တစ်ချိန်ကနေ့လေး
အစဉ်ထာဝရ သတိရ
မတွေ့အားပေမဲ့
ရွေ့လျားနေတဲ့အချိန်တိုင်းမှာ
ကို့ အပြုံးကိုမှန်းဆ
သဲလေးလွမ်းခဲ့ရပါတယ်
ဒါပေမဲ့...........
ကို ရောလွမ်းနေမလားလို့
သက်ပြင်းကိုအခါအခါချ
မှန်းဆမိတယ်ချစ်သူရယ်
တစ်ခါတစ်လေ.....
ကို နဲ့ဝေးရမှာလားဆိုတဲ့
အတွေးတွေကစိုးမိုးလာတော့
အသက်ဆက်လက်ရှင်သန်ဖို့တောင်
မလွယ်တဲ့အဖြစ်တွေနဲ့
စိတ်ညစ်မိတယ် ကိုရယ်
သို့ပေမဲ့လည်း...............
စိတ်အားကိုဖြေအားတင်းမိတယ်
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ ကိုရယ်
(ချစ်သူပေးသော ကဗျာလေး)
Subscribe to:
Post Comments (Atom)
1 comment:
လာဖတ်ပြီး အားပေးသွားတယ် ကိုကျော်ထွေးအောင်။ ယု ဘလော့မှာလဲ ကဗျာတင်ထားသေးတယ်။
Post a Comment