Saturday, October 17, 2009

နေပြည်တော်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို တားမြစ်နေ

နေပြည်တော်ဧရိယာအတွင်း ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၊ လက်ဝယ်ထား

ရှိခြင်း၊ ရောင်းဝယ်  ဖောက်ကားခြင်းတို့ကို  အောက်တိုဘာလ ၅ ရက်နေ့တွင် စ

တင်တားမြစ်ခဲ့ပြီး ယခုအခါ စစ်ဆေးသိမ်းဆည်းနေပြီ ဖြစ်ကြောင်း နေပြည်တော်

စည်ပင်သာယာရေးကော်မတီမှသိရသည်။ နေပြည်တော်ခရိုင်အတွင်း ကြွပ်ကြွပ်

အိတ် အသုံးပြုခြင်းကို  လျှော့ချနိုင်ရေးအတွက်  စက်တင်ဘာလ  ၂၂ ရက်နေ့မှ

အောက်တိုဘာလ ၅ ရက်နေ့အထိပညာပေးကာလသတ်မှတ်၍ စည်ပင်သာယာ

ရေးဈေးများတွင်  သတိပေး ဆိုင်းဘုတ်များ  စိုက်ထူခြင်း၊  သတိပေး လက်ကမ်း

ကြော်ငြာများ  ဖြန့်ဝေခြင်းနှင့်  စည်ပင်သာယာဈေးများတွင် လိုက်လံ ဟောပြော

ဆွေးနွေးခြင်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်

ရွက်ခဲ့ကြောင်း၊ ကြွပ်ကြွပ်အိတ်များအစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ အ

ဝတ်အထည်၊  စက္ကူနှင့်  အခြားပစ္စည်းများဖြင့် အစားထိုး အသုံးပြုရန် အသိပေး

ကြေညာထားသကဲ့သို့ ပတ်ဝန်းကျင် ကျေးရွာများမှ အင်ဖက် ရောင်းချသူများကို

လည်း စည်ပင်သာယာဈေးများတွင်လာရောက်ရောင်းချရန်ဖိတ်ခေါ်ထားပြီး ၄င်း

တို့အား နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ အခွန် ကင်းလွတ်ခွင့် ပြု

သွားမည်ဟု  ၄င်းကဆိုသည်။  နေပြည်တော် ခရိုင်အတွင်းရှိ မြို့ပေါ်ဈေးများနှင့်

ကြွပ်ကြွပ်အိတ်ရောင်းဝယ်ဖောက်ကားသူများထံမှကြွပ်ကြွပ်အိတ်များကိုအောက်

တိုဘာ လ ၆ ရက်နေ့မှ  စတင်၍ လိုက်လံ သိမ်းဆည်းခဲ့ရာ ယခုအခါ ကြွပ်ကြွပ်

အိတ် ပိဿချိန် ၈၂  ပိဿာ သိမ်းဆည်းနိုင်ခဲ့ပြီး ကြွပ်ကြွပ်အိတ် လက်ကားဖြန့်

ဖြူး ရောင်းချသူများက ပိဿချိန် ၂၀ လာရောက်အပ်နှံထားကြောင်းသိရသည်။

ကြွပ်ကြွပ်အိတ်  ရောင်းချသူများသည်  သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း မရှိ

သော အခြားထုတ်ပိုးပစ္စည်းများကို အစားထိုးရောင်းချရန်နေပြည်တော်စည်ပင်

က တိုက်တွန်းနှိုးဆော်ထားပြီး  ထိုကဲ့သို့ရောင်းချနိုင်ရေး အတွက်လည်း ကူညီ

ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်

နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: