Friday, July 2, 2010

ရင်ခွင်မဲ့

ဘာတွေများလိုချင်တာရှိနေလဲ
မင်းထွက်သွားလိုက်တာ
ငါ့ရင်ဟင်လင်းပြင်ထဲမှာ
ဘာမရှိတော့ဘူးလေ

ပြောပါ
ဘာမှမရှိတဲ့ ငါ့ရင်ထဲက
မင်းလိုချင်တာ ရှိသေးရင်ပြောလိုက်ပါ
မင်းပျော်ဖို့ ငါ့ရင်ကိုစတေးပြိးသားဖြစ်နေပြီလေ

ချစ်သူရေ
မင်းထွက်သွားကတည်းက
လွမ်းနေတဲ့ အလွမ်းတွေက
နေ့ရက်တွေနဲ့ အမျှ
တနင့်တပိုး တိုးနေခဲ့တာ
ဒီနေ့ထိတိုင်းအောင်လို့ပြောရင်
မင်းရီနေမလား
ရီလိုက်ပါ ငါ့ရဲ့ အလွမ်းတွေဟာ
မင်းအတွက် ရယ်စရာဖြစ်နေမယ်ဆိုရင်
စိတ်ကြိုက်ရယ်ပြစ်လိုက်ပါ
မင်းပျော်ဖို့ အတွက်
ငါ... လွမ်းနေပါ့မယ် ချစ်သူ......။

No comments: