Friday, July 30, 2010

အမုန်း

ချစ်သူရယ် ငါကလေ

ရိုးသားပွင့်လင်းမှု့ တွေကို နှစ်သက်တဲ့သူ

နင်ကလေ ငါ့ရဲ့ ရိုးသားမှု့ တွေအပေါ်

လိမ်ညာ လှည့်ဖြား မုသားတွေ အနန္တနဲ့ 

ချစ်တယ် ချစ်တယ်လို့ ပြော

ငါကလဲ ယုံခဲ့မိတယ်လေ



သေရာပါအောင် ဝေဒနာတွေပေးလဲ

ငါ ကျေနပ်ပါတယ်

ငါ က နင်ကို တစ်ကယ်ချစ်တာကို

ချစ်သူရယ် မမုန်းရင်မနေနိုင်ဘူးလား...?



ငါကလေ နင်ကို မချစ်ရင် မနေနိုင်သူလေးပါ

အသစ်မြင်လို့ မချစ်ခြင်လဲနေပါ

ချစ်ခြင်းတွေကို စစ်တလင်းလုပ်

စစ်ခင်းရမှာက နင်နဲ့ ငါ



အနိုင်လိုချင်နေသူ မင်းလေးအတွက်

ငါအရှုံး ပေးလိုက်ပါတယ်

ချစ်ခြင်းရဲ့  အဆုံးဟာ အမုန်းတွေလား...?

No comments: