Tuesday, July 21, 2009

ချစ်သူသိစေရန်



ချစ်သူ.. မျှော်လင့်ခြင်း ကမ်းပါးမှာ
စောင့်ကြိုနေသူကို
မင်းသာ ကြည့်တတ်မယ်ဆိုရင်
မြင်နိုင်ပါတယ်လေ..။
တိတ်ဆိတ်တဲ့ ညဥ့်နက်တွေမှာ
တိုးတိုးလေးညည်းနေတဲ့
အလွမ်းတေးကို
မင်းသာ နားထောင်တတ်မယ်ဆိုရင်
ကြားနိုင်ပါတယ်လေ..။
မင်းအကြောင်း တွေးလိုက်တိုင်း
မူမမှန်တော့တဲ့
ငါ့နှလုံးသားသံစဉ်တွေကို
မင်းသာ ခံစားတတ်မယ်ဆိုရင်
သိနိုင်ပါတယ်လေ..။ မင်း သိစေဖို့ မကြိုးစားချင်တဲ့
ငါ့မာနကို အပြစ်တင်ရမှာလား။
နွံမှန်းသိရက်နဲ့ ရုန်းမထွက်ချင်တဲ့
နှလုံးသားကိုပဲ ဒဏ်ခတ်ရမလား။ အတွေးကမ္ဘာထဲမှာ
ထွက်ပေါက်ရှာမရအောင်
ပိတ်မိနေရင်းမှ
ငါသိလိုက်တာ တစ်ခုရှိတယ်..
"မင်းကို သိပ်ချစ်တယ်တဲ့" လေ။

ငါနဲ့မင်း


ချစ်သူရေ
ရှေ့ကိုကြည့်လိုက်
ငါတို့မရောက်နိုင်သေးတဲ့လမ်း
အဝေးကြီးသွားရအုံးမယ်
ရှေ့ဆက်ဖို့အားအင်တွေ
သေချာမွေးထားမယ်။ ။

ချစ်သူရေ
လူ့ဘဝဆိုတာ
အနိမ့်အမြင့်ဆိုတာရှိတယ်
အမြင့်ရောက်လို့လည်း
မာန်မတက်လေနဲ့
အနိမ့်ရောက်လို့လည်း
အားမငယ်နဲ့
တစ်နေရာတည်းမှာ
ရပ်နေတယ်ဆိုတာ
ဘာမှမရှိဘူး
ကြိုးစားရင်ဖြစ်တာကြီးပဲ။ ။

ချစ်သူရေ
ရှေ့မှာလမ်းနှစ်ခွတွေတွေ့မယ်
ဘယ်လမ်းလိုက်မလဲ
ကိုယ်တိုင်ဆုံးဖြတ်
နောက်မှနောင်တရမယ့်အဖြစ်
ဘယ်တော့မှမဖြစ်စေနဲ့။ ။

ချစ်သူရေ
ကြုံလာမယ့်လောကဓံတွေကြောင့်
စိတ်ဓာတ်တွေမာထန်မသွားလေနဲ့
ကိုယ့်ကိုကိုယ်အကျဉ်းချမထားကြနဲ့
မွန်းကျပ်မှုတွေအတွက်
ထွက်ပေါက်ဆိုတာတော့
ရှိလိမ့်မယ်။

ချစ်သူရေ
ကြုံလာမယ့်လောကဓံလှိုင်းတွေကြား
ငါတို့ တစ်ယောက်ကိုတစ်ယောက်
ဖေးမရင်း
အားပေးရင်း
ကူညီရင်း
ဆက်လက်ချီတက်ကြပါစို့။ ။

နှလုံးသားပျောက်နေတယ်


ကောင်းကင်ကိုမော့ကြည့်တော့
ပျံသန်းနေတဲ
ငှက်ကလေးတွေကိုတွေ့ရတယ်။

ရေပြင်ကိုငုံ့ကြည့်တော့
ကူးခတ်နေတဲ့
ငါးကလေးတွေကိုတွေ့ရတယ်။

ငါရင်ထဲကိုပြန်ကြည့်တော့
ဟူး……
ရင်မောသွားတယ်
ဘယ်မှာလဲငါ့နှလုံးသား
သူမဆီမှာပဲ………………….။

နှလုံးသားပျောက်နေတယ်

ကောင်းကင်ကိုမော့ကြည့်တော့
ပျံသန်းနေတဲ
ငှက်ကလေးတွေကိုတွေ့ရတယ်။

ရေပြင်ကိုငုံ့ကြည့်တော့
ကူးခတ်နေတဲ့
ငါးကလေးတွေကိုတွေ့ရတယ်။

ငါရင်ထဲကိုပြန်ကြည့်တော့
ဟူး……
ရင်မောသွားတယ်
ဘယ်မှာလဲငါ့နှလုံးသား
သူမဆီမှာပဲ………………….။

နှလုံးသားပျောက်နေတယ်

ကောင်းကင်ကိုမော့ကြည့်တော့
ပျံသန်းနေတဲ
ငှက်ကလေးတွေကိုတွေ့ရတယ်။

ရေပြင်ကိုငုံ့ကြည့်တော့
ကူးခတ်နေတဲ့
ငါးကလေးတွေကိုတွေ့ရတယ်။

ငါရင်ထဲကိုပြန်ကြည့်တော့
ဟူး……
ရင်မောသွားတယ်
ဘယ်မှာလဲငါ့နှလုံးသား
သူမဆီမှာပဲ………………….။

Monday, July 20, 2009

ငါ့အတွေးများ


တစ်ခါတစ်လေတွေးမိတယ်…
လောကကြီးဟာတရားမျှတရဲ့လားလို့…

ငါကြိုးစားသလောက်
ငါ မအောင်မြင်ခဲ့ဘူး…

ငါချစ်သလောက်
ငါ အကြင်နာမခံရဘူး…

ငါနားလည်ပေးသလောက်
ငါ နားလည်မခံရဘူး…

ငါရိုးသားခဲ့သလောက်
ငါ လိမ်လည်လှည့်ဖြားခံခဲ့ရတယ်…

ငါတန်ဖိုးထားတဲ့အရာတွေ
ငါထားရှိတဲ့ ရည်မှန်းချက်တွေ
ငါ ဦးတည်ခဲ့တဲ့မျှော်လင့်ခြင်းတွေ…

ဒါတွေအားလုံးမှားနေတာလား
မှားခဲ့တာများလား
လမ်းမှားကြီးပေါ်မှ ခြေလှမ်းမှားတွေနဲ့များ
ငါလျှောက်လှမ်းနေတာလား…

တစ်ခါတစ်လေတော့များ…
ထောင့်တစ်ထောင့်မှာ ထိုင်ပြီး
ငြိမ်သက်စွာနဲ့…
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ရာ..
ကိုယ့်ကိုကိုယ် ပြန်ရှာကြည့်ခြင်ပါသေးရဲ့…

ငါ့အကြောင်း


ဘ၀တက်လမ်းအတွက်

ကြိုးစားလာခဲ့ရတဲ့ ကာလများ

ပြန်လှည့်ကြည့်လိုက်တော့

ဘာမှမဖြစ်လာသေးပါလား…..

ပညာတွေသင်ဖို့အတွက်

ရင်းနှီးခဲ့ရတဲ့ အရာများ

အခုချိန်မှာတော့

ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….

လွတ်လပ်တဲ့ဘ၀တခုအတွက်

မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ

တွေးကြည့်လိုက်တော့

မရေရာသေးပါလား…..

လောကကြီးရယ်

ဘယ်အချိန်ကျမှများ

ဒီဝဋ်ကြွေးတွေ

ကုန်ဆုံးတော့မှာလဲ.?????

ရင်ထဲမှ ချစ်သူအတွက်


ချစ်သူ
မင်းပေးတဲ့အချစ်တွေကို
ခွန်အားအဖြစ်နဲ့မှတ်ယူရင်း
ကံကြမ္မာမုန်တိုင်းတွေကို
အပြုံးမပျက်ရင်ဆိုင်အံတုနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား..............
ချစ်သူ
မိုင်ပေါင်းများစွာ၊ပင်လယ်တွေခြား
ဝေးကွာပါလည်း၊ငါ့ဝိဥာဉ်တိမ်တိုက်တွေက
ရင်ခုန်သံတွေနီးစပ်ေ၇းအတွက်
လွင့်မျောနေတာကို
မင်းမှသိပါရဲ့လား..................
ချစ်သူ
ဝေးကွာခြင်းနဲ့ခွဲခြာခြင်းဆိုတဲ့စကားလုံးတွေ
ငါ့တို့တွေရဲ့ ချစ်ခြင်းသမိုင်းမှာ
မြူတစ်မှုန်တောင်မရှိလေအောင်
ငါ့ရဲ့အကြင်နာတွေနဲ့ဖယ်ရှားနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား.............
ချစ်သူ
တစ်ကယ်လို့များ ငါ့ကိုသာ ဘုရားသခင်က ဆုတစ်ခုပေးမယ်ဆိုရင်
မင်းနဲ့ဘ၀1ခုကို အမြန်တည်ဆောက်ချင်တယ်လို့
ငါဆုတောင်းနေမယ်ဆိုတာ
မင်းမှသိပါရဲ့လားချစ်သူ..................

လမိုက်ည


လမသာတဲ့ကောင်းကင်က ငါပါ
မှော်အတတ်နဲ့ အသက်သွင်း

ကိုယ့်အိပ်မက်ကို ထုဆစ်ပုံသွင်းပြီးမှ

အိပ်မက်တွေ အခိုးခံရတဲ့ည...။

အခုတော့

ရင်ကွဲနာကျနေတဲ့ ငါ့ဒိုင်ယာရီလည်း

အလွမ်းတွေအခါခါမြိုချရလွန်းလို့
ပိုးလိုးပက်လက် စားပွဲပေါ်မှောက်နေလေရဲ့….။
ပစ္စုပ္ပန် ထွန်းလင်းပြီး

အနာဂတ် တောက်ပဖို့အတွက်

အတိတ်ကို အရောင်ပြောင်းလိုက်ရမှာလား

အကောင်းဆိုတာဘာလဲ

အဆိုးဆိုတာဘာလဲ
အဓိပ္ပါယ်မသိချင်တော့ဘူး..

မိုက်မဲတယ်ပြောချင်ပြောပါစေ

အမှန်တရားတကယ်ရှိတယ်ဆိုတာ
ယုံကြည်ခဲ့တယ်။

ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်

အဆင်မပြေလွဲမှားမှုတွေကြုံတိုင်း

ကံကြမ္မာကိုအပြစ်တင်ရလွန်းလို့

ကိုယ့်ကံကြမ္မကိုတောင် သနားလာမိတယ်။

တကယ်လို့
သန်းခေါင်ထက် မိုးမချုပ်တော့ဘူးဆိုရင်

မနက်ဖြန်ဟာ ငါ့နေ့ပဲပေါ့ ...။

ငါ့ဘဝ


ရင်ထဲမှာ မွန်းကြပ်သမျှ
ဖွင့်အံချဖို့နေရာ

ငါ့ကမ္ဘာမှာ
ကဗျာတွေပဲရှိတယ်။

နိုင်တစ်ခါ ရှုံးတစ်လှည့်နဲ့
အဆုံးမဲ့တဲ့ဘ၀မှာ
အဖော်ပြုစရာ ငါ့ကမ္ဘာ
ကဗျာတွေပဲရှိတယ်။

ငါ့ကမ္ဘာမှာ
ငါ့ကဗျာတွေပြည့်နေပေမယ့်
ငါ့ဘ၀က ကဗျာမဆန်
ကာရံတွေမမှန်ခဲ့ဘူး။

တစ်ခါတစ်ခါလည်း နှစ်ယောက်တွဲလို့
တစ်ခါတစ်ခါလည်း တစ်ယောက်တည်း
ခရီးတွေကို
ငါလျှောက်ရဲအောင် ကြိုးစားနေမှာပါ။

ငါ သတိရတာ မင်းသိပါစေ -------


သံစဉ်လှလှ
ရှာမရသလို့
ကာရံမလှတဲ့
ငါ့ ကဗျာအတွက်
မင်း ဘယ်လို့ဝေဖန်မလဲ....

တစ်ခါတစ်ခါ
ငါ့မင်းကို တွေချင်ပေမဲ့
ငါ့တို့တစ်တွေက
အဝေးတစ်နေရာဆီလေ
ဘယ်လို့တွေ ကြမှာလဲ......

ကောင်မလေးတစ်ယောက်
ငါ့ လွမ်းသလောက်
လွမ်းနေလောက်ပမလားလို့
တွေးတော့နေတဲ့ အချိန်တွေကို
မင်း သိပါ့မလား ကောင်မလေး......

နင်ပျော်နေတဲ့အချိန်
ငါ့ ကို သတိမရပေမဲ့
ငါ့ မှာ ပျော်စရာ ရှိရင်
နင်ကို သတိရတယ်......

နင် ၀မ်းနည်းချိန်မှာ
ငါ့ဘေးနားမှာ ရှိနေချင်ပေမဲ့
ငါ့ ၀မ်းနည်းချိန် နင်ကို မရှိစေချင်ဘူး
နင် ငါ့ကြောင့် စိတ်ညစ်ရမှာ စိုးလို့ပေါ့.......................

သတိတရနဲ့
မင်းအတွက် ကဗျာတစ်ပုဒ်ကို
ငါ့ ဖန်တီးလိုက်မိတယ်
မင်း ဖတ်ပြီး ရင်
ငါ သတိရတာ သိပါစေတော့ ကောင်မလေးရယ်.....................