Monday, August 31, 2009

ကြယ်ကလေး



ကယ်ကြွေတဲ့ အခိုက်မှာ ဆုတောင်းရင် ပြည့်တယ်တဲ့
ဒါပေမဲ့ တိုတောင်းတဲ့ အချိန်မှာ
ငါဘာကိုဆုတောင်း ရမှာလည်း။
ကြယ်ကြွေကို စောင့်ရင်းနဲ့

ငါ့ကောင်းကင်မှာ ကြယ်တွေလည်း ပါးကုန်ပြီ
အခုထိ အချိန်မှီ တောင်းဆုတစ်ခုတောင်
င့ါမှာ ဖြစ်မြောက်အောင် မတောင်းနိုင်သေးဘူး။

ဒါပေမဲ့ တိုတောင်းတဲ့ အချိန်မှာ
ငါဘာကိုဆုတောင်း ရမှာလည်း။
ကြယ်ကြွေကို စောင့်ရင်းနဲ့
ငါ့ကောင်းကင်မှာ ကြယ်တွေလည်း ပါးကုန်ပြီ
အခုထိ အချိန်မှီ တောင်းဆုတစ်ခုတောင်
င့ါမှာ ဖြစ်မြောက်အောင် မတောင်းနိုင်သေးဘူး။
ကြယ်ကြွေမယ့်ကောင်းကင်ကို ကြည့်ရင်း
ငါ့ရဲ. ညတွေလည်း ပူနွေးနေပြီ
လရောင်မိုက်တဲ့ ညတွေမှာ
ငါတောင်းဆုပြုဖို့တောင် ၀န်လေးနေပြီ။
ကြယ်လေးရေ
ငါ့ရဲ. အတ္တတွေက မင်းကို ချွေနေတာမဟုတ်ပါဘူး
ငါလိုချင်တဲ့ အရာလေးတစ်ခုကို ရဖို့
မင်းရဲ. ၀ိညာဉ် လေးကို စတေးခိုင်းဖို့လည်း မရည်ရွယ်ပါဘူး
မင်းရဲ. အလင်းသက်လေး
ငါ့ရဲ. ဆုတောင်းလေးကို
အသိအမှတ်ပြုပေးရင်တော့ ငါပျော်ရွင်မိမှာ အမှန်ပါပဲ
ကြယ်ကလေးရေ။
ငါ့ရဲ. ညတွေကို အသက်ဝင်ပေးပါ ကြယ်လေးရေ။

No comments: