Monday, October 12, 2009

ချစ်သူအတွက်

ကဗျာဟာ --
ခံစားချက်ရဲ့ပြတင်းပေါက်ဆိုရင်
ငါ့ကဗျာတိုင်း
မင်းကိုရည်ရွယ်တယ် ။
သီချင်းဟာ---
နှလုံးသားရဲ့သံစဉ်ဆိုရင်
ငါဆိုညည်းတဲ့ သီချင်းတိုင်း
မင်းကို ရည်ညွှန်းတယ်။
အလွမ်းဆိုတာ---
သတိရမှုရဲ့ ပြယုဂ်ဆိုရင်
ငါ့စိတ်တခုလုံး
မင်းဆီမှာ ပုံထားတယ်။
အချစ်ဆိုတာ----
ဘ၀ရဲ့ အရေးကြီးတဲ့တစိတ်တပိုင်းဆိုရင်
ငါ့ရင်ထဲက ထည့်ထားတဲ့
သံယောဇဉ်တိုင်းဟာ
မင်းအတွက်ဘဲ---
ထာဝရရှိနေပါတယ် ။ ။

1 comment:

Unknown said...

အချစ်ဆိုတာ များများပေးပြီး နဲနဲပဲပြန်ရတာ အချစ်ပဲမို့
အာရုံ ၅ ပါးလုံးက မင်းဆီမှာဆိုတာယုံတောင်မယုံချင်ဘူး
ကွယ်..ဟဲဟဲ
ကဗျာလေးကကောင်းသားပဲ....
ဆက်ရေးပါ..အားပေးနေမယ်နော်....


မြေပြန့်သူလေး