
Sign in......
သူလာမယ်မှန်းထင်
Gtalk မှာ
Sign in လုပ်တယ်
သူ့ ပို့ တဲ့ mail တွေလှမ်းမြင်နေရပြီ
offline.........
ရင်အရမ်းခုန်နေတယ်
သူနဲ့ မကြုံဘူးလားလို့ 
ကျွန်တော်လည်းတုန်နေတယ်
online......
ကျွန်တော်အရမ်းပျော်လာပြီ
အခုလှမ်းခေါ်ပါသည်
သူလည်းပျော်နေမည်
Idle........
အလွမ်းအုပ်စိုးပြီ
အနမ်းဘယ်ဝယ်ဆီ သူအရမ်းအချိန်ကြာသည်
Busy..........
ဘာလို့ ရက်စက်တာလဲ
ကျွန်တော်အရမ်းစိတ်ပျက်တာပဲ
အချိန်တိုင်း Busy နေဆဲ
Bye Bye.............
ကျွန်တော်တစ်ယောက်တည်းထိုင်နေမိတယ်
သူဘာလို့ Out သွားတာလဲ
ဘာအတွက် Good Luck ပြောလဲ
Sign out..........
ကျွန်တော်အရမ်းကြောက်တယ်
Sign out လုပ်ရမှာ
Gtalk လိုသူလည်းပျောက်သွားမလား..........
No comments:
Post a Comment