Friday, July 30, 2010

အမုန်း

ချစ်သူရယ် ငါကလေ

ရိုးသားပွင့်လင်းမှု့ တွေကို နှစ်သက်တဲ့သူ

နင်ကလေ ငါ့ရဲ့ ရိုးသားမှု့ တွေအပေါ်

လိမ်ညာ လှည့်ဖြား မုသားတွေ အနန္တနဲ့ 

ချစ်တယ် ချစ်တယ်လို့ ပြော

ငါကလဲ ယုံခဲ့မိတယ်လေ



သေရာပါအောင် ဝေဒနာတွေပေးလဲ

ငါ ကျေနပ်ပါတယ်

ငါ က နင်ကို တစ်ကယ်ချစ်တာကို

ချစ်သူရယ် မမုန်းရင်မနေနိုင်ဘူးလား...?



ငါကလေ နင်ကို မချစ်ရင် မနေနိုင်သူလေးပါ

အသစ်မြင်လို့ မချစ်ခြင်လဲနေပါ

ချစ်ခြင်းတွေကို စစ်တလင်းလုပ်

စစ်ခင်းရမှာက နင်နဲ့ ငါ



အနိုင်လိုချင်နေသူ မင်းလေးအတွက်

ငါအရှုံး ပေးလိုက်ပါတယ်

ချစ်ခြင်းရဲ့  အဆုံးဟာ အမုန်းတွေလား...?

Friday, July 16, 2010

ကောင်မလေးအတွက်

ကောင်မလေးရေ....
မင်းပန်ဖို့ပန်းတစ်ခင်း....
ငါ့ရင်မှာ ပျိုးခဲ့တယ်.....
မွှေးပျံ့ထုံအီနေလို့ပေါ့......

ကောင်မလေးရေ.....
ဟိုးမှာကြည့်စမ်း....
တောက်ပနေတဲ့တို့ရဲ့အနာဂါတ်တွေ....
လင်းလက်နေလိုက်တာ....

ကောင်မလေးရေ....
အားမလျှော့ပါနဲ့.....
တို့ရဲ့ခရီးတွေမဆုံးသေးခင်အထိ.....
တို့ဖန်တီးတဲ့လှေငယ်နဲ့အတူ....
ဟောဒီပင်လယ်ကြီးထဲ....
ရွက်လွှင့်ကြစို့.....

ကောင်မလေးရေ.....
မကြောက်နဲ့ကွယ့်......
မင်းအတွက်ဆို....
အရာအားလုံးလမ်းရှင်း.....
ဆူးခင်းတောတွေတောင်.....
ငါကခုတ်ထွင်ရဲသူ......

ကောင်မလေးရေ....
ဟိုးမှာတိမ်တိုက်.....
တို့အတူစီးနင်းပြီး.....
ပျော်ရွှင်တဲ့အချစ်ကမ္ဘာဆီ.....
လေဟုန်စီးနင်းကြစို့.....

ကောင်မလေးရေ....
မုန်တိုင်းထန်တဲ့.....
ဘ၀ပင်လယ်ကြီးဖြစ်ခဲ့တောင်.....
ငါက....မင်းအရှေ့မှာ....
ကျေက်တောင်ကြီးဖြစ်ချင်ခဲ့သူ.....

ကောင်မလေးရေ.....
မငိုပါနဲ့ကွယ်....
မင်းငိုတိုင်းကြယ်တွေတောင်ကြွေကျ......
ငါ့ရင်ထဲနွေမက......
မြေခတဲ့သစ်ရွက်တွေ....
တောင်လိုပုံလို့......


ကောင်မလေးရေ.....
ခွင့်လွတ်ပါကွယ်......
တခါတလေဆိုးရွား......
ငါ့အမှားတွေကို......
မင်းရဲ့မေတ္တာတွေနဲ့.....
ငါ့ဘ၀တစ်ခုလုံးသိမ်းပိုက်စမ်းပါ......
မင်းအတွက်ဆိုကြည်ဖြူ....
အတူတူခရီးဆက်ချင်ပါရဲ့.....

နောက်ဆုံးထွက်သက်.....
ဆံဖြူသွားကြိုး......
အဖိုးအရွယ်ထိ......
ခိုင်မြဲသစ္စာ......
တွယ်တာနှောင်လက်.....
ရစ်ပတ်ချည်နှောင်....
အဖြူရောင်သံယောဇဉ်ကြိုးတွေနဲ့....
နူးညံ့နွေးထွေးလွန်းတဲ့....
ချစ်ခြင်းကဗျာတွေ....
သီကုံးကြစို့ကွယ့်.....
တို့အတူတူ.....

Tuesday, July 6, 2010

ဒါလားချစ်ခြင်း

တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။

ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊ ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက် အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။

အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့ နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။

အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။ အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊ အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။

အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။

သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။
အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။

အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကို ကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။

အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင် သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။
ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။

နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။
ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။

အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။
တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့် ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။

အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။
အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။ နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။

အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။
အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။
အချစ်က အရောင်လုံးဝမပယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်။

Sunday, July 4, 2010

ဘယ်လိုပြောရပ

မသွားပါနဲ့ ငါတားရင်လည်း
သောကသာ ဖြစ်တော့မှာပဲ
သွားတော့လေ ဆိုပြန်ရင်လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်မယ် ပိုင်ဆိုင်ချင်တယ်လို့
မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ငါဂရုမစိုက်ဘူးလို့
ကောင်မလေးရေ.....
ငါပြောများ ပြောရဲရင်လေ
မင်းမရှိဘဲ ငါမနေတတ်ဘူးကွာ
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား
ပြောပါ.....
ငါမင်းကို ဘယ်လို ပြောရပါ့
(နိုင်းနိုင်းစနေဘလော့မှကူးယူဖော်ပြပါသည်။)

မင်းအတွက် ကဗျာမရှိတော့ဘီ

ကြည့်စမ်း.......
အတုအယောင် မေတ္တာနဲ့
အဆိပ်သင့်ခံရတဲ့ ငါ့ ကဗျာတွေ
အတုံးအရုံး သေ နေလိုက်ကြတာ...။

ပလီပလာ အတီအတာနဲ့
အလိမ်ညာခံရတဲ့ ငါ့ခံစားချက်တွေ
ဘာကိုမှ ချမရေးရဲလောက်အောင်ပဲ...။

ကဗျာတွေ သေပြီလား... ?
ခံစားချက်တွေ မဲ့ပြီလား.... ?
သေချာတာ တစ်ခုကတော့
ငါ့စကားလုံးတွေ မီးတောက်ခဲ့ပြီ...။
(နိုင်းနိုင်းစနေဘလော့မှ ကူးယူဖော်ပြပါသည်။)

Friday, July 2, 2010

ရင်ခွင်မဲ့

ဘာတွေများလိုချင်တာရှိနေလဲ
မင်းထွက်သွားလိုက်တာ
ငါ့ရင်ဟင်လင်းပြင်ထဲမှာ
ဘာမရှိတော့ဘူးလေ

ပြောပါ
ဘာမှမရှိတဲ့ ငါ့ရင်ထဲက
မင်းလိုချင်တာ ရှိသေးရင်ပြောလိုက်ပါ
မင်းပျော်ဖို့ ငါ့ရင်ကိုစတေးပြိးသားဖြစ်နေပြီလေ

ချစ်သူရေ
မင်းထွက်သွားကတည်းက
လွမ်းနေတဲ့ အလွမ်းတွေက
နေ့ရက်တွေနဲ့ အမျှ
တနင့်တပိုး တိုးနေခဲ့တာ
ဒီနေ့ထိတိုင်းအောင်လို့ပြောရင်
မင်းရီနေမလား
ရီလိုက်ပါ ငါ့ရဲ့ အလွမ်းတွေဟာ
မင်းအတွက် ရယ်စရာဖြစ်နေမယ်ဆိုရင်
စိတ်ကြိုက်ရယ်ပြစ်လိုက်ပါ
မင်းပျော်ဖို့ အတွက်
ငါ... လွမ်းနေပါ့မယ် ချစ်သူ......။

တခါတလေ လွမ်းဆွတ်ခြင်း

ချစ်သူရေ
ဘယ်အချိန်မှာဖြစ်နေပါစေ
မင်းပုံရိပ်ကို မြင်တိုင်း
ပြန်ကြားချင်တာ
မင်းအသံလေးပါ.......
မင်းအကြောင်းတွေကြားတိုင်း
ရင်ခုန်နေတာ
အခုထိပါ

လွမ်းရအောင်တမင်ဖန်းတီးတာလား
ချစ်သူရယ်
တကယ်ဆို အရင်က အချစ်တွေ
ပြီးခဲ့ပြီဆိုပေမဲ့
အချိန်ရှိတိုင်းပြန်ဆုံဖို့မျှော်လင့်နေတာ
ရင်ထဲကပါ

ချစ်သူရေ
ဘယ်ဆီကိုရောက်နေမှန်းမသိတဲ့
အချစ်တွေကိုစောင့်မျှော်ရင်း
အချိန်တိုင်းလွမ်းနေမိတယ်

ချစ်သူရေ
လွမ်းလွန်းလို့ညတိုင်းတီးနေတဲ့
ငါ့ဂစ်တာလေးတောင် တော်တော်လေး
ဟောင်းနေခဲ့ပြီလေ

ချစ်တယ် ချစ်သူရယ်လို့ပြောချင်ပေမဲ့
တခြားတယောက်ရင်ခွင်မှာ
ပျော်နေတဲ့ မင်းကို
ဘယ်လိုအင်အားတွေနဲ့ပြောရမလဲ
ငါ့အတွက်လွမ်းနေရုံကလွဲံလို့
ဘာများရှိနေဦးမှာလဲ ချစ်သူရယ်......။