Sunday, November 1, 2009

ရင်ထဲက တစ်ယောက်သောသူ


ချစ်သူရယ်...
အရှုံးပေးခြင်းများစွာနဲ့
မင်းတစ်ယောက်တည်းကိုပဲ
မြတ်မြတ်နိုးနိုး ချစ်မိခဲ့တာပါ ...

သံသယ လှိုင်းရိုင်းတွေ
နှလုံးသားဆီ ကူးခတ်မလာပါနဲ့
ရင်ခုန်သံ မောလျလွန်းလို့
အမှန်အတိုင်း ဖြေရှင်းခွင့်ကိုတော့
ညင်သာစွာ ၀င်ခွင့်ပြုပါ ...

လမ်းမှားတဲ့ ညတွေမှာ မင်းကိုလွမ်းရတာနဲ့
အိပ်စက်ခြင်းတွေတောင် မေ့လျော့
အနမ်းအိုဟောင်းတစ်ခု အတွက်
ကဗျာတွေရေးရင်း အချိန်ကုန်နေခဲ့သူပါ ...

နောင်ဘ၀တွေအထိ
ပင်လယ်ပြင်ကြီး ရှိနေသေးရင်
ဘယ်တော့မှ မမုန်းဘဲ
အမြဲတမ်း ဆက်ချစ်နေမယ့်
အလွမ်းမဲ့နေ့စွဲတွေနဲ့အတူ
ငါ ... သစ္စာဆိုပါတယ် ...

တို့နှစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောသံတွေ
မပျောက်ဆုံးသရွေ့ နှလုံးသားစစ်စစ်နဲ့
ဟန်ချက်ညီညီ နမ်းရှိုက်နေမယ်ကွယ် ...

No comments: