Wednesday, November 4, 2009

ငါ့အဖော်


ပန်းခင်းတဲ့လမ်း
ပန်းတွေနွမ်းလည်း
ပန်းရနံကြား … မှေးစက်ပျော်….

ဆူးခင်းတဲ့လမ်း
ဆူးတွေကြမ်းလည်း
ဆူးခက်တွေကြား ….မှေးစက်ပျော်….

လွမ်းရတဲ့ အထီးကျန်ည
မျက်ရည်တွေ ရင်မှာခလည်း
အတိတ်ကိုတွေးကာ ….မှေးစက်ပျော် …

ဘ၀ပန်းတိုင်မခိုင်သရွေှ့
မျှော်လင့်နိဂုန်း မဆုံးသရွေှ့
သစ္စာတွေခိုင်ခိုင်မြဲ
မယိုင်နဲ့ စေနဲ့ကွယ် …….

ကြိုးစားမူနဲ့ထုဆစ်ကြမယ်
နေ့သစ်တွေတိုင်း လှစေချင်တယ်…
ယုံစမ်းပါနော် …..ငါ့အဖော်ရယ်…..

No comments: