Monday, July 20, 2009

ငါ့အတွေးများ


တစ်ခါတစ်လေတွေးမိတယ်…
လောကကြီးဟာတရားမျှတရဲ့လားလို့…

ငါကြိုးစားသလောက်
ငါ မအောင်မြင်ခဲ့ဘူး…

ငါချစ်သလောက်
ငါ အကြင်နာမခံရဘူး…

ငါနားလည်ပေးသလောက်
ငါ နားလည်မခံရဘူး…

ငါရိုးသားခဲ့သလောက်
ငါ လိမ်လည်လှည့်ဖြားခံခဲ့ရတယ်…

ငါတန်ဖိုးထားတဲ့အရာတွေ
ငါထားရှိတဲ့ ရည်မှန်းချက်တွေ
ငါ ဦးတည်ခဲ့တဲ့မျှော်လင့်ခြင်းတွေ…

ဒါတွေအားလုံးမှားနေတာလား
မှားခဲ့တာများလား
လမ်းမှားကြီးပေါ်မှ ခြေလှမ်းမှားတွေနဲ့များ
ငါလျှောက်လှမ်းနေတာလား…

တစ်ခါတစ်လေတော့များ…
ထောင့်တစ်ထောင့်မှာ ထိုင်ပြီး
ငြိမ်သက်စွာနဲ့…
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ရာ..
ကိုယ့်ကိုကိုယ် ပြန်ရှာကြည့်ခြင်ပါသေးရဲ့…

No comments: