Monday, July 20, 2009

ငါ့အကြောင်း


ဘ၀တက်လမ်းအတွက်

ကြိုးစားလာခဲ့ရတဲ့ ကာလများ

ပြန်လှည့်ကြည့်လိုက်တော့

ဘာမှမဖြစ်လာသေးပါလား…..

ပညာတွေသင်ဖို့အတွက်

ရင်းနှီးခဲ့ရတဲ့ အရာများ

အခုချိန်မှာတော့

ကိုယ့်ကိုကိုယ်မပိုင်သေးပါလား….

လွတ်လပ်တဲ့ဘ၀တခုအတွက်

မျှော်လင့်နေခဲ့တဲ့ အနာဂတ်များ

တွေးကြည့်လိုက်တော့

မရေရာသေးပါလား…..

လောကကြီးရယ်

ဘယ်အချိန်ကျမှများ

ဒီဝဋ်ကြွေးတွေ

ကုန်ဆုံးတော့မှာလဲ.?????

No comments: