Wednesday, December 23, 2009

နှလုံးသားပိုင်ရှင်သို့


ချစ်သူရယ်
ချစ်နေမိတဲ့  နှလုံးသားက
မုသားမပါဘဲ ရိုးသားစွာ
"ချစ်တယ်" ပြောတာ
အပြစ်လား.................?
လွမ်းတတ်တဲ့  ကိုယ့် မျက်ဝန်းလေးတွေက
မင်းအပြုံးလေးတွေကို မြင်ယောင်ရင်း
မုသားကင်းစွာ လွမ်းမိတာ
အပြစ်လား.................?
မင်းအပြုံးလေး ကိုယ့် မျက်ဝန်းထဲ
ရောက်လာတဲ့  အချိန်တိုင်း
ကိုယ့်ရင်ခုန်နုန်းတွေ မြန်လာတာ
မင်း နှလုံးသားလေး ကြားခဲ့ ရင်
နှလုံးသားပိုင်ရှင်ရဲ့  နှုတ်ခမ်းလေးတွေကို
ပြောခိုင်းပေးပါ
"ချစ်တယ်" လို့ ............

No comments: