Thursday, May 20, 2010

ဧပြီကျိန်စာသင့်ခဲ့ဘီလား

Aprilမှာ ပျော်ကြတဲ့
လူတွေရှိတယ်
အဲ့ဒီထဲမှာငါ မပါဘူး

Aprilကို ချစ်ကြတဲ့
လူတွေရှိတယ်
အဲ့ဒီထဲမှာငါ မပါဘူး

ငါက April ကို
မေ့ပစ်ချင်တဲ့ လူတစ်ယောက်လေ
April မှာ ကျရောက်တဲ့
သင်္ကြန်ဆိုတာ
သူများတွေအတွက်တော့
ပျော်ရွှင်စရာတွေကို ပေးတတ်ပေမယ့်
ငါအတွက်တော့ ၀မ်းနည်းမှုတွေကို
ယူဆောင်လာတတ်တယ်

လှည့်စားတတ်တဲ့ April ရဲ့
ရက်တစ်ရက်ဖြစ်တဲ့
April 19 မှာ
မမ ကို
ငါ့ဘ၀ထဲက ထွက်ခွာစေခဲ့တယ်

အဖြစ်အပျက်တွေက
မြန်ဆန်လွန်းလို့
မယုံကြည်နိုင်လောက်အောင်ပါပဲ

အဲ့ဒါကြောင့်
ရက်စက်လွန်းတဲ့ April ကို
ငါ့ဘ၀ရဲ့ ခုနှစ်တွေထဲမှာ
မတွေ့ချင်တော့ဘူး

တကယ်တော့
April ဆိုတာ ငါအတွက်တော့
ကျိန်စာသင့်နေတဲ့ လတစ်လပါပဲ...။

(19.4.2010 တွင် ကွယ်လွန်သွားသော မမ တစ်ယောက် ကောင်းရာသုဂတိလားပါစေ)

No comments: