Saturday, October 17, 2009
ရေဆင်းစိုက်ပျိုးရေးတက်ကသိုလ်
ဝေးနေကြတဲ့  ရာသီ
မိုင်ရာချီလို့ လှမ်းဝေး
ရင်ထဲကအလွမ်းငှက်လေးတွေ
သတိရခြင်းတွေအဖော်ပြု
ရှင်သန်ခဲ့တဲ့ တို့ဘ၀တစ်ခုဆီသို့
ပျော်ဝင်ပျံသန်းရင်း
 ဘ၀သစ်ထဲလျှောက်စမ်းချင်လေရဲ့
သူငယ်ချင်းတို့ရေ့ 
လွမ်းနေလို့မဖြစ်တဲ့ဘ၀မှာ
အသစ်တွေချည်း ပြည့်နေလေရဲ့
ကြိုးစားမှု ပေါင်းကူးတံတားလေးမှာ
 တို့ရှာဖွေကြမယ့့်
ရင်ထဲကဆနဒတွေအတွက်
မျှော်လင့်ခြင်းမြေကမာမှာ
 ကြယ်ရောင်စုံ လင်းလက်တယ်
 ပန်းရောင်စုံတွေလည်း  ပွင့်ဖူးသတဲ့ ။
ချစ်သောမိခင်(YAU)ရေ့ 
တာဝန်ကျေချင်တယ်
သင်ပေးလိုက်တဲ့ မျိုးစေ့တွေ
ငါ့လယ်မြေမှာ ကြဲပက်
  ထွန်ယက်ချင်သေးတယ်
   စိုက်ပျိုးချင်သေးတယ်
(ဆရာမဒေါ်မြင့်သူဇာ)
No comments: