Saturday, October 17, 2009
နေပြည်တော်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို တားမြစ်နေ
နေပြည်တော်ဧရိယာအတွင်း ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၊ လက်ဝယ်ထား
ရှိခြင်း၊ ရောင်းဝယ်  ဖောက်ကားခြင်းတို့ကို  အောက်တိုဘာလ ၅ ရက်နေ့တွင် စ
တင်တားမြစ်ခဲ့ပြီး ယခုအခါ စစ်ဆေးသိမ်းဆည်းနေပြီ ဖြစ်ကြောင်း နေပြည်တော်
စည်ပင်သာယာရေးကော်မတီမှသိရသည်။ နေပြည်တော်ခရိုင်အတွင်း ကြွပ်ကြွပ်
အိတ် အသုံးပြုခြင်းကို  လျှော့ချနိုင်ရေးအတွက်  စက်တင်ဘာလ  ၂၂ ရက်နေ့မှ
အောက်တိုဘာလ ၅ ရက်နေ့အထိပညာပေးကာလသတ်မှတ်၍ စည်ပင်သာယာ
ရေးဈေးများတွင်  သတိပေး ဆိုင်းဘုတ်များ  စိုက်ထူခြင်း၊  သတိပေး လက်ကမ်း
ကြော်ငြာများ  ဖြန့်ဝေခြင်းနှင့်  စည်ပင်သာယာဈေးများတွင် လိုက်လံ ဟောပြော
ဆွေးနွေးခြင်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်
ရွက်ခဲ့ကြောင်း၊ ကြွပ်ကြွပ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ အ
ဝတ်အထည်၊  စက္ကူနှင့်  အခြားပစ္စည်းများဖြင့် အစားထိုး အသုံးပြုရန် အသိပေး
ကြေညာထားသကဲ့သို့ ပတ်ဝန်းကျင် ကျေးရွာများမှ အင်ဖက် ရောင်းချသူများကို
လည်း စည်ပင်သာယာဈေးများတွင်လာရောက်ရောင်းချရန်ဖိတ်ခေါ်ထားပြီး ၄င်း
တို့အား နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ အခွန် ကင်းလွတ်ခွင့် ပြု
သွားမည်ဟု  ၄င်းကဆိုသည်။  နေပြည်တော် ခရိုင်အတွင်းရှိ မြို့ပေါ်ဈေးများနှင့်
ကြွပ်ကြွပ်အိတ်ရောင်းဝယ်ဖောက်ကားသူများထံမှကြွပ်ကြွပ်အိတ်များကိုအောက်
တိုဘာ လ ၆ ရက်နေ့မှ  စတင်၍ လိုက်လံ သိမ်းဆည်းခဲ့ရာ ယခုအခါ ကြွပ်ကြွပ်
အိတ် ပိဿချိန် ၈၂  ပိဿာ သိမ်းဆည်းနိုင်ခဲ့ပြီး ကြွပ်ကြွပ်အိတ် လက်ကားဖြန့်
ဖြူး ရောင်းချသူများက ပိဿချိန် ၂၀ လာရောက်အပ်နှံထားကြောင်းသိရသည်။
ကြွပ်ကြွပ်အိတ်  ရောင်းချသူများသည်  သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း မရှိ
သော အခြားထုတ်ပိုးပစ္စည်းများကို အစားထိုးရောင်းချရန်နေပြည်တော်စည်ပင်
က တိုက်တွန်းနှိုးဆော်ထားပြီး  ထိုကဲ့သို့ရောင်းချနိုင်ရေး အတွက်လည်း ကူညီ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်
နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရေဆင်းစိုက်ပျိုးရေးတက်ကသိုလ်
ဝေးနေကြတဲ့  ရာသီ
မိုင်ရာချီလို့ လှမ်းဝေး
ရင်ထဲကအလွမ်းငှက်လေးတွေ
သတိရခြင်းတွေအဖော်ပြု
ရှင်သန်ခဲ့တဲ့ တို့ဘ၀တစ်ခုဆီသို့
ပျော်ဝင်ပျံသန်းရင်း
 ဘ၀သစ်ထဲလျှောက်စမ်းချင်လေရဲ့
သူငယ်ချင်းတို့ရေ့ 
လွမ်းနေလို့မဖြစ်တဲ့ဘ၀မှာ
အသစ်တွေချည်း ပြည့်နေလေရဲ့
ကြိုးစားမှု ပေါင်းကူးတံတားလေးမှာ
 တို့ရှာဖွေကြမယ့့်
ရင်ထဲကဆနဒတွေအတွက်
မျှော်လင့်ခြင်းမြေကမာမှာ
 ကြယ်ရောင်စုံ လင်းလက်တယ်
 ပန်းရောင်စုံတွေလည်း  ပွင့်ဖူးသတဲ့ ။
ချစ်သောမိခင်(YAU)ရေ့ 
တာဝန်ကျေချင်တယ်
သင်ပေးလိုက်တဲ့ မျိုးစေ့တွေ
ငါ့လယ်မြေမှာ ကြဲပက်
  ထွန်ယက်ချင်သေးတယ်
   စိုက်ပျိုးချင်သေးတယ်
(ဆရာမဒေါ်မြင့်သူဇာ)
Tuesday, October 13, 2009
ရင်ထဲက ----------------------
ဟန်ဆောင်ကောင်းတဲ့
မျက်ဝန်းတစ်စုံနဲ့ ချစ်ခြင်းတွေကို
မင်းအတွက် ရည်စူး သိုဝှက်ရင်း
ငါသိမ်းဆည်းထားတယ်။
ဖြူစင်တဲ့ မျက်ဝန်းလေးနဲ့
ငါတွေ့ဆုံစဉ်က ရိုးရိုးလေး ငါပြုံးပြသော်လည်း
နှလုံးခုန်သံ ရပ်တန့်သွားလောက်အောင်
ငါ ပျော်မြူးခဲ့ရတယ်။
ဒီလိုပါပဲ တိတ်တဆိတ်
မင်းမျက်နှာ ငေးမောရင်း
စိတ်ကူးယဉ်မျှော်တွေးမိလို့ ကြယ်စင်ခြံရံ
ကောင်းကင်အောက်မှာ စိတ်ကူးယဉ်မျှော်တွေး မိလို့
ငါ့အိပ်ပျက်ညတွေ ရက်ဆက်ရတယ်
ဘယ် လို လုပ်ရ မ လဲ ..................... ရယ်။
Monday, October 12, 2009
ချစ်သူအတွက်
ကဗျာဟာ --
ခံစားချက်ရဲ့ပြတင်းပေါက်ဆိုရင်
ငါ့ကဗျာတိုင်း
မင်းကိုရည်ရွယ်တယ် ။
သီချင်းဟာ---
နှလုံးသားရဲ့သံစဉ်ဆိုရင်
ငါဆိုညည်းတဲ့ သီချင်းတိုင်း
မင်းကို ရည်ညွှန်းတယ်။
အလွမ်းဆိုတာ---
သတိရမှုရဲ့ ပြယုဂ်ဆိုရင်
ငါ့စိတ်တခုလုံး
မင်းဆီမှာ ပုံထားတယ်။
အချစ်ဆိုတာ----
ဘ၀ရဲ့ အရေးကြီးတဲ့တစိတ်တပိုင်းဆိုရင်
ငါ့ရင်ထဲက ထည့်ထားတဲ့
သံယောဇဉ်တိုင်းဟာ
မင်းအတွက်ဘဲ---
ထာဝရရှိနေပါတယ် ။ ။
Wednesday, October 7, 2009
Hotmail ၊ Gmail နှင့် YahooMail တို့၏ Password များ ပြောင်းလဲကြရန်
Microsoft ၏ Hotmail စံနစ်တွင် လုံခြုံရေး ယိုယွင်းမှုများ ရှိနေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတိပေးကာ User များအနေနှင့် Password များကို အမြန်ဆုံး ပြောင်းရန် ကြေညာခဲ့ပြီး
ရက်ပိုင်းအတွင်း Gmail နှင့် YahooMail တို့ပါ ယင်း ပြဿနာနှင့် ကြုံနေရပြီ ဖြစ်သည်။
အမည်မသိ Hacker များသည် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Online တွင် ဖေါ်ပြခဲ့ပြီးနောက် ယခုအခါ Gmail နှင့် YahooMail တို့မှ User (၂၀၀၀၀) ကျော်၏ Password များကိုလည်း Online တွင် ဖော်ပြသည်နှင့် ကြုံရသဖြင့် ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူ များနှင့် ဆိုက်ဘာရဲတပ်ဖွဲ့ အတွက် ခေါင်းစားစရာ ဖြစ်ခဲ့ကြရသည်။
ယင်း ပြဿနာသည် User များအား Hacker များက ပျော်ရွှင် ကျေနပ်စရာ ၀န်ဆောင်မှု များဖြင့် ၀ဘ်ဆိုဒ်အတုများ ဖန်တီးကာ ဆွဲဆောင်ပြီး Password နှင့် Username များ ဖြည့်ခိုင်းရာမှ အစပြုလာခြင်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက သုံးသပ် နေကြသည်။
ဗြိတိန်ရှိ Hotmail သုံးစွဲသူ(၂၁) သန်းကျော်ကို အမြန်ဆုံး Password ပြောင်းပစ်ရန် ဆိုက်ဘာရဲတပ်ဖွဲ့က တိုက်တွန်း နှိုးဆော် ထားပြီးနောက် ယခုအခါ Gmail နှင့် Yahoomail ကို အသုံးပြုသူ များသည်လည်း Password ပြောင်းလဲရန် အကြံပြုထား ပြန်သည်။
BBC သတင်းဌာနက နောက်ထပ် Gmail၊ Yahoomail၊ Mail၊ AOL၊ Comcast နှင့် Earthlink တို့မှ User Name နှင့် Password (၃၀၀၀၀)ကျော် ကိုလည်း ရေတွက် တွေ့ရှိထားကြောင်း ကြေညာခဲ့ရာ ဆိုက်ဘာ လုံခြုံရေးအတွက် ပိုမို ဦးနှောက်ခြောက်စရာ ဖြစ်လာခဲ့ရသည်။ Hotmail ၏ Password များကို အောက်တိုဘာ (၁)ရက် နေ့က Pastebin.com အမည်ရှိ ၀ဘ်ဆိုဒ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု လန်ဒန် နည်းပညာ သတင်းရပ်ကွက်က ဆိုသည်။
ကျနော်အမြင်ပြောရရင် ပတ်ဝတ်ကို ဖော်တဲ့ ဆော့ဝဲများ ရှိနေသဖြင့် မိမိအီးမေးပတ်ဝတ်များကို မကြာခဏ ပြောင်းလဲသင့်ပါတယ် ။
Tuesday, October 6, 2009
သူ အတွက် ------------------
အနေဝေးလို့
သွေးအေးမှာလား  
ရင်ခွင်ဝေးလို့
ဆွေးရမှာလား
ယောင်ချာချာငါ့အခန်းထဲ
အတွေးတွေနဲ့လှည့်ပတ်လို့
ညဉ့်တွေလည်း တပတ်လည်ခဲ့တာ
အိပ်ရာနိုးးချိန်
မြင်ချင်ပေမယ့်
ထမင်းစားချိန်
ဆုံချင်ပေမယ့်
အွန်လိုင်းတက်ချိန်
မင်းနဲ့ပြောချင်ပေမယ့်
ဖုန်းဘေးရောက်ချိန်
စကားပြောချင်ပေမယ့်
နေမကောင်းချိန်
မင်းကို တောင့်တပေမယ့်
မင်းမသိတော့
ငါဘယ်လိုပြောရမလဲ
ကြုံတွေ့ရမယ့်
အနာဂတ်မှာတော့ ……….
. . . . . . . . . .
တမ်းတခြင်း ကင်းပါစေ
လွမ်းရခြင်းတွေ ကင်းပါစေ
ခွဲရခြင်းတွေ ရှင်းပါစေ
. . . . . . . . . .
ငါတို့အချစ်စစ်မှန်ရင်လေ -----------
G Talk လွမ်းခြင်း
သူဘယ်သူ ကိုယ်ဘယ်သူ မသိသေးတဲ့
ကွန်ရက်ချိတ်ဆက်မှုအောက်မှာ
တစ်ယောက်ကို တစ်ယောက်
စကားဖောင်ဖွဲ့ ဖလှယ်ရင်းပေါ့
သာယာမှုတွေနဲ့ နေ့ရက်ဆက်ခဲ့တယ်...
onlineလေးရဲ့ နွေးထွေးမှုတွေနဲ့
offlineလေးရဲ့အေးစက်မှုတွေကြား
တို့နှစ်ယောက် ဗျာများခဲ့ကြတဲ့
အမှတ်တရ G talk လေးရယ်.....
တစ်ယောက်နဲ့တစ်ယောက်
မြတ်နိုးစွာချစ်ခဲ့ကြတုန်း
ရင်ခုန်သံခြင်း ထပ်တူပေါ့ ------------
နှလုံးသားထဲကို လှုပ်နှိုးခဲ့တဲ့
စကားလေးတစ်ခွန်း ပြန်မြင်ယောင်ကြားယောင်မိတယ်....
ကိုယ်မချစ်တော့တဲ့ နေ့အထိချစ်သွားပါရစေတဲ့
passwordတွေ ဖလှယ်ရင်း
တစ်နေ့မှာ တူညီတဲ့ ချစ်ခြင်းတစ်ခု ကို
အသက်သွင်းဖို့သဘောတူခဲ့ကြတယ်..
ငါလေ အရမ်းချစ်ခဲ့တယ် -------------
ပုံအောပြီးချစ်ဖို့ ငါ့နှလုံးသားကို သူအမိန့်ပေးနိုင်ခဲ့လို့
သူမရှိတော့တဲ့ offline နေ့ရက်တွေကြား
ငါဟာ မော်နီတာရှေ့မှာ
မင်းနဲ့ချစ်စကားဖလှယ်ခဲ့တာလေးတွေ
ပြန်ကြည့်ရင်း လွမ်းဆွတ်သတိရနေမိတယ် ---------
တမ်းတခြင်းတွေ ငါ့ရင်ကို ပူလှောင်ရင်းနဲ့ပေါ့
ငါဟာမင်းရဲ့ Messageတွေကို မျှော်လင့်ရင်း --------------------
Friday, October 2, 2009
စွန့်ပစ်ရက်သူသို့
လက်ပြပြီးမင်းနှုတ်ဆက်တဲ့အခါ
အပြုံးတွေနဲ့ပဲနေခဲ့ချင်သူပါ...
ဒါပေမယ့်..............
ငါ့အပြုံးမှာမျက်ရည်တွေဖုံးနေရင်
နင်မမြင်ရက်မှာစိုးလို့
နှုတ်မဆက်ခဲ့ပါနဲ့ချစ်သူ.........။
တစ်နေရာစီအဝေးကို
မင်းထွက်သွားတဲ့အခါ....
သတိရခြင်းတွေနဲ့သာ
ကျေနပ်ရမယ့်သူပါ...
ဒါပေမယ့်...............
လူတစ်ယောက်ကိုတကယ်လွမ်းရင်
ရင်နင့်အောင်ခံစားရတာမို့
နင်ငါ့ကိုမလွမ်းပါနဲ့ချစ်သူ.......။
တစ်နေ့နေ့မှာ
နင်ပြန်လာတဲ့အခါ...
နင့်ဆီကအကြင်နာစကားတစ်ခွန်းကိုသာ
ရင်နှင့်အမျှမျှော်လင့်မိသူပါ...
ဒါပေမယ့်.................
နင်အခေါ်ခက်နေရင်
ငါမပျော်ရက်မှာစိုးလို့
မျက်လွှာလေးကိုချ
နင်နဲ့ပြန်ဆုံတဲ့ခဏ
နင့်ရင်ခွင်ထဲငါ့ကို
ခိုဝင်ခွင့်ပြုပါချစ်သူ............။
Thursday, October 1, 2009
ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။
ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။
သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။
မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။
ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)
လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။
ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။
ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။
ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)
ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။
ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)
သီတင်းကျွတ်လ
                  ဆီမီးရယ်ထိန်   ၊ အိုင်မင်းရေကြည်က .. ၊
             ...ကြာငါးမည် ငုံအာစွင့်တယ်..  ၊  ဖူးပွင့်ချိန်ခါ ..   ။
             ...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ..  ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
             ...ပြာမှိန်လျက် မြူချေဆိုင်း .. ။
             ...ဂါရဝေ  ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
             ...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။
                       သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင်
သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။  ရာသီခွင်မှာ
တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။
ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea  Lotus ) ဖြစ်ပါသည် ။
                       သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန
္တူလ´ ဟုရေးထိုးကြသည် ။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော
မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ
သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း  ပညာရှိများ ဖွင့်ဆိုကြပါသည်
။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်
ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ
အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို
ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို
ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
                      ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက်
လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊
ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။
                     သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂
ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး
ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်
အခါကပင် ဖြစ်ပါသည် ။
                    ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ
နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ
နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ
တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ
ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ  ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊
ပတ္တမြားစောင်းတန်း  များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ
့ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
                       ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က
မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း
များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ
စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍
ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို
အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌
နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။
                      ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို
့သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို
့က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန်
ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့်
သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
                      ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏
တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော
၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏
ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို
မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏
အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ
၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ
မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု
ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
(ဒီပို့စ်လေးကို ကျနော့်ဆီရောက်လာတဲ့ အီးမေးထဲမှ တင်ပြလိုက်ပါသည်။)
ကဗျာပြန်ရေးခြင်း
ကောင်မလေးရေ 
ကဗျာတွေမရေး..စာတွေမရေးတာကြာတော့...
ကဗျာရေးဖို့စာရေးဖို့က..တော်တော်အားယူရတယ်လေ..
ကဗျာချစ်တဲ့...ငါက...ကဗျာမရေးဖြစ်တော့တာဟာ...
မချစ်တတ်တော့တာလို့..ငါ့ကိုယ်ငါယူဆတာလား..
အချစ်ဆိုတာကို...မယုံတော့တာလား...ဆိုတာ.. 
ငါလဲ..သေချာ..မသိပါဘူးလေ...
အချိန်တွေတော်တော်ကြာခဲ့မှ..ငါတဖန်ပြန်ရေးဘူးတဲ့ကဗျာက..
မင်းနဲ့စချစ်မှ...တိတ်တခိုးရင်ခုန်တဲ့စိတ်တွေနဲ့...
ကြိတ်မှိတ်ထားတဲ့ခံစားချက်တွေ..ယိုဖိတ်
တို့ ၂ ယောက်....ရင်ထဲက..တိတ်တိတ်အချစ်တွေကို...
ကဗျာလိုစာလိုလုပ်ပြီး..ရေးခဲ့တာ...
ငါအတွက်..ကဗျာဆိုတဲ့ဘ၀ကို..တဖန်ပြန်စခဲ့ခြင်းပါ.. 
ကောင်မလေးရယ်...
တနေ့ထက်တနေ့...တလထက်တလ...
တဘ၀စာလောက်ချစ်ဖို့အထိဖြစ်လာတော့..
လေးနက်ခြင်းတွေ...ပေးဆပ်ခြင်းတွေ..
ဘာတွေဝေခြင်းမှမရှိဘဲ..ငါပေးချင်ခဲ့သလို...
မင်းဆီကလဲ..ငါလိုချင်ခဲ့တာပါ...
မင်းသိတဲ့အတိုင်းပဲ...
စိုးရိမ်တတ်တာ...ပူပန်တတ်တာ..
သ၀န်တိုတတ်တာ...စိတ်ဓါတ်ကျလွယ်တဲ့...ငါပဲဆိုတာ..
ငါ့မှာကလေ..အချစ်နဲ့ပတ်သတ်ရင်...
ယုံကြည်ချက်ဆိုတာ..မင်းနဲ့မှတဖန်...ပြန်စခဲ့ခြင်းပါ...
ငါ..မင်းကို..ရင်ကွဲမတတ်..ချစ်နေခြင်း...
မင်းဘာပဲဖြစ်ဖြစ်..ငါချစ်မယ်လို့..ဆိုခဲ့ခြင်းက..
မင်းဆီက..ငါလိုချင်တဲ့...လေးနက်တဲ့အချစ်ဆိုတာကို..
ယုံယုံကြည်ကြည်နဲ့..ငါရခဲ့လို့ပါ...
ဒါပေမယ့်..ဒါပေမယ့်လေ...
ငါတခါလေတော့...တွေဝေမိတယ်...
ငါချစ်တဲ့မင်းမှာ...ငါမလိုချင်တဲ့ပေါ့ပျက်ပျက်...
ငါမလိုချင်တဲ့..မလေးနက်ခြင်း...
ငါမလိုချင်တဲ့...ဂရုမစိုက်ခြင်း...
ငါလွမ်းနေမလားလို့..မင်းမတွေးတတ်ခြင်းတွေ...ကို...
မင်းအလုပ်များနေလို့...ဒီလိုဖြစ်ခြင်းပဲဖြစ်ဖြစ်...
ငါနားလည်မှာပါလို့..မင်းတွေးထားလို့ဖြစ်ဖြစ်...
ငါ့အပေါ်...တဖြည်းဖြည်းစိတ်ပေါ့လာသည်ပဲဖြစ်ဖြစ်..
ငါမသိစေချင်တဲ့..အကြောင်းအရာတခုခုကို..လုပ်နေလို့ပဲဖြစ်ဖြစ်...
အမှတ်တမဲ့ပဲဖြစ်ဖြစ်ကွာ...
ငါ..မလိုချင်ဘူး..
ငါ..မဖြစ်ချင်ဘူး..
ငါ့စိတ်တွေ..မတွေဝေချင်ဘူး..
တွေဝေခြင်းက...ေ၀၀ါးခြင်းသို..ကူးပြောင်းကာ...
ေ၀၀ါးခြင်းက...စိတ်ကုန်ခြင်းကို..သတိပေးလို့..
စိတ်ကုန်ခြင်းက...ချစ်ခြင်းဆိုတဲ့အရာကို..ဖျက်ဆီးလိုက်ရင်...
ငါဘယ်လိုလုပ်ပြီး...အချစ်မရှိပဲ...ဆက်ချစ်နိုင်မလဲ...
ဆက်ရင်ခုန်မလဲ...ဆက်လက်ယုံကြည်မလဲ...