Monday, August 31, 2009

--------- အတွက်



အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်….

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်…..

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်…..

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော…

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

No comments: