါ ချစ်သူရယ်..နင် နဲ မတွေ့ဖြစ်တဲ့ ရက်တွေဟာ ငါ့အတွက်တော့ ငရဲ တစ်ခုကို ကျနေသလို ရင်ထဲမှာ ဆယ်နေ ဆယ်နွေ မက ပူပြင်းလွန်းခဲ့ပါတယ်..ဆုံရမယ်ဆိုတဲ့ မျှော်လင့်မှု့ လေးနဲ ငါ့ မနက်ဖြန်တွေကို ကျားကန်ထားခဲ့ရတာ နင် သိစေချင်ပေမဲ့ နင့် မျက်နှာပေါ်က အပြုံးတွေ ငါ့ ကြောင့် မလွင့်ပြယ်စေချင်ပါဘူး..ဒါကြောင့်လဲ နင် သိအောင် ငါ ဖွင့်မပြောပြခဲ့တာပေါ့..အခုတော့ ဒီသောက အပူတွေကို ချန်ရစ်ပြီး မင်း ရင်ခွင် ဆီ ငါ လှမ်းလာနေပြီလေ..ချစ်သူရဲ့  ရင်ငွေ့မှာ ခိုလှုံရင်း ငါ့ နှလုံးသားကို ရှင်သန်ခွင့်ပေးပါနော်..ငါ့ နှလုံးသားကလဲ မင်း ကို တမ်းတမ်းတတ တောင်းတနေကျလေရဲ့ ...

နင့် အတွက်ဆို ငါ ဟာ အမြဲတမ်း အပေါင်း အနုတ် အမြောက် အစား တွေနဲ တွက်ချက်ခံခဲ့ရဖူးပေမဲ့ ငါ့ အတွက်တော့ နင် ဟာ တန်ဘိုး အကြီးဆုံး ကိန်းဂဏန်း တစ်ခုပါ ချစ်သူရယ်...''လူတိုင်းချို့ ယွင်းချက်ရှိတယ် ''ဆိုရင်တောင်မှ နင့် မှာ ရှိမဲ့ ချို့ ယွင်းချက်တွေအားလုံး ငါ့ရဲ့  ချစ်ခြင်းတွေနဲ ဖုံးသွားမှာပါ..နင် ပြုံးတိုင်း ငါ ရှုံးခဲ့သလို နင် မုန်းတိုင်းလည်း ငါ့ ဘ၀ ဆိတ်သုန်းခဲ့ရပါတယ်... နင် ပြောဖူးတဲ့ စကားတွေ ပြန်ကြားမိတိုင်း ငါ့ စိတ်ကို မတရား ထိန်းချုပ်ထားရတယ်..နင့် ကို တွေ့ချင်လာတဲ့ စိတ်က ငါကို နှိပ်စက်ကြပြန်ရော..တကယ်ပါ ချစ်သူရယ်...ငါ့ ဘ၀ရဲ့ ကာရံတွေကို နင် သီခဲ့တယ်..ငါ့ ဘ၀ရဲ့  အရောင်တွေကို နင် ခြယ်ခဲ့တယ်..ငါ့ ဘ၀ရဲ့  မနက်ဖြန်တွေကို လဲ နင်ဘဲ ပိုင်စိုးထားတာပေါ့..ငါ့ ဘ၀ရဲ့  စာမျက်နှာတိုင်းမှာလဲ နင် ရှိနေလိမ့်အုန်းမယ်ဆိုတာ အိပ်ရေးပျက်ခဲ့တဲ့ ငါ့ ညတွေက သက်သေပေါ့..ဒါပေမဲ့ နင် ယုံအောင် ငါ ပြောမပြတတ်ခဲ့ဘူးလေ..ဒါကြောင့်လဲ သံသယ ဆိုတဲ့အရာက နင် နဲ ငါ ကြားကို ရောက်လာခဲ့တာပေါ့...တို့ရင်တွေ လစ်ဟာနေသမျှ သံသယဆိုတာ ၀င်လာနေအုန်းမယ်ဆိုရင် တို့နှစ်ယောက် ရင်ကို အပ်လိုက်ကျရအောင်လား...နင့် အကြောင်းတွေ တွေးပြီး ရှင်သန်နေရတဲ့ ငါ့ ဘ၀မှာ နင် ဟာ ငါ့အတွက် အောက်ဆီဂျင် (0xygen) လေးလို့ ငါ ပြောရင် ဟိုတုန်းကလိုဘဲ ကောင်းကင်ကြီးကို မော့ကြည့်လို့ နင်ရယ်နေအုန်းမှာလား...ဒီလို တွေးမိတိုင်းလဲ ငါဟာ လူဖြစ်ရကျိုး နပ်သလိုးမျိုး ခံစားရတယ်သိလား...ငါ အခု အစိမ်းရောင် ပင်လယ် တစ်ခုကို ကျော်လွန်ပြီး နင် ရှိတဲ့ အရပ်ကို ရောက်နေပြီလေ...နင့်ကို တွေ့နိုင်မဲ့နေရာ မှန်သမျှ ငါ လိုက်ရှာနေတယ်...နင် ဘယ်မှာလဲ။။။ နင် ဘယ်မှာလဲ ချစ်သူရယ်....ငါ့ စိတ်တွေ ပြိုယိုင်လဲ တော့မယ်...ငါ့ အာရုံတွေ မှုန်ဝါးလာပြီ..ငါ့ ခေါ်သံတွေ နင် ကြားတယ် ဆိုရင် ငါ ကြားတယ် ဆိုရုံလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ပြန်ထူးပေးပါနော်...ငါ့ မျက်ဝန်းက ကျလာမဲ့ မျက်ရည်ပူတွေကို နင် မြင်ချင်လို့များ ပုန်းရှောင်နေတာလား ချစ်သူရယ်...ငါ့ မျက်ရည်တွေက နင့် ဘ၀ကို အေးမြနိုင်တယ်လား....ဒါဆိုရင်တော့ နင့် အတွက် ငါ အမြဲ ငိုနေပေး ယုံပေါ့..... ငါ့ မျှော်လင့် ချက်တွေကို တော့ ဘာအတွက်နဲမှ မဖြိုချလိုက်ပါရစေနဲနော်..အရှေ့ဘက်မှာ နင် မရှိသလို အနောက်ဘက်မှာလည်း နင့် ကို မတွေ့ဘူး... ဒါဆို နင်က ဘယ်မှာလဲ ? နင် ဘယ်မှာလဲ ...နင် ဘယ် မှာ လည်း ချစ် သူ ရယ်....



No comments: