Wednesday, December 23, 2009
နှလုံးသားပိုင်ရှင်သို့
ချစ်သူရယ်
ချစ်နေမိတဲ့  နှလုံးသားက
မုသားမပါဘဲ ရိုးသားစွာ
"ချစ်တယ်" ပြောတာ
အပြစ်လား.................?
လွမ်းတတ်တဲ့  ကိုယ့် မျက်ဝန်းလေးတွေက
မင်းအပြုံးလေးတွေကို မြင်ယောင်ရင်း
မုသားကင်းစွာ လွမ်းမိတာ
အပြစ်လား.................?
မင်းအပြုံးလေး ကိုယ့် မျက်ဝန်းထဲ
ရောက်လာတဲ့  အချိန်တိုင်း
ကိုယ့်ရင်ခုန်နုန်းတွေ မြန်လာတာ
မင်း နှလုံးသားလေး ကြားခဲ့ ရင်
နှလုံးသားပိုင်ရှင်ရဲ့  နှုတ်ခမ်းလေးတွေကို
ပြောခိုင်းပေးပါ
"ချစ်တယ်" လို့ ............
Saturday, December 19, 2009
မင်းတစ်ယောက်သာ
ချစ်သူရေ
ချိုသာတဲ့ မင်းအသံ
တောက်ပတဲ့မျက်ဝန်း
တစုံရဲ့အောက်မှာ
ငါဟာကျရူံးခဲ့ပြီလေ......
ချစ်သူရေ
ကောင်ကင်ကတိမ်တွေ
ပြောလွှာနေတာကိုကြည့်ရင်း
စိတ်ကူးယဉ်ခဲ့တဲ့နေတွေမှာ
မင်းအကြောင်းတွေပါဘဲ
ကြယ်တွေစုံတဲ့ညမှာ
မင်းကြောင်းတွေးနေတာ
ဝေးနေတဲ့ညတွေးတိုင်ပါ
ချစ်နေတဲ့အချစ်ဟာ
လွမ်းနေတဲ့ ညတွေမှာ
ငါတယောက်ထဲပါ ချစ်သူ......။
အွန်လိုင်းချစ်သူ
ငါ.....
မျှော်နေတတ်ပြီ...
သူလာနေကျလမ်း....
မီးစိမ်းလည်းလင်းလို့.....
ဘယ်သူမှလည်းမသိ...
နှစ်ယောက်တည်းရှိတဲ့ account
အချိန်တွေတိုင်းမျှော်နေတတ်ပြီ...
online ကချစ်သူရယ်.......
ရေမြေတွေခြားလည်း...
အချိန်တွေကွါဟလည်း...
ရင်ခုန်သံထပ်တူညီလို့...
ကါထားတဲ့အတားအဆီး...
ယုံကြည်စွာနီးစပ်စို့ရဲ့
ဆုံနိုင်မယ့်နေ့ရက်တွေရယ်...
၂၀၁၀၊ ဖေဖော်ဝါရီ(၁၄) ....
ပျော်ဝင်စွာ ....
နင်ရယ်ငါ စီးဆင်းစို့....... 
(အွန်လိုင်းမှာ ချစ်သူထားသူများအတွက် အမှတ်တရ)
Monday, December 14, 2009
အက်ကြောင်းထပ်ဘဝ
တနေ့တာတော့ကုန်ပြန်ပြီ
နေ၀င်နေထွက်
အချိန်တွေကုန်တာမြန်လာပြီ
သမာရိုးကျဘ၀ကြီးထဲမှာ
ငါပြုံးရအုံးမယ်(မပြုံးချင်ပဲ)
ငါငိုရအုံးမယ်(မငိုချင်ပဲ)
မနက်ဖြန်အတွက်
စိတ်ဓာတ်ကျနေပေမဲ့လဲ
မနက်ဖြန်ငါအသက်ဆက်ရအုံးမယ်
ပျော်ရွှင်ခြင်းတွေကို
ထိန်းသိမ်းထားချင်လဲ
အတိတ်တွေကိုငါထားခဲ့ရအုံးမယ်
ဘယ်သူမှတာဝန်တွေမပေးခဲ့လဲ
လောကကြီးအတွက်
ငါဝတ္တရားကျေအောင်
ငါထမ်းဆောင်ရအုံးမယ်
ငါအိပ်စက်ချိန်မှာ
ကမ္ထာကြီးမရပ်တန့်သွားသလို
ငါနိုးထချိန်မှာ
ကမ္ထာကြီးအေးချမ်းသာယာပါစေ….
(အကီနိုဘလော့မှ ကူးယူဖော်ပြပါသည်။)
ဝေးရမှာစိုး
တစ်ချိန်ကနေ့လေး
အစဉ်ထာဝရ သတိရ
မတွေ့အားပေမဲ့
ရွေ့လျားနေတဲ့အချိန်တိုင်းမှာ
ကို့ အပြုံးကိုမှန်းဆ
သဲလေးလွမ်းခဲ့ရပါတယ်
ဒါပေမဲ့...........
ကို ရောလွမ်းနေမလားလို့
သက်ပြင်းကိုအခါအခါချ
မှန်းဆမိတယ်ချစ်သူရယ်
တစ်ခါတစ်လေ.....
ကို နဲ့ဝေးရမှာလားဆိုတဲ့
အတွေးတွေကစိုးမိုးလာတော့
အသက်ဆက်လက်ရှင်သန်ဖို့တောင်
မလွယ်တဲ့အဖြစ်တွေနဲ့
စိတ်ညစ်မိတယ် ကိုရယ်
သို့ပေမဲ့လည်း...............
စိတ်အားကိုဖြေအားတင်းမိတယ်
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ  ကိုရယ်
(ချစ်သူပေးသော ကဗျာလေး)
Friday, December 11, 2009
ဘယ်မှာလဲ ချစ်သူ
' ည '' နေ ခြစ်ခြစ်တောက်ပူတဲ့ ည...ဒီညမှာ ဗီဇာ ( visa ) မပါဘဲ တိမ်တွေကို စီးလို့ ခရီး တစ်ခုဆီ ဦးတည်ထွက်ခဲ့တယ်....''လွမ်းလိုက်တာ ချစ်သူရယ် ''..မင်း ရှိမဲ့ အရပ်ဆီ ငါ လာနေပြီလေ...ကောင်းကင်တစ်ခုလုံးလဲ နင့် ဆီ ငါ လာဖူးခဲ့တဲ့ ခြေရာတွေက အများသား..စာနာမှု့ မဲ့တဲ့ လေကြမ်းတွေက နင့်ဆီ ငါ မရောက်နိုင်အောင် တားဆီးနေကြလေရဲ့ ...နင့် အတွက် အကောင်းဆုံးသော အချစ်တွေကို ငါ့ လက်အစုံနဲ သယ်ဆောင်ခဲ့ပြီ... နင် ကမ်းလင့်လို့ ကြိုတော့နော်..
တကယ်ပါ ချစ်သူရယ်..နင် နဲ မတွေ့ဖြစ်တဲ့ ရက်တွေဟာ ငါ့အတွက်တော့ ငရဲ တစ်ခုကို ကျနေသလို ရင်ထဲမှာ ဆယ်နေ ဆယ်နွေ မက ပူပြင်းလွန်းခဲ့ပါတယ်..ဆုံရမယ်ဆိုတဲ့ မျှော်လင့်မှု့ လေးနဲ ငါ့ မနက်ဖြန်တွေကို ကျားကန်ထားခဲ့ရတာ နင် သိစေချင်ပေမဲ့ နင့် မျက်နှာပေါ်က အပြုံးတွေ ငါ့ ကြောင့် မလွင့်ပြယ်စေချင်ပါဘူး..ဒါကြောင့်လဲ နင် သိအောင် ငါ ဖွင့်မပြောပြခဲ့တာပေါ့..အခုတော့ ဒီသောက အပူတွေကို ချန်ရစ်ပြီး မင်း ရင်ခွင် ဆီ ငါ လှမ်းလာနေပြီလေ..ချစ်သူရဲ့  ရင်ငွေ့မှာ ခိုလှုံရင်း ငါ့ နှလုံးသားကို ရှင်သန်ခွင့်ပေးပါနော်..ငါ့ နှလုံးသားကလဲ မင်း ကို တမ်းတမ်းတတ တောင်းတနေကျလေရဲ့ ...
နင့် အတွက်ဆို ငါ ဟာ အမြဲတမ်း အပေါင်း အနုတ် အမြောက် အစား တွေနဲ တွက်ချက်ခံခဲ့ရဖူးပေမဲ့ ငါ့ အတွက်တော့ နင် ဟာ တန်ဘိုး အကြီးဆုံး ကိန်းဂဏန်း တစ်ခုပါ ချစ်သူရယ်...''လူတိုင်းချို့ ယွင်းချက်ရှိတယ် ''ဆိုရင်တောင်မှ နင့် မှာ ရှိမဲ့ ချို့ ယွင်းချက်တွေအားလုံး ငါ့ရဲ့  ချစ်ခြင်းတွေနဲ ဖုံးသွားမှာပါ..နင် ပြုံးတိုင်း ငါ ရှုံးခဲ့သလို နင် မုန်းတိုင်းလည်း ငါ့ ဘ၀ ဆိတ်သုန်းခဲ့ရပါတယ်... နင် ပြောဖူးတဲ့ စကားတွေ ပြန်ကြားမိတိုင်း ငါ့ စိတ်ကို မတရား ထိန်းချုပ်ထားရတယ်..နင့် ကို တွေ့ချင်လာတဲ့ စိတ်က ငါကို နှိပ်စက်ကြပြန်ရော..တကယ်ပါ ချစ်သူရယ်...ငါ့ ဘ၀ရဲ့ ကာရံတွေကို နင် သီခဲ့တယ်..ငါ့ ဘ၀ရဲ့  အရောင်တွေကို နင် ခြယ်ခဲ့တယ်..ငါ့ ဘ၀ရဲ့  မနက်ဖြန်တွေကို လဲ နင်ဘဲ ပိုင်စိုးထားတာပေါ့..ငါ့ ဘ၀ရဲ့  စာမျက်နှာတိုင်းမှာလဲ နင် ရှိနေလိမ့်အုန်းမယ်ဆိုတာ အိပ်ရေးပျက်ခဲ့တဲ့ ငါ့ ညတွေက သက်သေပေါ့..ဒါပေမဲ့ နင် ယုံအောင် ငါ ပြောမပြတတ်ခဲ့ဘူးလေ..ဒါကြောင့်လဲ သံသယ ဆိုတဲ့အရာက နင် နဲ ငါ ကြားကို ရောက်လာခဲ့တာပေါ့...တို့ရင်တွေ လစ်ဟာနေသမျှ သံသယဆိုတာ ၀င်လာနေအုန်းမယ်ဆိုရင် တို့နှစ်ယောက် ရင်ကို အပ်လိုက်ကျရအောင်လား...နင့် အကြောင်းတွေ တွေးပြီး ရှင်သန်နေရတဲ့ ငါ့ ဘ၀မှာ နင် ဟာ ငါ့အတွက် အောက်ဆီဂျင် (0xygen) လေးလို့ ငါ ပြောရင် ဟိုတုန်းကလိုဘဲ ကောင်းကင်ကြီးကို မော့ကြည့်လို့ နင်ရယ်နေအုန်းမှာလား...ဒီလို တွေးမိတိုင်းလဲ ငါဟာ လူဖြစ်ရကျိုး နပ်သလိုးမျိုး ခံစားရတယ်သိလား...ငါ အခု အစိမ်းရောင် ပင်လယ် တစ်ခုကို ကျော်လွန်ပြီး နင် ရှိတဲ့ အရပ်ကို ရောက်နေပြီလေ...နင့်ကို တွေ့နိုင်မဲ့နေရာ မှန်သမျှ ငါ လိုက်ရှာနေတယ်...နင် ဘယ်မှာလဲ။။။ နင် ဘယ်မှာလဲ ချစ်သူရယ်....ငါ့ စိတ်တွေ ပြိုယိုင်လဲ တော့မယ်...ငါ့ အာရုံတွေ မှုန်ဝါးလာပြီ..ငါ့ ခေါ်သံတွေ နင် ကြားတယ် ဆိုရင် ငါ ကြားတယ် ဆိုရုံလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ပြန်ထူးပေးပါနော်...ငါ့ မျက်ဝန်းက ကျလာမဲ့ မျက်ရည်ပူတွေကို နင် မြင်ချင်လို့များ ပုန်းရှောင်နေတာလား ချစ်သူရယ်...ငါ့ မျက်ရည်တွေက နင့် ဘ၀ကို အေးမြနိုင်တယ်လား....ဒါဆိုရင်တော့ နင့် အတွက် ငါ အမြဲ ငိုနေပေး ယုံပေါ့..... ငါ့ မျှော်လင့် ချက်တွေကို တော့ ဘာအတွက်နဲမှ မဖြိုချလိုက်ပါရစေနဲနော်..အရှေ့ဘက်မှာ နင် မရှိသလို အနောက်ဘက်မှာလည်း နင့် ကို မတွေ့ဘူး... ဒါဆို နင်က ဘယ်မှာလဲ ? နင် ဘယ်မှာလဲ ...နင် ဘယ် မှာ လည်း ချစ် သူ ရယ်....
Sunday, December 6, 2009
ရင်ကိုဖွင့်တဲ့သော့တံလေး
ကျွန်တော့်ဆီက..သတိရခြင်းတွေ
တောင်ပံတပ်ပြီးကောင်းကင်အနှံ့လွှတ်တင်လိုက်တဲ့အခါ
သူမ...ဖမ်းယူထွေးပိုက်နိုင်ပါ့မလား
ကျွန်တော့ရဲ့လွမ်းဆွတ်မှုတွေကို
လေညှင်းလေးတွေနဲ့အတူအမှာတော်ပါးလိုက်တဲ့အခါ
သူမ....ဆီရောက်ပါမလား
ကျွန်တော့်နှလုံးရဲ့ဗဟိုမှာ
သူမ......အတွက်ဖြစ်နေခဲ့တယ်
ရင်ခုန်သံစစ်တွေနဲ့.....
ကျွန်တော်မြတ်နိုးခဲ့တဲ့သူမပေါ့....
မယုံလို့ပုံပြင်လို့ထင်ရင်လဲ
မင်းကိုယ်တိုင်သာမြင်အောင်
ဖွင့်ကြည့်လိုက်ပါတော့
သူမအတွက်ပေးတဲ့ကျွန်တော့်အချစ်တွေက
ရင်..ကို..ဖွင့်..တဲ့..သော့လေး...ပါ......
ခင်မင်ရသော ညီမလေးအတွက်
တံတိုင်းကြီးတစ်ခု
ငါလည်း မမြင်ရပါဘူး။
သူမလည်း မမြင်ရပါဘူး။
စိတ်ချင်းသာသိတဲ့ ဒီတံတိုင်း
သူမလည်း ဖောက်မထွက်ဘူး
ငါလည်း ဖောက်မထွက်ခဲ့ဘူး။
စိတ်ချင်းသာ သိတတ်ခဲ့ကျ
ဒီလို့နဲ.......
တစ်နေ့ပြီူး တစ်ည
ကုန်ဆုံးလာခဲ့ပေါ့။
အမြဲတမ်းခိုင်မြဲမဲ့သစ္စာတရားနဲ့
စည်းတစ်ဖက်ခြားတံတိုင်းတစ်ခု
ဘယ်တော့မှ
အိုဟောင်းမှာမှ မဟုတ်တာ။
ဘယ်သူမကျော်ဖြတ်ပဲ
သူမနဲ့ ကျန်တော်
တံတိုင်းတစ်ခုကို
သူအလိုအတိုင်းသာ
ထားရစ်ခဲံ့ကြတယ်။
ငါ့ပတ်ဝန်းကျင်ကို စိတ်ပျက်ခြင်း
ငါ့ဘက်မှာဘယ်သူမှမရှိတော့ဘူး
ငါပြောတာတွေအကုန်အမှား
ငါလုပ်သမျှအကုန်အဆိုးတဲ့
ကောင်းတာမှန်တာမရှိတော့ဘူးလား
ဘယ်သူတွေဘာပြောပြော
ငါတစ်ယောက်တည်းဆက်သွားမယ်
ယုံကြည်ချက်နဲ့ခရီးဆက်မယ်
လူငယ်တစ်ယောက်ရဲ့မာနတွေကို
သုံးစားမရအောင်
ရိုက်ချိုးဖျက်ဆီးနေတဲ့ပတ်ဝန်းကျင်က
ငါရုန်းထွက်ပြမယ်
ငါဖြစ်ချင်တာတွေဖြစ်လာတဲ့တစ်နေ့
ငါ့ရည်မှန်းချက်တွေအောင်မြင်တဲ့တစ်နေ့
ငါ့ကိုမယုံတဲ့သူတွေ
ငါ့ကိုအထင်မကြီးတဲ့သူတွေ
အားလုံးငါ့ရှေ့မှာဦးညွှတ်အရှုံးပေးစေရမယ်......................
Friday, December 4, 2009
လှောင်နေလိုက်တော့ချစ်သူရေ......
မစွဲလန်းချင်ဘဲ..စွဲလန်းခဲ့ရတဲ့အဖြစ်
အချစ်လားလို့ ငါမစဉ်းစားချင်ဘူး
တမင်လုပ်နေမှန်း သိနေလျက်နဲ့ 
မတော်တဆ ဖြစ်မှာပါလို့ 
မဖြေသိမ့်ချင်ဘူး
တကယ်တော့
ငါက မင်းရဲ့ပိရိတဲ့မင်းထောင်ချောက်တွေထဲမှာ
မလှမပ ကျဆုံးခဲ့သူပေါ့
မင်းရည်ရွယ်ချက် ငါမသိရပေမယ့်
မင်းနဲ့ဆုံဆည်းခဲ့တဲ့အချိန်တွေကို ငါ တန်ဖိုးထားတယ်
ငါကမင်းကိုမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားချင်ခဲ့တာ..
ငါ့အတ္တတွေ ကြောင့်ငါမှားသွားခဲ့တယ်ချစ်သူ..
ငါ့အမှားတွေ ကိုသိရက်နဲ့ 
လိုက်မှားချင်းတဲ့မင်းကိုနားမလည်ဘူး
မင်းနဲ့ ပတ်သက်တဲ့ခံစားမှုတိုင်းမှာ
မင်းကိုပြောခဲ့သမျှစကားတွေ တိုင်းမှာ
ငါ ....မာယာတွေ ကင်းခဲ့ပါတယ်
င့ါ စကားတွေ မင်းမယုံလို့ 
မင်း အပေါ် ငါသံသယတွေ ရှိနေခဲ့တာ
သဘာဝကျပါတယ်
နောက်လှည့်မကြည့်တတ်တဲငါ
ခဏခဏ နောက်လှည့်ကြည့်မိတာ
ဘာအတွက်လဲ...မစဉ်းစားချင်ဘူး..............
မကျေနပ်ပေမယ့် သေမတတ်ရူးသွပ်ခဲ့တာ
ငါဝန်မခံချင်ဘူး....
ဒါပေမယ့် မင်းသိနေတော့
လှောင်နေလိုက်တော့ချစ်သူရေ........
ကောင်မလေးထံသို့ ------------
မင်းအတွက် အသက်ရှင်နေခြင်း မဟုတ်ပေမယ့်
မင်းနဲ့ဝေးနေတဲ့အချိန်တွေမှာ ငါ အသက်ရှူမ၀ဘူးချစ်သူ
ငါလက်ခံထားတဲ့ အမှန်တရားက
လောကကြီးနဲ့ ဆန့်ကျင်နေရင်တောင်
မင်းနဲ့တော့ထပ်တူကျနေတယ်
မင်းမရှိလည်းဖြစ်ပေမယ့်
ပုံမှန်တော့ မဟုတ်တာ သေချာတယ်
ငါဘ၀မှာ မင်းက အချစ်ဆုံး မို့
နောက်ထပ်မရှိနိုင်တော့တာ ငါကတိစကားပါ
ငါ့မနက်ဖြန်
ငါ့အနာဂတ်
ငါ့ဘ၀ ထဲမှာမင်းကိုရှိနေစေချင်တာ
ငါ့အချစ် မဟုတ်ရင်
ဒီဘ၀မှာ ငါအထီးကျန်မှာ သေချာသွားပြီ
ငါချစ်သလောက် မင်းပြန်မချစ်ရင်တောင်
မင်း အမြဲသတိရတတ်တဲ့ငါတော့ ဖြစ်ပါရစေ
ငါချစ်တဲ့မင်းကို
ငါချစ်သလောက်ဖွင့်မပြောပြတတ်တာကိုဘဲ ဒေါသထွက်မိပါတယ်
(လမင်းလေးဘလော့မှ ကူးယူဖော်ပြပါသည်။)
ယနေ့အချစ်များ
ခပ်ညံ့ညံ့ကော်ဖီတစ်ခွက်နဲ့
အပေါစားသီချင်းတစ်ပုဒ်
ဘာမှသုံးစားမရတဲ့ ကဗျာတွေနဲ့
အသုံးမကျတော့တဲ့ ကာရန်တွေ
သူတို့ချင်းတော့ အတွဲကိုညီလို့
အမှတ်မရှိတဲ့နှလုံးသားက
အချစ်စစ်ကို လိုက်ရှာ
များလိုက်တဲ့အချစ်တွေ
ပုံစံအမျိုးမျိုးထုဆစ်ပြီး
လိုသလိုသုံးကြ
အလွမ်းတွေပလူပျံပြီး
မေတ္တာအတုတွေလမ်းသလားနေတုန်းမှာ
သစ္စာတရားကတော့ပျောက်ဆုံးနေဆဲ....................။
Wednesday, December 2, 2009
ချစ်သူဖတ်ရန် ---------------
တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်
ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်
တခါတလေ လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်
တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တော်တွေတောင်
တခါတလေ ရန်သူအောက်မှာ ကျဆုံးတတ်တယ်
ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်
တခါတလေ ထိုးသားအောက်မှာ ကျဆုံးတတ်တယ်
မြွေတွေနဲ့ ယဉ်ပါးပြီးသား အလိမ်ပါယ်ဆရာတွေတောင်
တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်
အချစ်ရေးမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ချစ်သူလည်း
ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေနဲ့ စကားနဲ့ မကျဆုံးပါစေနဲ့
Monday, November 30, 2009
ဘာလဲ အချစ်ဆိုတာ
ပင်လယ်ကို အရမ်းချစ်တဲ့လူတစ်ယောက်ကအားတိုင်းမကြာခဏဆိုသလိုပင်လယ်ပြင်ကိုသွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး စကားတွေပြောနေတတ်တယ်။
တစ်နေ့တော့သူကပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကိုအချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"လို့ပြောတော့ "ပင်လယ်က ခဏလောက် တွေဝေသွားပြီး....."ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။
"ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား" "ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား" "ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"
ပင်လယ်ကအဝေးကနေလှိုင်းထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်လာခဲ့တယ်။
လှိုင်းတွေကမ်းခြေကိုမရောက်ခင်မှာဘဲသူဟာလန့်ပြီးထွက်ပြေးသွားခဲ့တယ်။
ပင်လယ်ကစိတ်ထိခိုက်ပြီးကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီးမျက်ရည်တွေကျနေခဲ့မိတယ်။
အဲဒီအဖြစ်အပျက်ကိုတိမ်ကမြင်လိုက်တယ်။အဲဒီလိုနဲ့အချိန်တွေတရွေ့ရွေ့ကုန်သွားခဲ့တယ်။
ပင်လယ်ကို ချစ်တဲ့လူနောက်တစ်ယောက်ထပ်ရောက်လာခဲ့တယ်။
သူလည်းပင်လယ်ကိုအရမ်းချစ်ပြီးပင်လယ်ဘေးမှာပဲသူ့အချိန်တွေကိုကုန်စေခဲ့တယ်။
တစ်နေ့မှာသူလည်းဟိုအရင်ကတစ်ယောက်လိုပဲပင်လယ်ကိုပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"ပင်လယ်က တစ်ခါခံထားရဖူးတော့အချစ်ကိုသက်သေပြရမှာ ကြောက်နေခဲ့တယ်။သူကလည်း ပင်လယ်ကိုအချစ်တွေပေးပါ..ပေးပါလို့မကြာခဏ တောင်းဆိုနေတော့နောက်ဆုံးမှာပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်ကပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီးယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်ကအဝေးကနေလှိုင်းတွေထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်သွားတယ်။
လှိုင်းတွေကမ်းနားရောက်လာပြီဆိုရင်ပဲသူဟာလှိုင်းတွေကို အားပါးတရပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကိုနားလည်တဲ့လူပဲ။
အချစ်စစ်အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေလူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။အဲဒီလိုနဲ့ပင်လယ်ချစ်သူကပင်လယ်နဲ့အတူတူနေလာတာကြာတော့ တစ်နေ့မှာသူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြားအပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကိုထားရစ်ခဲ့ပြန်တယ်။ပင်လယ်ကအရမ်း စိတ်ထိခိုက်ပေမယ့်လည်းသူ့ကိုမတားဖြစ်ခဲ့ဘူး။
ဒါကိုတိမ်ကမြင်လိုက်တယ်။သူလည်းပင်လယ်ကိုချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်ကတအံ့တသြ ပြန်မေးတယ်။
"သူတို့ကနင့်ရဲ့အပေါ်ယံကိုပဲကြည့်ပြီးချစ်ခဲ့ကြတာ...နင့်ရဲ့အတွင်းစိတ်ကိုချစ်ဖို့နားမလည်ခဲ့ကြဘူး။ တကယ်လို့သူတို့ကနင့်ကို နားလည်မယ်၊တကယ်ချစ်တတ်ခဲ့မယ်ဆိုရင်ပင်လယ်အောက်မှာ ရှုမငြီးတဲ့အဖိုးတန်ရှုခင်း တွေဟာသူတို့အတွက်နင်ဖန်တီးထားတယ် ဆိုတာကိုသူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းကကိုယ်ဟာလူတွေမချစ်တတ်ခဲ့တဲ့ပင်လယ်လား...?
ဒါမှမဟုတ်ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား....?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင်အနည်းဆုံးတော့ကိုယ့်မှာလူတွေမခံစားခဲ့ရတဲ့လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ကိုယ်မထိုက်ခဲ့လို့ပဲ။အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကိုရှာတွေ့ဖို့ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကိုရှာရမယ်တဲ့။
အဲဒီလူကခြောက်ပစ်ကင်းတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့်သူဟာကိုယ့်ကိုနားလည်ပေးလို့ကိုယ့်အမြင်မှာသူဟာ ခြောက်ပစ်ကင်းနေပါတယ်။တစ်ဦးကိုတစ်ဦးနားလည်တယ်ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာကိုယ်အကျင့်သိက္ခာကိုထိပါးတဲ့စကားမပြောသူကိုယ်စိတ်ညစ်နေချိန်မှာအသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ကိုယ့်ကိုရန်မရှာတတ်သူမိုင်ပေါင်းထောင်ချီဝေးနေလည်းကိုယ့်ကို ယုံကြည်စိတ်ချသူကိုယ်စိတ်ရှုပ်ချိန်မှာသူစိတ်ရှုပ်တာတွေကိုရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာသူပျော်ရွှင်တာတွေကိုထုတ်ဖော်ပြောတတ်တဲ့သူတစ်ဦးကိုတစ်ဦးနားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊အကြင်နာတွေ ရှိရမယ်။ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုယုံကြည်မှုထားရမယ်။
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကိုရှာဖို့ကိုယ်ကသူ့နားလည်နိုင်တဲ့လူဖြစ်အောင်အရင်ဆုံးလုပ်ရလိမ့်မယ်။
(ကျနော့်ဆီ ရောက်လာတဲ့ အီးမေးထဲက စာတစ်စောင် ဖြစ်ပါသည်။)
နောက်ဆုံး
ငါ့ကို
အပေါင်းအသင်းတွေက လှောင်တယ်
အမျိုးတွေက လှောင်တယ်
ပတ်ဝန်းကျင်က လှောင်တယ်
တစ်ချို့တွေက လှောင်တယ်
အခု
ငါ့အချစ်ကို နင်က လှောင်တယ်
တော်လောက်ပါပြီ…..
တော်လောက်ပါပြီကွယ်…….
လှောင်ပြောင်မှုတွေ ငါမုန်းလာပြီ။
လှောင်ပြုံးတွေမရှိတဲ့နေရာ
အေးချမ်းတိတ်ဆိတ်တဲ့နေရာ
ငြိမ်သက်ခြင်းတို့ရဲ့ နေရာ
လူသားတိုင်းသွားရမယ့်နေရာ……
တိတ်ဆိတ်စွာ…….
ဖြေးညင်းစွာ……..
ညင်သာစွာ…….
ငါ ……
ထွက်….. သွား…
(ညီမလေး ဝေလေး ဘလော့မှ ကူးယူဖော်ပြပါသည်။)
Saturday, November 28, 2009
မျှော်လင့်ခြင်းများစွာအတွက် လွမ်းနေတယ်
ခံစားမှုပီတိတွေနဲ့
မနက်သစ်ကိုနိုးထရင်း
ချစ်သူကို
တိတ်တိတ်လေး ငါလွမ်းမိခိုက်မှာပေါ့
နွေးနေဆဲ ကိုယ်ငွေ့လေးတောင်
ငါ့အနားပျံဝဲနေကြတယ်
သိပ်ချစ်ပါတယ် ငါ့ချစ်သူရယ်
မြတ်နိုးမှုရောစွက်ထားတဲ့
ငါ့ချစ်ခြင်းတွေနဲ့ နေ့သစ်မှာပျော်ရွှင်ပါစေတော့
ရည်မှန်းချက်ကို ဖန်တီး
အားထုတ်မှုနဲ့ ဖြည့်ဆည်းရင်း
အိမ်မက်တွေကို ထုဆစ်ကြမယ် …
ကြင်ကြင်နာနာ ခွန်အားပေးရင်း
ရက်များစွာကို ဖြတ်သန်းကြမယ် …
ဖေးဖေးမမ စောင့်ရှောက်ကြရင်း
ရင်ဘတ်ထဲက ချစ်သွားကြမယ် …
ဒီအတွေးတွေနဲ့ ပျော်မွေ့ရင်း
ငါတို့နေ့ရက်ကလေးကို
တန်ဖိုးထားနေတယ် …
ချစ်သူနဲ့ ထပ်တူလွမ်းနေမယ် ….
Tuesday, November 24, 2009
နာကျင်မှုအဖူးအပွင့်
နာကျင်မှုတွေနဲ့
ဝေဆာပါစေလို့ရယ်တော့
မျှော်လင့်ပြီး စိုက်ပျိုးခဲ့တာ
မဟုတ်ဘူးလေ …. ။
မရည်ရွယ်ထားပေမဲ့လည်း
ဥပက္ခာနဲ့ ဝေဒနာတွေဟာ
သူ့အလိုလို
ဖူးပွင့်တတ်မှန်း
ငါမှ ကြိုသတိမထားမိခဲ့တာ … ။
ငါ ပျိုးကြဲခဲ့တဲ့
ဝေဒနာတွေပါပဲ…
မလိုချင်ရင်တော့
အချိန်မရွေး
ရှင်းလင်းပစ်လို့ ရတယ် … ချစ်သူ။
ဒါပေမဲ့
မင်းနဲ့ ပတ်သတ်သမျှ
ဒီနာကျင်မှုပဲ
ပိုင်ဆိုင်ရမှာ သေချာနေတော့ ……. ။
အစွမ်းကုန်ကို ဖူးပွင့်လိုက်စမ်း
နာကျင်ကြေကွဲမှုရေ…..
ငါ့ရင်ကိုအကွဲခံပြီုး သိမ်းဆည်းထားချင်လို့ …. ။
(ဒီဇင်ဘာဘလော့မှ ကူးယုဖော်ပြပါသည် )
ဆုတောင်းတိုင်းသာ -----------------------------
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ချစ်သူရဲ့ ရင်ထဲက ခံစားချက်တွေကို
စာရွက်ပေါ်ရေးချတဲ့ အခါ
ကြားခံအဖြစ်သုံးတဲ့ လက်ဖ၀ါးနုနုကို
ဆုပ်ကိုင်ပြီး တူတူလမ်းလျှောက်ထွက်ချင်တယ်။
လိုချင်တာတခုရဖို့ ကျန်တဲ့အရာတခုစွန့်လွှတ်မှတဲ့လား...
ဒါဆို....
ချစ်သူရဲ့ အသံကို အမြဲကြားရဖို့
ငါသိပ်ကြိုက်တဲ့
သီချင်းတွေနဲ့ မှစတေးရမယ်ဆိုလည်း
ဒီတသက် ငါ့ ကမ္ဘာမှာ သီချင်းတွေ မရှိလည်းဖြစ်တယ်။
ဖြစ်နိုင်ရင်
ချစ်သူကိုဘေးနားထား
အပေါစားကော်ဖီခပ်ခါးခါးတခွက်
အရသာခံ သောက်ကြည့်ချင်တယ်...
မင်းဘေးနားရှိနေမှတော့
အပေါစားကော်ဖီလည်း
အစွမ်းကုန်ကို ချိုမြိန်နေမှာသေချာတယ်။
မသေခင်ဒီဘ၀မှာ
ချစ်သူ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်
အလွတ်ရပြီးသားသီချင်းတစ်ပုဒ် ငြီးဆိုရင်း
အပေါစားကော်ဖီတခွက်တော့
အရသာခံသောက်ကြည့်ချင်သေးတယ်။
အဝေးမှ ချစ်သူထံသို့ ---------------------
အဝေးမှာ ရှိနေပေမယ့်လည်း
နံဘေးမှာ ရှိနေသလိုပါပဲ ။
အနမ်းတွေ မခံစားရပေမယ့်လည်း
ပင့်ရှိုက်သံတွေ ကြားနေရသလိုပါပဲ ။
အကြည့်တွေ ဆုံဆည်းခွင့်မရှိပေမယ့်လည်း
အပြုံးတွေ ဖလှယ်နေရသလိုပါပဲ။
လက်ချင်းဆုတ်ကိုင်မှုတွေမရှိပေမယ့်လည်း
ရင်ခွင်ထဲ ခိုလှုံနေမိသလိုပါပဲ။
 (ကျွန်မ၏မှတ်စုများဘလော့မှ ကူးယူဖော်ပြပါသည်။)
Monday, November 23, 2009
ဥပေက္ခာအချစ်
သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။
လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။
တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။
ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်လေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။
လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….
နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။
အချစ်တစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….
(ရေးသားသူ = နိုင်းနိုင်းစနေ)
(ကြိုက်နှစ်သက်ပါသဖြင့် ကူးယူဖော်ပြပါသည်။)
နတ်တော်လ
ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။
(ဖိုးသူတော် ဦးမင်း)
နတ်တော်လသည် မြန်မာလများတွင် ၉ လမြောက်ဖြစ်ပြီး ဟေမန္တ ဆောင်းရာသီသို့ ၀င်ရောက်စကာလဖြစ်၍ နံနက်ခင်းတွင် နေရာ အနှံ့အပြား ဆီးနှင်းများဖြင့် မှိုင်းဝေရီလျှက် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ကျရောက်ပါသည်.
ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍ နတ်တော်လတွင် ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင် ဖြစ်သည်.
၁၃၀၆ ခုနှစ်သို့ရောက်သောအခါ နတ်တော်လအတွက် ရာသီပွဲတော် တစ်ခု ထူးခြားစွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကား မျက်မှောက်ခေတ်တွင် တစ်စ တစ်စ ထွန်းကားလာသည့် စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုတော်ပွဲဆိုသည်မှာ ဘုရင့်ခေတ်က တွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်သည်. .
စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ် နေ့တစ်နေ့ရှိသည်. . ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် အလွန်ထင်ရှားသည့် စာဆိုတော်ကြီး ဦးပုညကို ချီးကျူးဂုဏ်ပြုသည့် ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲသည် ဦးပုညနေ့နှင့် ဆက်စပ် ဖြစ်ပေါ်လာသဖြင့် ဦးပုညနေ့ကို မြစ်ဖျားခံသည်ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်. .
(ရေးသားသူ မေ 16)
Sunday, November 22, 2009
ချစ်သူထံ
မေတ္တာရဲ့ အရံအတား တွေကို
သစ္စာဆိုတယ့် အမှန်တရားနဲ့ ဖြိုခွင်းမယ်
ကိုယ်ချစ်တာ မင်းသိစေ ။
ချစ်ခြင်းရဲ့ ခလုတ်ကန်သင်း တွေကိုတော့
မြတ်နိုးခြင်း သရုပ်မှန်နဲ့ အပြုတ်နှံ ရှင်းပစ်မယ်
မင်းမြင်နိုင်စေ ချစ်သူ ။
ရင်နာစရာ ခါးသီးမှုတွေကို
အကြင်နာ အင်အားနဲ့ တားဆီးမယ်
ချစ်သူ ကြားသိ နိုင်စေ ။
အလွမ်းက စစ်ခင်း ရင်တော့
အချစ်ရဲ့ မြှားနဲ့ ပစ်ခွင်းမယ်
မင်းရင်တွင်း ရောက်စေကွယ် ။
(  tailon111 ရေးဖွဲ့ပါသည်။)
Friday, November 20, 2009
ဘ၀အမှားများထဲမှ တစ်ချို့
တကယ်တော့ နောင်တဆိုတဲ့စကားလုံးက ကောင်းတဲ့စကားတော့မဟုတ်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ အမှားလုပ်မိတဲ့သူမှာသာ ဒီနောင်တ ဆိုတဲ့စကားက ရှိတာကိုး။ အစကတည်းက မမှားရင် နောင်တဆိုတာဘယ်လာ ရှိပါတော့မလဲ။ ဒါပေမယ့်လည်း လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြတော့လည်း နောင်တဆိုတာ လူတိုင်းမှာ ရှိနေကြရတာပါပဲ။ မှားခဲ့တဲ့အမှားကို နောက်တစ်ခါ ထပ်မမှားရအောင် အချိန်မီပြုပြင်နိုင်ရင်တော့ ဒီလူဟာလူတော် တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် ကိုယ်မှားနေတာလည်း သိတယ်၊ ဘာမှားမှန်းလည်း သိပေမယ့် မပြင်နိုင်တဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။
ကျွန်တော်လည်း လူထဲကလူမို့ မှားဖူးတာတွေကတော့ ပြောမနေနဲ့တော့။ ရခဲ့တဲ့နောင်တတွေဆိုတာ ပုံးတွေ အိတ်တွေနဲ့ထည့်လို့ရမယ်ဆိုရင် ကွန်တိန်နာ တစ်လုံးစာတောင်ကမယ် မထင်ပါဘူး။ လောကမှာ ဒီလောက်များတဲ့ အမှားတွေ လုပ်မိရင် ပြန်ရောပြင်နိုင်ရဲ့လားလို့ မေးရင်တော့ ကျွန်တော့်အဖို့ကတော့ မပြင်နိုင်တာက များပါတယ်လို့ ပြောရမှာပဲလေ။ ဘာလို့လဲဆိုတော့ တစ်ကြိမ် တစ်ခါသာရတတ်တဲ့ အခွင့်အရေးတွေကို ကျွန်တော်က ဖြုန်းတီးခဲ့မိလို့ပါလို့ပဲ ဖြေရမှာပေါ့လေ။ ဒါပေမယ့်လည်း ခုချိန်ထိ ကျွန်တော်မှားနေတုန်းပါဘဲ။ ကြာလာတော့ အဲလိုမှားတာကိုက ကျွန်တော့်အတွက်က အမှန်လိုဖြစ်နေတော့ လူတွေနဲ့ ဝေးဝေးကိုရောက်နေသလို ခံစားလာရတယ်။
အမှန်အတိုင်းပြောရရင် ကျွန်တော် စိုက်ပျိုးရေးဆိုတာကို စိတ်မ၀င်စားပါဘူး။ ကျွန်တော် စိတ်ဝင်စားတာက
ကွန်ပျူတာနဲ့ပတ်သက်တာတွေပါ။ ဒါပေမယ့် မိဘတွေရဲ့ အလိုဆန္ဒအတိုင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကို တက်ခဲ့ပါတယ်။ အဲတာက ဘ၀ပြောင်းလဲဖို့ အစပျိုးလိုက်တာဘဲ။ အဲဒီမှာ ချစ်သူတစ်ယောက်ရခဲ့တယ်။ ကျောင်းပြီးတော့ ကုန်သည်၊ ပွဲစားလုပ်မလို့ ကြံရွယ်နေတုန်း အချက်(2)ချက်ကြောင့် အခုအလုပ်လုပ်တဲ့ ဌာနမှာ လုပ်ဖြစ်ခဲ့တယ်။ (1)က မိဘတွေက ကုန်သည်၊ ပွဲစားဆိုတာက လူရိုသေရှင်ရိုသေဖြစ်အောင် အစိုးရအလုပ်ပဲ လုပ်ပါဆိုပြီး တိုက်တွန်းတယ်။ (2)က အဲဒီတုန်းက ချစ်သူက တူတူနီးရအောင် ဒီဌာနကို တူတူလျှောက်ရအောင်တဲ့။ ချစ်သူကို ဆုံးရှုံးမှာ ကြောက်လွန်းလို့ အရိပ်လိုနေခဲ့တဲ့တာဟာ တကယ်တော့ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ အခုအချိန်မှာ ကျွန်တော်နဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ ပြန်ပြင်လို့ မရနိုင်တော့တဲ့ အမှားဟာ တစ်ဘဝလုံးအတွက် နောင်တတစ်ခုပါဘဲ။ အမှားတစ်ခုအတွက် ပေးဆပ်လိုက်ရတာက များလွန်းတော့ နောက်ကို ထပ်မှားအောင် ဘဝကပေးလိုက်တဲ့ သင်ခန်းစာရလိုက်တယ် လို့ပဲ ယူဆရတော့ပေါ့။ 
အဲလိုနဲ့ ကျနော်က ပညာရေးနဲ့ပတ်သက်ပြီး စိတ်မ၀င်စားဘူး။ အမ်အက်စီနဲ့ နိုင်ငံခြား ထွက်ချင်တဲ့စိတ်တော့ ရှိတယ်။ ဒါက စိတ်ဘဲရှိတာကို ပြောတာ။ လက်တွေ့ကြိုးစားချင်စိတ်မရှိဘူး။ ကျွန်တော်ဆိုတဲ့ကောင်က ရှေ့နောက်မစဉ်းစားဘူး လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့သူဆိုတော့ နောင်တတွေ ကွန်တိန်နာ တစ်လုံးလောက် ရှိနေတာ ဘာဆန်းလဲနော်။ 
အချစ်ရေးကတော့ ပိုဆိုးတယ်။ 1 go 2 come 3 wait တဲ့။ ဒါပေမယ့် ကျွန်တော် လိုချင်တဲ့ ချစ်ခြင်းကို ဘယ်သူကမှ မပေးနိုင်ပါဘူး။ ကျွန်တော်ကလဲ အရမ်းသ၀န်တိုတတ်တယ်။ အဲတာ ချစ်သူမှ မဟုတ်ဘူး။ သူငယ်ချင်းဆိုလဲ အဲလိုဘဲ။ သ၀န်တိုတယ်အမည်ခံပေမယ့် ကျွန်တော်ထက် အခြားသူကို ဂရုစိုက်ရင် မကြိုက်ဘူး။ ကျွန်တော့်စိတ်က။ ဟင်းဟင်း။ ကျွန်တော်က လူမှုရေးမှာ အဲလိုအတ္တကြီးတယ်။ အဲတာကြောင့် အချစ်ရေးမှာ ကိုယ်ကိုယ်ကို ကံမကောင်းဘူးလို့ထင်တယ်။ လိုချင်တာကို ဘယ်တော့မှ မရတတ်ဘူး။ ခုလဲ မိန်းကလေးတစ်ယောက်ကို ချစ်မိနေဘီ။ ဒါပေမယ့် သိပါတယ်။ ကျွန်တော်ရဲ့အတ္တနဲ့ သူရဲ့ ----------- ကြောင့် ပြတ်မယ် ထင်ပါတယ်။ ကျွန်တော်ကတော့ လက်ထပ်ဖို့အထိ ရည်စူးထားတာပါ။ ဒီတခါတော့ ကံကောင်းပါရစေလို့ အမြဲဆုတောင်းမိတယ်။
ဒါတွေက ကျွန်တော်ရဲ့ ကွန်တိန်နာတစ်လုံးစာလောက်ရှိတဲ့ အမှားတွေထဲက မှားခဲ့တာ တချို့ကိုပြန်ပြောပြတာပါလေ။ ဘဝနဲ့ လဲလိုက်ရတဲ့ နောင်တလေးတွေပေါ့။ ကျော်လွန်ခဲ့တဲ့နှစ်တွေက ဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ ဒါပေမယ့်လေ ဆယ်တန်းစာမေးပွဲတွေ နီးလာပြီဆိုရင်တော့ ရင်ထဲမှာ နာကျင်ခဲ့ရတဲ့ဝေဒနာက အသစ်ပြန်ဖြစ် လာတယ်ထင်ရအောင် ပြန်နာလာတတ်ပါတယ်။ ဆယ်တန်းဆိုတာဟာ လူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်နိုင်တယ်ဆိုတာ သိနေရက်သားနဲ့ မိုက်ခဲ့တဲ့ ကျွန်တော်ဟာ ခုဆို ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ရုန်းကန်လှုပ်ရှားနေရပါပြီ။
(ဒီအကြောင်းအရာတွေက ကျွန်တော်ရဲ့ဘ၀ဇာတ်ကြောင်းထဲက အဖြစ်အပျက်အမှန်တွေပါ။ ဒါလေးကို ရေးချင်နေတာ ကြာပါဘီ)
ထာဝရငါ့ရင်ထဲမှာ နင်ပါ
တောင်းဆိုတာလည်း မဟုတ်ဘူး
တောင်းပန်တာလည်းမဟုတ်ဘူး
၇င်ဖွင့်လွှာပါ .......................
မာနတွေလည်း ချခဲ့ပြီးပြီ
မာယာတွေလည်း လွင့်ကုန်ပါပြီ
နင့်ကို ဆက်ချစ်ဖို့
အတ္တတော့ ကျန်နေသေးတယ် ။
သတိ၇မိတာ ....အမှန်ပါ ..........
တိုက်ဆိုင်လို့မဟုတ်ဘဲ
လွမ်းတတ်တာလည်း .......ငါမငြင်းပါဘူး ..။
ခ၇ီးအဆုံးထိ အတူတူလျောက်ချင်စိတ်လည်း
ခဏ ခဏ ဖြစ်မိပါတယ် ...................။
ငါ့မျက်၇ည်တွေများ လိုနေသေးလားဟာ
ခုချိန်ထိ
ငါပေးခဲ့တာ ........နင်ေ၇ချိုးဖို့တောင် လုံ့လောက်ပါ၇ဲ့ ........
ဘာပဲဖြစ်ဖြစ်လေ
ငါ့၇င်ထဲမှာ နင့်နာမည်ထိုးထားပြီးပြီပဲ ...........
ငါဟာ ထာဝရ နင်ပါ .........။
Thank For Your Love
ချစ်သူ..............
ပေးခဲ့တဲ့ကြင်နာခြင်းတွေအတွက်
ငါကျေးဇူးတင်ပါတယ်...။
ငါဝမ်းနည်းတဲ့အချိန်တိုင်းမှာ
မင်းဆီကနှစ်သိမ့်မှုတွေကို
ငါတမ်းတနေမိတယ်။
ငါတစ်ယောက်ထဲအမှောင်ထဲမှာ
ေ၀၀ါးလို့ လမ်းပျောက်နေချိန်
လက်တွဲခေါ်မယ့်ချစ်သူလက်ကို
ယောင်ယမ်းတမ်းတမိတယ်။
ချစ်သူ......................
ငါ့မျက်ဝန်းမှာမျက်ရည်တွေစိုစွတ်တိုင်း
ငါ့ကိုဖေးမနှစ်သိမ့်ပေးမယ့်
ချစ်သူမင်းကိုလွမ်းမိတယ်
နွေဥသြရဲ့ တွန်သံကြားတိုင်းလွမ်းမိတဲ့
ရင်ခွင်တစ်စုံကတော့
မင်းရှိရာကိုတမ်းတလို့ 
အချိန်တိုင်းလွမ်းနေဆဲပါ။
ချစ်သူ.............
ငါ့ဘေးနားမှာထာဝရရပ်တည်ပေးပါနော်။
ထပ်တူအချိုးကျ
မမေးနဲ့ ပြောပြပြီးသား
ရင်မှာဘယ်လောက်ချစ်ကြောင်းကို
မတွေးနဲ့ ဆုံးဖြတ်ပြီးသား
ရင်ဆိုင်သွားမယ်အားလုံးကို
မသွားနဲ့ တောင်းဆိုပြီးသား
ငါနဲ့ဝေးရာအရပ်ကို
မငြင်းနဲ့ ပေးခဲ့ပြီးသား
နားလည်မှုနဲ့ ချစ်ခြင်းကို
မဟားနဲ့ ရှုံးနိမ့်ပြီးသား
ချစ်ခြင်းအတိနဲ့ရင်ထဲကို
ဒီလို
အရာရာခွင့်လွှတ်
လက်ကျန်ကုန်အောင်ပေးထားလို့များ
ဘာမှမသိ နတ္ထိလူသား
အထင်မှား
ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့်
ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့
အမုန်းနယ်နိမိတ်မှာ
တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်
ချစ်ခြင်းနဲ့ထပ်တူအချိုး ....
Wednesday, November 4, 2009
မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ
အခုဆိုရင် မြန်မာဘလောဂ့် လောကမှာ ဘလောဂ့်ရေးသူတွေ များပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကို ခွဲခြားစိတ်ဖြာ ကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒိုင်ယာရီသဘောမျိုး ရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက် ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကို အသုံးချပြီး အဖွဲ့အစည်းအရ တိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရ တိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။
ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ ခေါ်ခံခဲ့ရတဲ့ ပြည်သူတွေကတဆင့် မြန်မာပြည်က သတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင် တော်လှန်ရေးအပြီး တစ်နှစ်ကျော် ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ်။ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ ဗဟုသုတ နည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသ ၀န်းကျင်ဟာလည်း နာမည်ကြီး စာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာ ပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်း ခင်မင်ရင်းနှီးမှုတွေ ရှိကြတယ် ၊ ဘလော့ဂါ စင်မီနာတို့ ဘလော့ဂါ ဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေ အသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူ တွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေ ပြည့်ကျပ်လာတယ် ။ အဲလို အခြေအနေတွေကြား စဉ်းစားသင့်တဲ့ အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေး ချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။
တနေ့တခြား တိုးပွားလာတဲ့ မြန်မာဘလောဂ့်တွေကြား ဘယ်သူမှ စဉ်းစားမိပုံမရတဲ့ မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာ ဘလောဂ့်လောကနဲ့ ယှဉ်ရင် ဘယ်လို အဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲ ဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီ အဆင့်အတန်း ဆိုတာဟာ ဘန်နာ ဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခု ရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့် ဘယ်လောက်ရှိနိုင်တယ် ဆိုတာထက် ၊ ဘလောဂ့်ကို ဘယ်လိုလှပအောင် မွမ်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိ အခြေအနေ ပိုတိုးတက်ဖို့ ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်ဖို့ ဘယ်လို ပံ့ပိုးနေသလဲ ဆိုတာပဲ ဖြစ်ပါတယ် ။
Thanlwin Ain Mat နိုင်ငံတကာရဲ့ ဘလောဂ့်လောကကို လေ့လာမယ်ဆိုရင် ပထမဆုံး စိတ်ဝင်စားစရာ အချက်ကတော့ ဘလောဂ့်တွေကို ပညာရေး နယ်ပယ်တွေမှာ အသုံးပြုလာကြတာပါပဲ ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခုခေတ်မှာ ကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ် ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက် စီးနင်းလိုက်ပါ နေကြသူတွေ ဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့ သင်ကြား လေ့လာမှုတွေမှာ သူတို့ ယဉ်ပါးတဲ့အရာတွေကို အထောက်အကူ အဖြစ်သုံးရင် ပိုထိရောက်မှု ရှိနိုင်တယ်လို့ ပညာရေးပိုင်း လေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့် သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန် နှီးနှောဖလှယ်သည့် သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသား ကျောင်းသူတွေကြား ဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တစ်ယောက်တည်း သင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ် စိတ်ကူးတွေနဲ့ ပံ့ပိုးပြီး တည်ဆောက်မယ် ဆိုရင် သင်ယူခြင်းမှာ ပိုပြီးထိရောက်နိုင်ပြီး အသိပညာ ပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်း လေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလို လုပ်နိုင်ဖို့ ဘလောဂ့်တွေကို အသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။
ဒါကြောင့် နိုင်ငံတကာ ဘလောဂ့်လောကမှာ ပညာရေး ဘလောဂ့်တွေပဲ သီးသန့်  စုပေါင်းထားတဲ့ နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီ နေရာဟာ ဆရာ၊ဆရာမတွေ ကျောင်းသားတွေ အတွက် စာသင်ကြားရာမှာ ဘလောဂ့်ကို အလွယ်တကူသုံးနိုင်ဖို့ သီးသန့် တည်ထောင် ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာ ဘလောဂ့်ပေါင်း နှစ်သိန်းကျော် အထိရှိနေပါပြီ ။ သူတို့ဟာ ဘလောဂ့်တွေကို စာသင်ကြားရေးပိုင်းမှာ ဘယ်လို အသုံးချကြပါသလဲ ။
သင်္ချာဆရာ တစ်ယောက်က ထောင်ထားတဲ့ Mathblog မှာ တစ်နေ့တာ အတန်းထဲမှာ သင်လိုက်တဲ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာ ပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည် ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြား ကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေ ၀င်ရေးရင်း ဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ အင်တာနက်ပေါ်က ၀ဘ်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာ ပေးပြီး ဝေမျှကြပါတယ်။ ကျောင်းသားချင်း ရှင်းပြထားတဲ့ အရေးအသားဟာ သူတို့ချင်း နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုံးတွေကို သုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲက ရှင်းပြ ထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သင်္ချာဆရာရဲ့ ပါဝင်မှုက ကျောင်းသားတွေရဲ့ တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါ ၀င်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကိုယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို ပို့စ်အနေနဲ့ တင်ပေးပါတယ် ။ အဲလို လုပ်တဲ့အခါ ကျောင်းသားနဲ့ ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ဖြစ်လာပြီး ဆရာနဲ့ ကျောင်းသားကြားမှာ တသီးတသန့်ကြီး ဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမို ရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့ အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာ ထောက်ပြရဲလာပါတယ် ။ အဲလို ဘလောဂ့်မျိုးကို သင်္ချာဘာသာ တင်သာမက သိပ္ပံ ၊ ပထ၀ီ ၊ သမိုင်း စတဲ့ ဘာသာရပ် အမျိုးမျိုးမှာ အသုံးပြု ထားတာတွေ တွေ့ရပါတယ် ။
ဆရာ၊ဆရာမတွေ သုံးတတ်တဲ့ နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့ သဘောမျိုးပါပဲ ။ နောက်ထပ် သင်္ချာဆရာမ တစ်ယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာ အတန်းထဲမှာ သင်ကြားခဲ့တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ၊ လေ့ကျင့်ခန်း ထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေ သိသင့်တဲ့ တခြား အရေးကြီးတဲ့ အစီအစဉ်တွေ အကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေ အတန်းထဲမှာ ဘာတွေ သင်နေတယ် ဘာတွေ လုပ်ကြမယ် ဆိုတဲ့ အစီအစဉ်တွေ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတဲ့ မှတ်တမ်းတွေနဲ့ ဓါတ်ပုံတွေကို မိဘတွေ သိအောင် ဘလောဂ့်ကို သုံးပြီး ဝေမျှပါတယ် ။
နောက်တမျိုး ကတော့ အင်္ဂလိပ်စာ သင်ကြားရာမှာ ဖြစ်ဖြစ် ၊ ဘာသာစကား တခုခုကို သင်ကြားရာမှာ ဖြစ်ဖြစ် ဘလောဂ့်ကို အွန်လိုင်းဒိုင်ယာရီ အဖြစ် နေ့စဉ် ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင် ကျောင်းသားအချင်းချင်း အပြန်အလှန် ဖတ်ကြ ကွန်မန့်တွေ ရေးကြနဲ့ ဘာသာစကား တခုကို ပေါ့ပေါ့ပါးပါးနဲ့ သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလို ကိုယ်ရေးချင်တာကို ရေးတဲ့အခါ ရေးတဲ့သူ အတွက်လည်း ဘာရေးရမှန်းမသိ ဖြစ်နေတာမျိုး မရှိတော့သလို ဖတ်တဲ့သူ အတွက်လည်း ဖတ်စာအုပ်ထဲက စာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့် အဖြစ်အပျက်တွေကို ဖတ်နေရတဲ့ အတွက် စိတ်ဝင်စားမှု ရှိစေပါတယ် ။
ဘလောဂ့်ဆိုတာ ပညာရေးပိုင်းမှာ သာမက အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေ ပညာသည်တွေက သူတို့ အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ် ။ အဲလို ဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန် ဘလောဂ့်တွေမှာ ရေးထားတဲ့ အကြောင်းအရာတွေလို မဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့ အရည်အချင်း (credibility) အပြည့်အ၀ ရှိပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒီဘလောဂ့်ကို ရေးသားသူတွေဟာ သူတို့ ရေးသားထားတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ နယ်ပယ်မှာ ယုံကြည်ရတဲ့ အရည်အချင်း ရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေ သဘောနဲ့ ဖတ်တာ မဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာ နေရာတစ်ခု ဖြစ်လာပါတယ် ။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရောက်ရှိပြီး အဲဒီနိုင်ငံတွေက ပညာတွေ အလုပ်အတွေ့အကြုံတွေ ရရှိထားတဲ့ မြန်မာဘလောဂါ့တွေ ဟာလည်း ကိုယ်နဲ့ သက်ဆိုင်ရာ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလို ဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီ နည်းပညာပိုင်းကို လေ့လာ သင်ကြားနေတဲ့ တက်သစ်စ မျိုးဆက်တွေကို သင်ကြားပို့ချရာ နေရာ၊ အဲလို နည်းပညာပိုင်းမှာ လုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့် သင်ယူခြင်းမျိုးနဲ့ အတူ မြန်မာပြည် တိုးတက်ရေး အတွက်လည်း တီထွင်ကြံဆ စိတ်ကူးဥာဏ်တွေကို တစစီ ပိုပို ကြီးပွားလာအောင် ပူးပေါင်း လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။
ဘလောဂ့်ရဲ့ အားသာချက်ထဲက တခုကတော့ ဘလောဂ့်ဆိုတာ ပေါ့ပါးသွက်လက်တဲ့ အသွင်ရှိပြီး စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဘောင်ခတ်ထားတဲ့ နေရာမျိုး ဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေ အတွက် စိတ်ကျဉ်းကျပ်တာမျိုး မဖြစ်စေပါဖူး ။ နောက်ပြီး ဘလောဂ့်ဆိုတာ ခုခေတ် လူငယ်တွေနဲ့ နီးစပ်တဲ့ အရာတခုလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေ ပြတာပဲ ဖြစ်ဖြစ် ဗွီဒီယို ထည့်တာပဲ ဖြစ်ဖြစ် အသံဖိုင် ထည့်တာပဲ ဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံ ကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်နိုင်ပါတယ် ။
စိတ်ကူး အကြံဥာဏ်တွေကို မြန်မာအများစု ဆွေးနွေး ဖလှယ်လေ့ ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလို လုပ်တာဟာလည်း အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲ ရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေ ထည့်ဖို့ ကန့်သက်ချက်တွေ ရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ နှီးနှောဖလှယ်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။
တခြား ဘလောဂ့်လုပ်နည်း တခုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲ လျှပ်တပြက် ပေါ်လာတဲ့အတွေး ချက်ချင်း လက်ငင်း ဖြစ်နေတဲ့ အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ် အသေးစားလေးတွေလို လုပ်ပြီး အများကို အသိပေး ဝေမျှတာမျိုး ဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ ဆိုဒ်တွေ များပေမယ့် လူသုံး အများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန် သမ္မတ အိုဘားမား အပါအ၀င် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေက အစ နိုင်ငံပေါင်းစုံက ပညာရှင်တွေအထိ သူတို့ ဘာတွေလုပ်နေတယ် ဆိုတာကို သူတို့ကို အားပေးနေသူတွေ စိတ်ဝင်စားနေသူတွေ သိရအောင် ၊ ဒါမှမဟုတ် သူတို့ ဝေမျှချင်တဲ့ စိတ်ကူး အကြံအစည်တွေ အကြောင်းအရာ အချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကို အသုံးပြုတတ်ကြတယ် ။ အဲလို အသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင် လုပ်နိုင်တဲ့ မီဒီယာ ပါဝါမျိုး ရှိစေပါတယ် ။
မြန်မာဘလောဂ့် လောကမှာလည်း ကိုယ့်ရဲ့လက်ရှိ အခြေအနေကို အသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာ တွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့ အကောင့်တွေမှာ သတင်းယူတဲ့ မြန်မာတွေ နည်းပါးသလို သူတို့တွေရဲ့ သတင်းတင်နှုန်းကလည်း အမြဲမရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့ အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး သုံးထားတဲ့ နမူနာကို ပြရရင်တော့ ABC News မှာ ကြည့်လိုက်ရတဲ့ ဆရာဝန်တွေ ခွဲစိတ်ကုသခြင်း တစ်ခု လုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ် ကျောင်းသားတွေကို သင်ပြပေးတဲ့ ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့ လူနာရဲ့ သဘောတူညီချက်နဲ့အတူ အဲဒီ ခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ် ကျောင်းသားတွေ ကြည့်နိုင်အောင် အင်တာနက်က ထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေက မေးခွန်းတွေ မေးတာကို ပြန်လည် ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန် ခွဲစိတ်နေတာကို အသေးစိတ် မြင်ရပြီး ဒါက ဘာလို့ ဒီလို လုပ်တာလဲ ဆိုတဲ့ မေးခွန်းမျိုး ချက်ချင်း မေးနိုင်တဲ့အတွက် သူတို့အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။
နိုင်ငံတကာ ဘလောဂ့်လောကမှာ အထက်မှာ ဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကို အကျိုးရှိအောင် အသုံးပြုနေတာကို ကြည့်ပြီး လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က စပြီး စည်ကားလာခဲ့တဲ့ မြန်မာဘလောဂ့် လောကမှာတော့ လိုအပ်နေတာတွေ အများကြီး ရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲ ထပ်တူလုပ်ရမယ် လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလား ဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့ လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါး နေရာတခုအဖြစ် မြန်မာဘလောဂ့်လောက တည်ရှိနေတာဟာ မကောင်းတဲ့ အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာ ဘ၀မှာ ရွေးချယ်မှုတွေ ရှိကြတယ် ။ တချို့က စိတ်ဖြေသာရာ အတွက်ပဲ ဦးစားပေးရွေးချယ် ဘယ်လို အခြေအနေ ရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘ၀မှာ အမြဲ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့ လူတွေ အတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနေနိုင်တာ မြင်ရပေမယ့် ၊ ဒုတိယအဖွဲ့က လူမျိုးတွေ အတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အရေး သိပ်ပေးတဲ့ပုံ မပေါ်သေးပါဖူး ။
ရွှေဝါရောင် တော်လှန်ရေးကာလက မြန်မာပြည်ထဲက သတင်းတွေ အလျင်အမြန် ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမ္ဘာက အသိအမှတ်ပြု ခံခဲ့ရတဲ့ မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာ မရေရာတဲ့ သတင်းတွေ ပါဝင်နေတဲ့ လူမှုဆက်ဆံရေး ချိတ်ဆက်ခြင်း (social networking) ကို အသားပေးနေတဲ့ အဆင့်မျိုးလောက်မှာ ရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်က အချိန်တွေကို ကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း အတွက်ရော ကိုယ်နဲ့ ယဉ်ပါးနေတဲ့ ဘလောဂ့်တွေကို အသုံးချဖို့ စိတ်မကူးကြတော့ဖူးလား ။
စိစစ်ရေး (censorship) မှာ ကမ္ဘာ့အချုပ်ချယ်ဆုံး နိုင်ငံတွေထဲ ပါဝင်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေ အတွက်တော့ အင်တာနက်ပေါ်က ဘလောဂ့်တွေဟာ သူတို့ မရောက်နိုင်တဲ့ လောကကို ၀င်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက် လိုပါပဲ ။ အဲဒီ ပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့ အတွေ့အကြုံတွေကို သူတို့ စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့ နည်းပညာတွေဟာ သူတို့အတွက် တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ်၊ မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေ အတွက် ဒီဘလောဂ့်တွေကို သုံးပြီး ပညာဒါနတွေ လှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့် အခွင့်အလမ်းတွေ ရှိတာ ဘလောဂ့်ရေးသူတိုင်း သိစေချင်ပါတယ် ။
ရှာဖွေလေ တွေ့ရှိလေလို့ ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာ ရုပ်လုံး ပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ ခဲယဉ်းပါတယ် ။ မြန်မာ ဘလောဂ့်လောက ဟာလည်း မြန်မာပြည်ထဲက ပြည်သူတွေအတွက် အကျိုးရှိတဲ့ ပြတင်းပေါက် တစ်ပေါက် ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက် မြန်မာဘလောဂါ့တွေရဲ့ အရည်အချင်းကို ပိုမို တိုးတက်လာနိုင်အောင် ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ မြန်မာဘလောဂါ့တွေ ပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတယ်လို့ ကောက်ချက် ချလိုက်မိပါတော့တယ်။
(သံလွင်အိမ်မက်အင်တာနက်မှ ကူးယူဖော်ပြပါသည်။)
ငါ့အဖော်
ပန်းခင်းတဲ့လမ်း
ပန်းတွေနွမ်းလည်း
ပန်းရနံကြား … မှေးစက်ပျော်….
ဆူးခင်းတဲ့လမ်း
ဆူးတွေကြမ်းလည်း
ဆူးခက်တွေကြား ….မှေးစက်ပျော်….
လွမ်းရတဲ့ အထီးကျန်ည
မျက်ရည်တွေ ရင်မှာခလည်း
အတိတ်ကိုတွေးကာ ….မှေးစက်ပျော် …
ဘ၀ပန်းတိုင်မခိုင်သရွေှ့
မျှော်လင့်နိဂုန်း မဆုံးသရွေှ့
သစ္စာတွေခိုင်ခိုင်မြဲ
မယိုင်နဲ့ စေနဲ့ကွယ် …….
ကြိုးစားမူနဲ့ထုဆစ်ကြမယ်
နေ့သစ်တွေတိုင်း လှစေချင်တယ်…
ယုံစမ်းပါနော် …..ငါ့အဖော်ရယ်…..
မျှော်လင့်ခြင်း
လစ်ဟာသွားတဲ့နေရာတစ်ခု
အချစ်တစ်ခုအတွက်
ငါသူ့ကိုချစ်ခဲ့တယ်
ငါ့ယုံကြည်ချက်
ငါ့ခံစားချက်တွေမှားယွင်းနေပြီလား
တကယ်ဆိုမျှော်လင့်ချက်နဲ့ချစ်မိတဲ့ငါ့အပြစ်လား
စစ်မှန်တဲ့အချစ်ကိုမျှော်လင့်ရင်း
မျှော်လင့်ခြင်းများစွာနဲ့
ငါချစ်နေမယ် 
(ရှင်းသန့်မေ ရေးဖွဲ့ပါသည်။)
ကိုယ့်ရဲ့နှင်းစက်လေး
တဖြည်းဖြည်းနဲ့
နေ၀င်တာစောလာပြီ
နှင်းကျတာတွေလဲ စောလာပြီ
အအေးစပြုနေတဲ့ အချိန်ပေါ့.......
အော်
ဦးဦးဖျားဖျားရောက်နှင့်နေတဲ့
ဆောင်းရေ မင်းကြောင့်
ငါ့အလွမ်းတွေပိုခဲ့ရတယ်.....
နှင်းစက်လေးကို
အရမ်းမြတ်နိုးမိလို့လေ -------
နှင်းပွင့်တွေဝေနေတဲ့
မနက်စောစောမှာ
ကို့နံဘေးမှာ မင်းရှိနေပေးပါ
အလှတွေနဲ့ပြည့်စုံနေလိမ့်မယ်........
ချစ်သူရေ
မင်းကြောင့် ကို လွမ်းတတ်ခဲ့တယ်
နှုတ်မဆက်ပါနဲ့
ခံနိင်ရည်မရှိအောင် ချစ်နေလို့ပါ.......
ချစ်သူရယ်
အချစ်မှာ အလွမ်းရှိနေမှ
ပြည်စုံတာလို့ ကိုထင်တယ်
အလွမ်းရှိနေမှလဲ
ပိုချစ်နေရတာလေ.....
ဆောင်းရာသီရဲ့
မြူနှင်းတွေကြားမှာ
ယုန်လေးမျက်နှာကို မြင်ယောင်ခွင့်လေး
ရနိုင်တဲ့ အခွင့်အရေးလေးကို
လိုချင်မိတယ် .......
မင်းကြည့်လိုက်ပါ
ကို့ရင်ထဲကို
တွေ့ပါလိမ့်မယ်
ကြည့်တတ်မယ်ဆိုရင်ပေါ့
ဟိုအဝေးကမြုနှင်းကြားမှာ
ယုန်လေးပုံရိပ်တွေချည့်ဘဲလေ.........
Tuesday, November 3, 2009
ခေါင်းစဉ်မသိ
လူတို့ဘ၀ ရေပွက်ပမာ
ကြုံလာချမ်းသာ ဆင်းရဲဟူစွာ..
မျက်တောင်တစ်ချက် လျှပ်တစ်ပြက်သို့
ခဏတာမျှ ဖြစ်ပျက်ရာ၏..
တွေ့ဆုံကြုံကွဲ ဒီသံသရာထဲ..
ရင်ဝယ်ညှိတွယ်.. သံယောဇဉ်လည်း
စွဲလန်းနှောင်ရစ် တည်ဖြစ်လေသော်..
မမြဲသောတရား အနိစ္စဟု
သိမြင်ပါမူ ခွဲခွာချိန်များ
ဘယ်မှာငိုကြွေးစရာ..လိုပါအံ့နည်း
ဘ၀တစ်ကွေ့ ခဏအတွေ့မှာ
ကြုံဆုံလာရ မိတ်ဆွေများတို့
ဖေးမရိုင်းပင်း လက်ကူတွဲရင်း
ချစ်ခင်ကြင်နာ မေတ္တာရှေ့ထား
အမုန်းများအဝေးသို့ လွင့်ပျောက်စေသော်…
လောဘဒေါသ မာန်မာနနဲ့
ညစ်ညမ်းသမျှ ဒီလောကထည်း
ဖြူစင်စိတ်ထား မွန်မြတ်နှလုံးသားနဲ့
အရိုးရှင်းဆုံးဘ၀ ငါဆက်လျှောက်မည်
မည်သူငါ့အား မုန်းလေတော့အံ့…
ငါ၏ပန်းတိုင် ဝေးသည်ထင်လည်း
မဆုတ်မနစ် အားထုတ်လင့်သော်
ဘယ်ခါမရောက် စိုးရိမ်ပူပန်
မည်သူ့ကြောက်ရန်…လိုပါအံ့နည်း
(ကဗျာလေးကို ကြိုက်နှစ်သက်ပါသဖြင့် မိုးမြင့်စိန်ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
နေပြည်တော်တွင် CDMA 450 လိုင်းများအား စတင် အသုံးပြုနိုင်ပြီ
နေပြည်တော်တွင်ယခု အောက်တိုဘာလ ဒုတိယပတ်နှင့် တတိယပတ် တို့
တွင် CDMA 450 လိုင်းများအား စတင် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်
ပေးခဲ့ပြီးနောက်ပိုင်းတွင်ရန်ကုန်မြို့၏ CDMA ဟန်းဆက် ဈေးကွက်မှာ သိသိသာ
သာတိုးတက်ပြောင်းလဲလာခဲ့ပြီးနေပြည်တော်နှင့် နေပြည်တော် ပျဉ်းမနားတို့တွင်
လည်း CDMA ဟန်းဆက်ဈေးကွက်များစတင်ပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။
“ခုဆိုရင်နေပြည်တော်နဲ့ပျဉ်းမနားမြို့ပေါ်မှာ CDMA 450 ဖုန်းတွေကိုသုံးနိုင်နေပါ
ပြီ။ CDMA 450 ကို ကတ်ဖုန်းရောလိုင်း ဖုန်းတွေပါသုံးနိုင်ပါတယ်။ နေပြည်တော်
ထဲမှာလည်း 450နဲ့ဖုန်းပြောနိုင်နေပါပြီ။ ပျဉ်းမနားမြို့ပေါ်မှာလည်း သုံးနိုင်နေပါပြီ။
ဒါပေမယ့် ဖုန်းဆိုင်ဆိုပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်၊ Prepaid ကတ်ရောင်းတဲ့ဆိုင်
ဆိုပြီး သီးသန့်တော့မရှိသေးပါဘူး။ အဲဒီအတွက် ရန်ကုန်ကနေ နေပြည်တော်ကို
သွားမယ့်လူတွေက ဖုန်းသုံးလို့ရနေပြီဖြစ်တဲ့အတွက်ရန်ကုန်ကနေဟန်းဆက်ရော
ကတ်ကိုပါတစ်ခါတည်း ဝယ်သွားကြတာများပါတယ်။ အဲဒီအတွက် ရန်ကုန်မှာအ
ရင်ကဆိုCDMA ဟန်းဆက် ဈေးကွက်က ပါးပေမယ့် ခုဆိုရင်တော့ ဒီတစ်ပတ်အ
တွင်းမှာတင် အရင်က ထက် တစ်ဆခွဲ နီးပါးလောက်ကို ရောင်းအား တက်လာပါ
တယ်။ Prepaid ကတ်တွေလည်းအရင်ကထက်ပိုပြီးရောင်းလာရပါတယ်”ဟု Mr.
Fone မှ တာဝန်ရှိဈေးကွက်ကျွမ်းကျင်သူကိုကိုအောင်မှပြောသည်။ထို့ပြင်နေပြည်
တော်ဖုန်းဈေးကွက်တွင် ဖုန်းများအားဆိုင်အချို့တွင်သာ ဝယ်ယူနိုင်ပြီးမိုဘိုင်းဖုန်း
အရောင်းဆိုင်များအနေဖြင့်သီးသန့်မရှိသေးကြောင်းသိရသည်။ဖုန်းများအားကတ်
နှင့် ဟန်းဆက်အတွဲလိုက် ရောင်းချပေးပြီး ကတ်သီးသန့်ကိုလည်း ရောင်းချ ပေး
ကြောင်းသိရသည်။ ရောင်းဈေးများအနေဖြင့် ဖုန်းနှင့်ကတ် အတွဲလိုက်အား ကျပ်
တစ်သိန်းမှ တစ်သိန်းခွဲ ဝန်းကျင်တွင်  ရောင်းချ ပေးလျက်ရှိပြီး အလည်အလတ်
ဟန်းဆက်များအားအများဆုံးရောင်းချပေးလျက်ရှိကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ
၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင်ဖော်ပြထားပါသည်။
Sunday, November 1, 2009
တန်ဆောင်တိုင်
ကောင်ကင်မှာ ကြယ်တွေစုံတော့မယ်
မကြာခင်မှာ မီရောင်စုံတွေနဲ့
လှပတဲ့ ညတခုကို ဖော်ကြူးတော့မယ်
ကောင်ကင်က သာယာနေပြီ
လလေးလဲ ပေါ်လာပြီး
အရာအားလုံးဟာ
လှပနေတဲ့ တန်ဆောင်တိုင်........
လရောင်အောက်မှာ
ကလေးတွေ ပျော်နေကြတယ်
ငါငယ်ငယ်တုန်းကလဲ
ဒီလိုဘဲလား...........
တဖြည်းဖြည်
ကောင်းကင်ကြီးအလှတွေနဲ့
ပြည့်စုံလာနေပြီ
ရောင်စုံမီးပုံးတွေ ပျံဝဲရင်းနဲ့
လှပနေတဲ့ တန်ဆောင်တိုင်..........
ငါ့ဘေးနားမှာ ဘယ်သူရှိမလဲ
အဲ့ဒီအလှတွေကို
မျှဝေခံစားပေးဖို့အတွက်လေ.............။ 
(pyae pyae ဆိုသူ ရေးဖွဲ့ပါသည်။)
ချစ်သူအတွက် ---
ချစ်သူ
မင်းရဲ့ချိုသာတဲံ့အသံက
ငါ့ရင်ကို ဖမ်းစားခဲ့တယ်.......
ချစ်သူ
မင်းနှုတ်က လွင့်စင်လာတဲ့
စကားလုံးတွေက
ငါ့အသိဥာဏ်ကိုမဲ့စေတယ်......
ချစ်သူ
မင်းတခါပြုံးလိုက်ပါ
ကောင်ကင်ကကြယ်တစင်း
ကြွေကျလာလိမ့်မယ်.........
ချစ်သူ
ဘယ်လောက်ထိချစ်ရပါတယ်လို့
မင်းပြောလိုက်တိုင်း
ကြည်နှုးမူ့နဲ့ ငိုခဲ့ရတယ်.............
ချစ်သူ
ဘာလို့ဝေးနေရလဲ
တွေးမိတိုင်း ဒေါ်သထွက်တယ်.....
ချစ်သူ
ဟိုအဝေးကြီးကို
မင်းသွားမယ်ပြောတိုင်း
ငါ့ရင်တခုလုံး ကွဲထွက်မတတ်
နာကျင်အောင် ငါလွမ်းရတယ်.....
ချစ်သူ ချစ်သူ
တို့တွေဆုံဆည်း
ရမယ့်ရက်ကို တွေးရင်
စိတ်ကူးယဉ်းခဲ့ ညတွေမှာ
မင်းပုံရိပ်တွေထင်ဟပ်နေတယ်.....
ချစ်သူ
မင်အကြောင်းတွေးနေချိန်မှာ
မြင်မြင်နေသမျှမင်းပုံရိပ်တွေ
ထင်ယောင်ထင်မှား အော်ခေါ်မိတယ်..........
ချစ်သူရယ်
မင်းကိုတွေ့ဖို့ တောင်ဆိုခဲ့တာ
ငါ့နှလုံးသားရဲ့ ပြင်းပြတဲ့
ဆန္ဒတခုပါ....
မင်းပြောလိုက်ပါ
အရမ်းချစ်တာဘဲကိုရယ်လို့ ------------------------
ငါသေမယ်ဆိုရင်တောင်
အဲ့ဒီ့သေခြင်းအတွက်
ငါ........ကျေနပ်ပါတယ်
ချစ်သူရယ် မင်းမြင်မယ်ဆိုရင်
ငါ့အသည်းထဲအထိ မင်းဝင်ကြည့်နိင်တယ်
မင်းကို ချစ်နေတာ
ငါ့နှလုံးကမှဟုတ်ရဲ့လားဆိုတာ
မင်းသိအောင်လို့ပါ........ချစ်သူ..........။
ငါက ဘယ်လိုလူလဲ
ချစ်သူရေ
နယူတန်ရဲ့ နိယာမလို
သက်ရောက်မူ့ တိုင်းမှာ
တုန်ပြန်မူ့ ရှိတယ် ဆိုရင်
မင်းကို ချစ်မိခဲ့တဲ့ သက်ရောက်မူ့ရဲ့
တန်ပြန်မူ့ဟာ
မင်းပေးခဲ့တဲ့ အလွမ်းတွေဘဲလို့
သိလိုက်ရတဲ့အချိန်မှာ
အားလုံးဟာ
တိမ်တိုက်တခုလို
လွင့်ပြယ် ခဲ့ပြီလေ....
ဘယ်လိုဘဲဖြစ်ဖြစ်
အဲ့ဒီအလွမ်းတွေပေါ်မှာ
သာယာနေမိတဲ့
ငါ့အတွက် -----------------
မင်းထားခဲ့တာကို
ကျေနပ်ရမလိုဖြစ်နေတဲ့ 
ငါက. ဘယ်လိုလူလဲဟင် ...............။
ငါ့ကို ရူးစေသူ
အရုး
အားလုံးက အရုးတွေဘဲ
တယောက်တမျိုးစိရုးနေကြတယ်
သူ့ခံစားချက်တွေအတွက်
သူရုးနေတယ်အဲ့လိုဘဲ
ငါဟာလဲ ရူးနေတယ်
အရင်က ငါမရုးခဲ့ပါဘူး
အချစ်ဆိုတာကို
မသိခင်အချိန်ကပေါ့.....
လူတွေပြောကြတယ်
လူတွေဟာ အချစ်နဲ့
ထိတွေခံစားမိရင်
အားလုံးဟာ အရုးတွေ
ဖြစ်သွားတတ်သလို
အားလုံးဟာလဲ
ကဗျာ ဆရာတွေ
ဖြစ်သွားတတ်တယ်
အဲ့လိုပြောရင်
ငါကရော ဘယ်ထဲမှာပါနေလဲ
ငါကတော့
အချစ်ကြောင့်ရုးနေတဲ့
ဘာမှမရေးတတ်တဲ့
အဓိပ္ပာယ်မရှိတဲ့
ကဗျာတွေရေးတဲ့ လူဘဲပေါ့
အဲ့လိုဖြစ်အောင်
ဖန်တီးခဲ့တာ အချစ်ပေါ့
အချစ်က အားလုံးကို
ဖြစ်ချင်တိုင်းဖြစ်အောင်
အစွမ်းရှိတဲ့ အရာဘဲပေါ့..........။
ရင်ထဲက တစ်ယောက်သောသူ
ချစ်သူရယ်...
အရှုံးပေးခြင်းများစွာနဲ့
မင်းတစ်ယောက်တည်းကိုပဲ
မြတ်မြတ်နိုးနိုး ချစ်မိခဲ့တာပါ ...
သံသယ လှိုင်းရိုင်းတွေ
နှလုံးသားဆီ ကူးခတ်မလာပါနဲ့
ရင်ခုန်သံ မောလျလွန်းလို့
အမှန်အတိုင်း ဖြေရှင်းခွင့်ကိုတော့
ညင်သာစွာ ၀င်ခွင့်ပြုပါ ...
လမ်းမှားတဲ့ ညတွေမှာ မင်းကိုလွမ်းရတာနဲ့
အိပ်စက်ခြင်းတွေတောင် မေ့လျော့
အနမ်းအိုဟောင်းတစ်ခု အတွက်
ကဗျာတွေရေးရင်း အချိန်ကုန်နေခဲ့သူပါ ...
နောင်ဘ၀တွေအထိ
ပင်လယ်ပြင်ကြီး ရှိနေသေးရင်
ဘယ်တော့မှ မမုန်းဘဲ
အမြဲတမ်း ဆက်ချစ်နေမယ့်
အလွမ်းမဲ့နေ့စွဲတွေနဲ့အတူ
ငါ ... သစ္စာဆိုပါတယ် ...
တို့နှစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောသံတွေ
မပျောက်ဆုံးသရွေ့ နှလုံးသားစစ်စစ်နဲ့
ဟန်ချက်ညီညီ နမ်းရှိုက်နေမယ်ကွယ် ...
ဂုဏ်ယူပါတယ်
ငါဂုဏ်ယူပါတယ်
နင့်ရဲ့ရည်းစားဟောင်း list ထဲမှာ
နံပတ်စဉ် ( _ )နေရာက
ပါဝင်ခဲ့ရဖူးလို့ပေါ့။
ငါဂုဏ်ယူပါတယ်
နင်ပေးတဲ့အချစ်တုတွေပိုက်ပြီး
ပျော်ပျော်ကြီးမိုက်ခဲ့ရဖူးလို့ပေါ့။
ငါဂုဏ်ယူပါတယ်
နင်ပေးခဲ့တဲ့ရက်စက်ခြင်းသင်ခန်းစာကြောင့်
အသည်းကွဲစာမေးပွဲကို
ဂုဏ်ထူးတွေနဲ့အောင်ခဲ့ရလို့ပေါ့။
အဲသလိုမျိုး
နင်နဲ့ပတ်သက်သမျှအရာအားလုံးအတွက်
ငါဂုဏ်ယူနေဦးမှာပါ၊
Saturday, October 17, 2009
နေပြည်တော်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို တားမြစ်နေ
နေပြည်တော်ဧရိယာအတွင်း ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၊ လက်ဝယ်ထား
ရှိခြင်း၊ ရောင်းဝယ်  ဖောက်ကားခြင်းတို့ကို  အောက်တိုဘာလ ၅ ရက်နေ့တွင် စ
တင်တားမြစ်ခဲ့ပြီး ယခုအခါ စစ်ဆေးသိမ်းဆည်းနေပြီ ဖြစ်ကြောင်း နေပြည်တော်
စည်ပင်သာယာရေးကော်မတီမှသိရသည်။ နေပြည်တော်ခရိုင်အတွင်း ကြွပ်ကြွပ်
အိတ် အသုံးပြုခြင်းကို  လျှော့ချနိုင်ရေးအတွက်  စက်တင်ဘာလ  ၂၂ ရက်နေ့မှ
အောက်တိုဘာလ ၅ ရက်နေ့အထိပညာပေးကာလသတ်မှတ်၍ စည်ပင်သာယာ
ရေးဈေးများတွင်  သတိပေး ဆိုင်းဘုတ်များ  စိုက်ထူခြင်း၊  သတိပေး လက်ကမ်း
ကြော်ငြာများ  ဖြန့်ဝေခြင်းနှင့်  စည်ပင်သာယာဈေးများတွင် လိုက်လံ ဟောပြော
ဆွေးနွေးခြင်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်
ရွက်ခဲ့ကြောင်း၊ ကြွပ်ကြွပ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ အ
ဝတ်အထည်၊  စက္ကူနှင့်  အခြားပစ္စည်းများဖြင့် အစားထိုး အသုံးပြုရန် အသိပေး
ကြေညာထားသကဲ့သို့ ပတ်ဝန်းကျင် ကျေးရွာများမှ အင်ဖက် ရောင်းချသူများကို
လည်း စည်ပင်သာယာဈေးများတွင်လာရောက်ရောင်းချရန်ဖိတ်ခေါ်ထားပြီး ၄င်း
တို့အား နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ အခွန် ကင်းလွတ်ခွင့် ပြု
သွားမည်ဟု  ၄င်းကဆိုသည်။  နေပြည်တော် ခရိုင်အတွင်းရှိ မြို့ပေါ်ဈေးများနှင့်
ကြွပ်ကြွပ်အိတ်ရောင်းဝယ်ဖောက်ကားသူများထံမှကြွပ်ကြွပ်အိတ်များကိုအောက်
တိုဘာ လ ၆ ရက်နေ့မှ  စတင်၍ လိုက်လံ သိမ်းဆည်းခဲ့ရာ ယခုအခါ ကြွပ်ကြွပ်
အိတ် ပိဿချိန် ၈၂  ပိဿာ သိမ်းဆည်းနိုင်ခဲ့ပြီး ကြွပ်ကြွပ်အိတ် လက်ကားဖြန့်
ဖြူး ရောင်းချသူများက ပိဿချိန် ၂၀ လာရောက်အပ်နှံထားကြောင်းသိရသည်။
ကြွပ်ကြွပ်အိတ်  ရောင်းချသူများသည်  သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း မရှိ
သော အခြားထုတ်ပိုးပစ္စည်းများကို အစားထိုးရောင်းချရန်နေပြည်တော်စည်ပင်
က တိုက်တွန်းနှိုးဆော်ထားပြီး  ထိုကဲ့သို့ရောင်းချနိုင်ရေး အတွက်လည်း ကူညီ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်
နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရေဆင်းစိုက်ပျိုးရေးတက်ကသိုလ်
ဝေးနေကြတဲ့  ရာသီ
မိုင်ရာချီလို့ လှမ်းဝေး
ရင်ထဲကအလွမ်းငှက်လေးတွေ
သတိရခြင်းတွေအဖော်ပြု
ရှင်သန်ခဲ့တဲ့ တို့ဘ၀တစ်ခုဆီသို့
ပျော်ဝင်ပျံသန်းရင်း
 ဘ၀သစ်ထဲလျှောက်စမ်းချင်လေရဲ့
သူငယ်ချင်းတို့ရေ့ 
လွမ်းနေလို့မဖြစ်တဲ့ဘ၀မှာ
အသစ်တွေချည်း ပြည့်နေလေရဲ့
ကြိုးစားမှု ပေါင်းကူးတံတားလေးမှာ
 တို့ရှာဖွေကြမယ့့်
ရင်ထဲကဆနဒတွေအတွက်
မျှော်လင့်ခြင်းမြေကမာမှာ
 ကြယ်ရောင်စုံ လင်းလက်တယ်
 ပန်းရောင်စုံတွေလည်း  ပွင့်ဖူးသတဲ့ ။
ချစ်သောမိခင်(YAU)ရေ့ 
တာဝန်ကျေချင်တယ်
သင်ပေးလိုက်တဲ့ မျိုးစေ့တွေ
ငါ့လယ်မြေမှာ ကြဲပက်
  ထွန်ယက်ချင်သေးတယ်
   စိုက်ပျိုးချင်သေးတယ်
(ဆရာမဒေါ်မြင့်သူဇာ)
Tuesday, October 13, 2009
ရင်ထဲက ----------------------
ဟန်ဆောင်ကောင်းတဲ့
မျက်ဝန်းတစ်စုံနဲ့ ချစ်ခြင်းတွေကို
မင်းအတွက် ရည်စူး သိုဝှက်ရင်း
ငါသိမ်းဆည်းထားတယ်။
ဖြူစင်တဲ့ မျက်ဝန်းလေးနဲ့
ငါတွေ့ဆုံစဉ်က ရိုးရိုးလေး ငါပြုံးပြသော်လည်း
နှလုံးခုန်သံ ရပ်တန့်သွားလောက်အောင်
ငါ ပျော်မြူးခဲ့ရတယ်။
ဒီလိုပါပဲ တိတ်တဆိတ်
မင်းမျက်နှာ ငေးမောရင်း
စိတ်ကူးယဉ်မျှော်တွေးမိလို့ ကြယ်စင်ခြံရံ
ကောင်းကင်အောက်မှာ စိတ်ကူးယဉ်မျှော်တွေး မိလို့
ငါ့အိပ်ပျက်ညတွေ ရက်ဆက်ရတယ်
ဘယ် လို လုပ်ရ မ လဲ ..................... ရယ်။
Monday, October 12, 2009
ချစ်သူအတွက်
ကဗျာဟာ --
ခံစားချက်ရဲ့ပြတင်းပေါက်ဆိုရင်
ငါ့ကဗျာတိုင်း
မင်းကိုရည်ရွယ်တယ် ။
သီချင်းဟာ---
နှလုံးသားရဲ့သံစဉ်ဆိုရင်
ငါဆိုညည်းတဲ့ သီချင်းတိုင်း
မင်းကို ရည်ညွှန်းတယ်။
အလွမ်းဆိုတာ---
သတိရမှုရဲ့ ပြယုဂ်ဆိုရင်
ငါ့စိတ်တခုလုံး
မင်းဆီမှာ ပုံထားတယ်။
အချစ်ဆိုတာ----
ဘ၀ရဲ့ အရေးကြီးတဲ့တစိတ်တပိုင်းဆိုရင်
ငါ့ရင်ထဲက ထည့်ထားတဲ့
သံယောဇဉ်တိုင်းဟာ
မင်းအတွက်ဘဲ---
ထာဝရရှိနေပါတယ် ။ ။
Wednesday, October 7, 2009
Hotmail ၊ Gmail နှင့် YahooMail တို့၏ Password များ ပြောင်းလဲကြရန်
Microsoft ၏ Hotmail စံနစ်တွင် လုံခြုံရေး ယိုယွင်းမှုများ ရှိနေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတိပေးကာ User များအနေနှင့် Password များကို အမြန်ဆုံး ပြောင်းရန် ကြေညာခဲ့ပြီး
ရက်ပိုင်းအတွင်း Gmail နှင့် YahooMail တို့ပါ ယင်း ပြဿနာနှင့် ကြုံနေရပြီ ဖြစ်သည်။
အမည်မသိ Hacker များသည် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Online တွင် ဖေါ်ပြခဲ့ပြီးနောက် ယခုအခါ Gmail နှင့် YahooMail တို့မှ User (၂၀၀၀၀) ကျော်၏ Password များကိုလည်း Online တွင် ဖော်ပြသည်နှင့် ကြုံရသဖြင့် ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူ များနှင့် ဆိုက်ဘာရဲတပ်ဖွဲ့ အတွက် ခေါင်းစားစရာ ဖြစ်ခဲ့ကြရသည်။
ယင်း ပြဿနာသည် User များအား Hacker များက ပျော်ရွှင် ကျေနပ်စရာ ၀န်ဆောင်မှု များဖြင့် ၀ဘ်ဆိုဒ်အတုများ ဖန်တီးကာ ဆွဲဆောင်ပြီး Password နှင့် Username များ ဖြည့်ခိုင်းရာမှ အစပြုလာခြင်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက သုံးသပ် နေကြသည်။
ဗြိတိန်ရှိ Hotmail သုံးစွဲသူ(၂၁) သန်းကျော်ကို အမြန်ဆုံး Password ပြောင်းပစ်ရန် ဆိုက်ဘာရဲတပ်ဖွဲ့က တိုက်တွန်း နှိုးဆော် ထားပြီးနောက် ယခုအခါ Gmail နှင့် Yahoomail ကို အသုံးပြုသူ များသည်လည်း Password ပြောင်းလဲရန် အကြံပြုထား ပြန်သည်။
BBC သတင်းဌာနက နောက်ထပ် Gmail၊ Yahoomail၊ Mail၊ AOL၊ Comcast နှင့် Earthlink တို့မှ User Name နှင့် Password (၃၀၀၀၀)ကျော် ကိုလည်း ရေတွက် တွေ့ရှိထားကြောင်း ကြေညာခဲ့ရာ ဆိုက်ဘာ လုံခြုံရေးအတွက် ပိုမို ဦးနှောက်ခြောက်စရာ ဖြစ်လာခဲ့ရသည်။ Hotmail ၏ Password များကို အောက်တိုဘာ (၁)ရက် နေ့က Pastebin.com အမည်ရှိ ၀ဘ်ဆိုဒ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု လန်ဒန် နည်းပညာ သတင်းရပ်ကွက်က ဆိုသည်။
ကျနော်အမြင်ပြောရရင် ပတ်ဝတ်ကို ဖော်တဲ့ ဆော့ဝဲများ ရှိနေသဖြင့် မိမိအီးမေးပတ်ဝတ်များကို မကြာခဏ ပြောင်းလဲသင့်ပါတယ် ။
Tuesday, October 6, 2009
သူ အတွက် ------------------
အနေဝေးလို့
သွေးအေးမှာလား  
ရင်ခွင်ဝေးလို့
ဆွေးရမှာလား
ယောင်ချာချာငါ့အခန်းထဲ
အတွေးတွေနဲ့လှည့်ပတ်လို့
ညဉ့်တွေလည်း တပတ်လည်ခဲ့တာ
အိပ်ရာနိုးးချိန်
မြင်ချင်ပေမယ့်
ထမင်းစားချိန်
ဆုံချင်ပေမယ့်
အွန်လိုင်းတက်ချိန်
မင်းနဲ့ပြောချင်ပေမယ့်
ဖုန်းဘေးရောက်ချိန်
စကားပြောချင်ပေမယ့်
နေမကောင်းချိန်
မင်းကို တောင့်တပေမယ့်
မင်းမသိတော့
ငါဘယ်လိုပြောရမလဲ
ကြုံတွေ့ရမယ့်
အနာဂတ်မှာတော့ ……….
. . . . . . . . . .
တမ်းတခြင်း ကင်းပါစေ
လွမ်းရခြင်းတွေ ကင်းပါစေ
ခွဲရခြင်းတွေ ရှင်းပါစေ
. . . . . . . . . .
ငါတို့အချစ်စစ်မှန်ရင်လေ -----------
G Talk လွမ်းခြင်း
သူဘယ်သူ ကိုယ်ဘယ်သူ မသိသေးတဲ့
ကွန်ရက်ချိတ်ဆက်မှုအောက်မှာ
တစ်ယောက်ကို တစ်ယောက်
စကားဖောင်ဖွဲ့ ဖလှယ်ရင်းပေါ့
သာယာမှုတွေနဲ့ နေ့ရက်ဆက်ခဲ့တယ်...
onlineလေးရဲ့ နွေးထွေးမှုတွေနဲ့
offlineလေးရဲ့အေးစက်မှုတွေကြား
တို့နှစ်ယောက် ဗျာများခဲ့ကြတဲ့
အမှတ်တရ G talk လေးရယ်.....
တစ်ယောက်နဲ့တစ်ယောက်
မြတ်နိုးစွာချစ်ခဲ့ကြတုန်း
ရင်ခုန်သံခြင်း ထပ်တူပေါ့ ------------
နှလုံးသားထဲကို လှုပ်နှိုးခဲ့တဲ့
စကားလေးတစ်ခွန်း ပြန်မြင်ယောင်ကြားယောင်မိတယ်....
ကိုယ်မချစ်တော့တဲ့ နေ့အထိချစ်သွားပါရစေတဲ့
passwordတွေ ဖလှယ်ရင်း
တစ်နေ့မှာ တူညီတဲ့ ချစ်ခြင်းတစ်ခု ကို
အသက်သွင်းဖို့သဘောတူခဲ့ကြတယ်..
ငါလေ အရမ်းချစ်ခဲ့တယ် -------------
ပုံအောပြီးချစ်ဖို့ ငါ့နှလုံးသားကို သူအမိန့်ပေးနိုင်ခဲ့လို့
သူမရှိတော့တဲ့ offline နေ့ရက်တွေကြား
ငါဟာ မော်နီတာရှေ့မှာ
မင်းနဲ့ချစ်စကားဖလှယ်ခဲ့တာလေးတွေ
ပြန်ကြည့်ရင်း လွမ်းဆွတ်သတိရနေမိတယ် ---------
တမ်းတခြင်းတွေ ငါ့ရင်ကို ပူလှောင်ရင်းနဲ့ပေါ့
ငါဟာမင်းရဲ့ Messageတွေကို မျှော်လင့်ရင်း --------------------