Tuesday, November 24, 2009

နာကျင်မှုအဖူးအပွင့်

နာကျင်မှုတွေနဲ့
ဝေဆာပါစေလို့ရယ်တော့
မျှော်လင့်ပြီး စိုက်ပျိုးခဲ့တာ
မဟုတ်ဘူးလေ …. ။

မရည်ရွယ်ထားပေမဲ့လည်း
ဥပက္ခာနဲ့ ဝေဒနာတွေဟာ
သူ့အလိုလို
ဖူးပွင့်တတ်မှန်း
ငါမှ ကြိုသတိမထားမိခဲ့တာ … ။

ငါ ပျိုးကြဲခဲ့တဲ့
ဝေဒနာတွေပါပဲ…
မလိုချင်ရင်တော့
အချိန်မရွေး
ရှင်းလင်းပစ်လို့ ရတယ် … ချစ်သူ။

ဒါပေမဲ့
မင်းနဲ့ ပတ်သတ်သမျှ
ဒီနာကျင်မှုပဲ
ပိုင်ဆိုင်ရမှာ သေချာနေတော့ ……. ။

အစွမ်းကုန်ကို ဖူးပွင့်လိုက်စမ်း
နာကျင်ကြေကွဲမှုရေ…..
ငါ့ရင်ကိုအကွဲခံပြီုး သိမ်းဆည်းထားချင်လို့ …. ။


(ဒီဇင်ဘာဘလော့မှ ကူးယုဖော်ပြပါသည် )

No comments: