Sunday, July 4, 2010

မင်းအတွက် ကဗျာမရှိတော့ဘီ

ကြည့်စမ်း.......
အတုအယောင် မေတ္တာနဲ့
အဆိပ်သင့်ခံရတဲ့ ငါ့ ကဗျာတွေ
အတုံးအရုံး သေ နေလိုက်ကြတာ...။

ပလီပလာ အတီအတာနဲ့
အလိမ်ညာခံရတဲ့ ငါ့ခံစားချက်တွေ
ဘာကိုမှ ချမရေးရဲလောက်အောင်ပဲ...။

ကဗျာတွေ သေပြီလား... ?
ခံစားချက်တွေ မဲ့ပြီလား.... ?
သေချာတာ တစ်ခုကတော့
ငါ့စကားလုံးတွေ မီးတောက်ခဲ့ပြီ...။
(နိုင်းနိုင်းစနေဘလော့မှ ကူးယူဖော်ပြပါသည်။)

No comments: