Monday, July 20, 2009

ငါ သတိရတာ မင်းသိပါစေ -------


သံစဉ်လှလှ
ရှာမရသလို့
ကာရံမလှတဲ့
ငါ့ ကဗျာအတွက်
မင်း ဘယ်လို့ဝေဖန်မလဲ....

တစ်ခါတစ်ခါ
ငါ့မင်းကို တွေချင်ပေမဲ့
ငါ့တို့တစ်တွေက
အဝေးတစ်နေရာဆီလေ
ဘယ်လို့တွေ ကြမှာလဲ......

ကောင်မလေးတစ်ယောက်
ငါ့ လွမ်းသလောက်
လွမ်းနေလောက်ပမလားလို့
တွေးတော့နေတဲ့ အချိန်တွေကို
မင်း သိပါ့မလား ကောင်မလေး......

နင်ပျော်နေတဲ့အချိန်
ငါ့ ကို သတိမရပေမဲ့
ငါ့ မှာ ပျော်စရာ ရှိရင်
နင်ကို သတိရတယ်......

နင် ၀မ်းနည်းချိန်မှာ
ငါ့ဘေးနားမှာ ရှိနေချင်ပေမဲ့
ငါ့ ၀မ်းနည်းချိန် နင်ကို မရှိစေချင်ဘူး
နင် ငါ့ကြောင့် စိတ်ညစ်ရမှာ စိုးလို့ပေါ့.......................

သတိတရနဲ့
မင်းအတွက် ကဗျာတစ်ပုဒ်ကို
ငါ့ ဖန်တီးလိုက်မိတယ်
မင်း ဖတ်ပြီး ရင်
ငါ သတိရတာ သိပါစေတော့ ကောင်မလေးရယ်.....................

No comments: