Friday, August 28, 2009

လက်တွဲမဖြုတ်ကြေး


မိုင်ထောင်ချီဝေးနေလို့
လွမ်းရတယ် ချစ်သူရယ်

အနေဝေးတာ အတိုင်းအတာတစ်ခုမို့

တို့နှစ်ဦးသာ ချစ်နေကြရင်

တည်နေရာ ဘယ်လောက်ဝေးဝေး

နှလုံးသားချင်းက နီးနီးလေး...

ခွဲရတာ ရက်ရှည်ညောင်းလို့

ဆွေးရတယ် ချစ်သူရယ်

နှစ် လ ရာသီ သတ်မှတ်ချက်မို့

တို့နှစ်ဦးသာ သစ္စာရှိရင်
ရာသီစက်ဝန်း ဘယ်လိုပြေးပြေး

အချိန်ဆိုတာ ခဏလေး...

တစ်ယောက်တစ်မြေ
အနေကြာလို့
စိတ်မချတယ်
ချစ်သူရယ်

နီးစပ်မှုဆိုတာ
အတွေ့အကြုံတစ်ခုမို့

တို့နှစ်ဦးသာ ယုံကြည်ကြရင
ကြားလေတွေ ဘယ်လောက်သွေးသွေး
တွဲသောလက်တွေ မဖြုတ်ကြေး...။ ။

No comments: