Tuesday, July 21, 2009

ငါနဲ့မင်း


ချစ်သူရေ
ရှေ့ကိုကြည့်လိုက်
ငါတို့မရောက်နိုင်သေးတဲ့လမ်း
အဝေးကြီးသွားရအုံးမယ်
ရှေ့ဆက်ဖို့အားအင်တွေ
သေချာမွေးထားမယ်။ ။

ချစ်သူရေ
လူ့ဘဝဆိုတာ
အနိမ့်အမြင့်ဆိုတာရှိတယ်
အမြင့်ရောက်လို့လည်း
မာန်မတက်လေနဲ့
အနိမ့်ရောက်လို့လည်း
အားမငယ်နဲ့
တစ်နေရာတည်းမှာ
ရပ်နေတယ်ဆိုတာ
ဘာမှမရှိဘူး
ကြိုးစားရင်ဖြစ်တာကြီးပဲ။ ။

ချစ်သူရေ
ရှေ့မှာလမ်းနှစ်ခွတွေတွေ့မယ်
ဘယ်လမ်းလိုက်မလဲ
ကိုယ်တိုင်ဆုံးဖြတ်
နောက်မှနောင်တရမယ့်အဖြစ်
ဘယ်တော့မှမဖြစ်စေနဲ့။ ။

ချစ်သူရေ
ကြုံလာမယ့်လောကဓံတွေကြောင့်
စိတ်ဓာတ်တွေမာထန်မသွားလေနဲ့
ကိုယ့်ကိုကိုယ်အကျဉ်းချမထားကြနဲ့
မွန်းကျပ်မှုတွေအတွက်
ထွက်ပေါက်ဆိုတာတော့
ရှိလိမ့်မယ်။

ချစ်သူရေ
ကြုံလာမယ့်လောကဓံလှိုင်းတွေကြား
ငါတို့ တစ်ယောက်ကိုတစ်ယောက်
ဖေးမရင်း
အားပေးရင်း
ကူညီရင်း
ဆက်လက်ချီတက်ကြပါစို့။ ။

No comments: