Tuesday, November 3, 2009

နေပြည်တော်တွင် CDMA 450 လိုင်းများအား စတင် အသုံးပြုနိုင်ပြီ

နေပြည်တော်တွင်ယခု အောက်တိုဘာလ ဒုတိယပတ်နှင့် တတိယပတ် တို့

တွင် CDMA 450 လိုင်းများအား စတင် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်

ပေးခဲ့ပြီးနောက်ပိုင်းတွင်ရန်ကုန်မြို့၏ CDMA ဟန်းဆက် ဈေးကွက်မှာ သိသိသာ

သာတိုးတက်ပြောင်းလဲလာခဲ့ပြီးနေပြည်တော်နှင့် နေပြည်တော် ပျဉ်းမနားတို့တွင်

လည်း CDMA ဟန်းဆက်ဈေးကွက်များစတင်ပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။

“ခုဆိုရင်နေပြည်တော်နဲ့ပျဉ်းမနားမြို့ပေါ်မှာ CDMA 450 ဖုန်းတွေကိုသုံးနိုင်နေပါ

ပြီ။ CDMA 450 ကို ကတ်ဖုန်းရောလိုင်း ဖုန်းတွေပါသုံးနိုင်ပါတယ်။ နေပြည်တော်

ထဲမှာလည်း 450နဲ့ဖုန်းပြောနိုင်နေပါပြီ။ ပျဉ်းမနားမြို့ပေါ်မှာလည်း သုံးနိုင်နေပါပြီ။

ဒါပေမယ့် ဖုန်းဆိုင်ဆိုပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်၊ Prepaid ကတ်ရောင်းတဲ့ဆိုင်

ဆိုပြီး သီးသန့်တော့မရှိသေးပါဘူး။ အဲဒီအတွက် ရန်ကုန်ကနေ နေပြည်တော်ကို

သွားမယ့်လူတွေက ဖုန်းသုံးလို့ရနေပြီဖြစ်တဲ့အတွက်ရန်ကုန်ကနေဟန်းဆက်ရော

ကတ်ကိုပါတစ်ခါတည်း ဝယ်သွားကြတာများပါတယ်။ အဲဒီအတွက် ရန်ကုန်မှာအ

ရင်ကဆိုCDMA ဟန်းဆက် ဈေးကွက်က ပါးပေမယ့် ခုဆိုရင်တော့ ဒီတစ်ပတ်အ

တွင်းမှာတင် အရင်က ထက် တစ်ဆခွဲ နီးပါးလောက်ကို ရောင်းအား တက်လာပါ

တယ်။ Prepaid ကတ်တွေလည်းအရင်ကထက်ပိုပြီးရောင်းလာရပါတယ်”ဟု Mr.

Fone မှ တာဝန်ရှိဈေးကွက်ကျွမ်းကျင်သူကိုကိုအောင်မှပြောသည်။ထို့ပြင်နေပြည်

တော်ဖုန်းဈေးကွက်တွင် ဖုန်းများအားဆိုင်အချို့တွင်သာ ဝယ်ယူနိုင်ပြီးမိုဘိုင်းဖုန်း

အရောင်းဆိုင်များအနေဖြင့်သီးသန့်မရှိသေးကြောင်းသိရသည်။ဖုန်းများအားကတ်

နှင့် ဟန်းဆက်အတွဲလိုက် ရောင်းချပေးပြီး ကတ်သီးသန့်ကိုလည်း ရောင်းချ ပေး

ကြောင်းသိရသည်။ ရောင်းဈေးများအနေဖြင့် ဖုန်းနှင့်ကတ် အတွဲလိုက်အား ကျပ်

တစ်သိန်းမှ တစ်သိန်းခွဲ ဝန်းကျင်တွင်  ရောင်းချ ပေးလျက်ရှိပြီး အလည်အလတ်

ဟန်းဆက်များအားအများဆုံးရောင်းချပေးလျက်ရှိကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ

၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: