Wednesday, November 4, 2009

ကိုယ့်ရဲ့နှင်းစက်လေး


တဖြည်းဖြည်းနဲ့
နေ၀င်တာစောလာပြီ
နှင်းကျတာတွေလဲ စောလာပြီ
အအေးစပြုနေတဲ့ အချိန်ပေါ့.......

အော်
ဦးဦးဖျားဖျားရောက်နှင့်နေတဲ့
ဆောင်းရေ မင်းကြောင့်
ငါ့အလွမ်းတွေပိုခဲ့ရတယ်.....
နှင်းစက်လေးကို
အရမ်းမြတ်နိုးမိလို့လေ -------

နှင်းပွင့်တွေဝေနေတဲ့
မနက်စောစောမှာ
ကို့နံဘေးမှာ မင်းရှိနေပေးပါ
အလှတွေနဲ့ပြည့်စုံနေလိမ့်မယ်........

ချစ်သူရေ
မင်းကြောင့် ကို လွမ်းတတ်ခဲ့တယ်
နှုတ်မဆက်ပါနဲ့
ခံနိင်ရည်မရှိအောင် ချစ်နေလို့ပါ.......

ချစ်သူရယ်
အချစ်မှာ အလွမ်းရှိနေမှ
ပြည်စုံတာလို့ ကိုထင်တယ်
အလွမ်းရှိနေမှလဲ
ပိုချစ်နေရတာလေ.....

ဆောင်းရာသီရဲ့
မြူနှင်းတွေကြားမှာ
ယုန်လေးမျက်နှာကို မြင်ယောင်ခွင့်လေး
ရနိုင်တဲ့ အခွင့်အရေးလေးကို
လိုချင်မိတယ် .......

မင်းကြည့်လိုက်ပါ
ကို့ရင်ထဲကို
တွေ့ပါလိမ့်မယ်
ကြည့်တတ်မယ်ဆိုရင်ပေါ့
ဟိုအဝေးကမြုနှင်းကြားမှာ
ယုန်လေးပုံရိပ်တွေချည့်ဘဲလေ.........

1 comment:

အွန်စော said...

တစ်ဆောင်းတွင်းလုံး အဆက်မပြတ်ကျနေမဲ့ နှင်းစက်တွေလား။ နှင်းပေါက်တွေကို တော့ လိုက်မရေတွက် နိုင်တော့ပါဘူးနော်။ မကုန်ဆုံးနိုင်တဲ့နျင်းစက်တွေကလည်း ရှေ့ကနင်းစက်အပျော်က နောက်နှင်းစက်ရောက်၊ ဖြစ်ပျက်ပြောင်းလဲ၊ သံသရာပါပဲ ဆိုတာကို သက်သေပြနေကြလေသလားနော်။ အော်-- ဖြစ်ပျက်ပြောင်းလဲ မမြဲသောသဘောကြောင့် ဟောတစ်ယောက်၊ ဟောတစ်ယောက် ပြောင်းလဲတာလြ သဘာဝ တရားပဲ ဖြစ်မှာပါလေ။(သူများစန်းပွင့်တာကို မနာလိုတာ မဟုတ်)။ဟီး---ဟီး။