Sunday, November 22, 2009

ချစ်သူထံ

မေတ္တာရဲ့ အရံအတား တွေကို
သစ္စာဆိုတယ့် အမှန်တရားနဲ့ ဖြိုခွင်းမယ်
ကိုယ်ချစ်တာ မင်းသိစေ ။

ချစ်ခြင်းရဲ့ ခလုတ်ကန်သင်း တွေကိုတော့
မြတ်နိုးခြင်း သရုပ်မှန်နဲ့ အပြုတ်နှံ ရှင်းပစ်မယ်
မင်းမြင်နိုင်စေ ချစ်သူ ။

ရင်နာစရာ ခါးသီးမှုတွေကို
အကြင်နာ အင်အားနဲ့ တားဆီးမယ်
ချစ်သူ ကြားသိ နိုင်စေ ။

အလွမ်းက စစ်ခင်း ရင်တော့

အချစ်ရဲ့ မြှားနဲ့ ပစ်ခွင်းမယ်
မင်းရင်တွင်း ရောက်စေကွယ် ။

(  tailon111 ရေးဖွဲ့ပါသည်။)

No comments: