Sunday, November 1, 2009

ငါ့ကို ရူးစေသူ


အရုး
အားလုံးက အရုးတွေဘဲ
တယောက်တမျိုးစိရုးနေကြတယ်

သူ့ခံစားချက်တွေအတွက်
သူရုးနေတယ်အဲ့လိုဘဲ
ငါဟာလဲ ရူးနေတယ်
အရင်က ငါမရုးခဲ့ပါဘူး
အချစ်ဆိုတာကို
မသိခင်အချိန်ကပေါ့.....

လူတွေပြောကြတယ်
လူတွေဟာ အချစ်နဲ့
ထိတွေခံစားမိရင်
အားလုံးဟာ အရုးတွေ
ဖြစ်သွားတတ်သလို
အားလုံးဟာလဲ
ကဗျာ ဆရာတွေ
ဖြစ်သွားတတ်တယ်
အဲ့လိုပြောရင်
ငါကရော ဘယ်ထဲမှာပါနေလဲ
ငါကတော့
အချစ်ကြောင့်ရုးနေတဲ့
ဘာမှမရေးတတ်တဲ့
အဓိပ္ပာယ်မရှိတဲ့
ကဗျာတွေရေးတဲ့ လူဘဲပေါ့
အဲ့လိုဖြစ်အောင်
ဖန်တီးခဲ့တာ အချစ်ပေါ့
အချစ်က အားလုံးကို
ဖြစ်ချင်တိုင်းဖြစ်အောင်
အစွမ်းရှိတဲ့ အရာဘဲပေါ့..........။

No comments: