Friday, August 28, 2009

ကံကောင်းခြင်း



မှောင်မိုက်လွန်းတဲ့ ညတွေထ
ကြယ်လေးတစ်ပွင့်တွေ့တာလည်း
ကိုယ့်အတွက် အလင်းရောင်လေးပါပဲ...

နွေခေါင်ခေါင်လွင်ပြင်ထဲ

သစ်ရိပ်တစ်ပင် တွေ့တာလည်း

ကိုယ့်အတွက်တော့ အေးရိပ်သာပါပဲ...
ကမ်းလမ်းမမြင် ပင်လယ်ပြင်ထဲ
ခြေတစ်ဖက်စာ ကုန်းမြေတွေ့တာလည်း
ကိုယ့်အတွက်တော့ ရပ်တည်ရာပါပဲ...

မသေချာသေးတဲ့ မနက်ဖြန်တွေထဲ

အသက်ရှင်ရတဲ့ ဒီနေ့တိုင်းဟာလည်း

ကိုယ့်အတွက်တော့ မျှော်လင့်ချက်ပါပဲ...

သန်းပေါင်းခြောက်ထောင်ကျော်တဲ့
လူတွေထဲ
ချစ်တဲ့သူမင်းကို
ပိုင်ဆိုင်ခွင့်ရတာလည်း
ကိုယ်ဟာကံအကောင်းဆုံး လူသားပါပဲ...။ ။

No comments: