Sunday, July 4, 2010

ဘယ်လိုပြောရပ

မသွားပါနဲ့ ငါတားရင်လည်း
သောကသာ ဖြစ်တော့မှာပဲ
သွားတော့လေ ဆိုပြန်ရင်လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်မယ် ပိုင်ဆိုင်ချင်တယ်လို့
မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ငါဂရုမစိုက်ဘူးလို့
ကောင်မလေးရေ.....
ငါပြောများ ပြောရဲရင်လေ
မင်းမရှိဘဲ ငါမနေတတ်ဘူးကွာ
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား
ပြောပါ.....
ငါမင်းကို ဘယ်လို ပြောရပါ့
(နိုင်းနိုင်းစနေဘလော့မှကူးယူဖော်ပြပါသည်။)

No comments: