Sunday, November 1, 2009

တန်ဆောင်တိုင်

ကောင်ကင်မှာ ကြယ်တွေစုံတော့မယ်
မကြာခင်မှာ မီရောင်စုံတွေနဲ့
လှပတဲ့ ညတခုကို ဖော်ကြူးတော့မယ်
ကောင်ကင်က သာယာနေပြီ
လလေးလဲ ပေါ်လာပြီး
အရာအားလုံးဟာ
လှပနေတဲ့ တန်ဆောင်တိုင်........

လရောင်အောက်မှာ
ကလေးတွေ ပျော်နေကြတယ်
ငါငယ်ငယ်တုန်းကလဲ
ဒီလိုဘဲလား...........

တဖြည်းဖြည်
ကောင်းကင်ကြီးအလှတွေနဲ့
ပြည့်စုံလာနေပြီ
ရောင်စုံမီးပုံးတွေ ပျံဝဲရင်းနဲ့
လှပနေတဲ့ တန်ဆောင်တိုင်..........
ငါ့ဘေးနားမှာ ဘယ်သူရှိမလဲ
အဲ့ဒီအလှတွေကို
မျှဝေခံစားပေးဖို့အတွက်လေ.............။ 


(pyae pyae ဆိုသူ ရေးဖွဲ့ပါသည်။)

No comments: