Friday, May 28, 2010

အချစ်အပေါ်ထင်မြင်ယူဆချက်

အချစ်ဆိုတာ အချစ်ပဲလို့ မြင်ပေမယ့် ချစ်တာတစ်ခုတည်းနဲ့တော့ မပြီးသေးဘူးလို့ ထင်တယ်။ အချစ်ကို စပြီး တည်ဆောက်ရတာ လွယ်တယ်။ အဲဒါကို ရေရှည်တည်တံ့ဖို့၊ ခိုင်မြဲအောင်လုပ်ဖို့က အရမ်းခက်တယ်။ သူစိမ်း2ယောက် ချစ်ခင်ကြလို့ Relation တစ်ခုစပြီး တည်ထောင်မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့ ပြီးမသွားဘူး။ အချစ်ရဲ့နောက်မှာ မေတ္တာတရား၊ နားလည်မှု၊ ပေးဆပ်မှု၊ ကိုယ်ချင်းစာနာမှု၊ သိတတ်မှု အခြေခံကျင့်ဝတ်တွေ ပါလာတယ်။ တံတားလေးတွေလိုဘဲ တိုင်လေးတွေ ထောက်ထားရတယ်။ ဒီ2ယောက်ကဘဲ ချိုးလိုက်လို့ဘဲဖြစ်ဖြစ်၊ ဘေးလူကချိုးလိုက်လို့ဘဲဖြစ်ဖြစ် အဲဒီတံတားက နဲ့သွားမယ်။ အဲဒီလို နဲ့သွားတဲ့တံတားက ကြာရှည်ခိုင်ခံ့မှာ မဟုတ်ဘူး။ အရမ်းခက်ခဲတယ်။ ရေရှည်တည်တံ့ဖို့ ဆွဲဆန့်နိုင်အောင် အရမ်းခက်ခဲတဲ့ အရာတစ်ခုလို့ မြင်တယ်။ အသက် 16-24 တုန်းက အချစ်ဆိုတာကို ချစ်မယ်ဆိုတာဘဲ သိတယ်။ ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ဘာမှမတွေးတတ်ဘူး။ အခု အသက် 30 မှာတော့ အရမ်းတွေးတတ်သွားပြီ။ အချစ်တစ်ခုတည်းနဲ့ မပြီးဘူးဆိုတာ သိသွားဘီ။ အရမ်းချစ်သွားပြီဆိုတဲ့အချိန်မှာ ဘာမှမသိတော့ဘူး။ ရူးရူးမှုးမူးတွေ လုပ်တတ်ကြတယ်။ အဲဒါက ဘယ်အရွယ်ဘဲ ဖြစ်ဖြစ်ပါ။ အချစ်ရဲ့တန်ခိုးက ဘာမှမမြင်တော့တဲ့အရာမျိုး ဖြစ်တတ်တယ်။ ဒါပေမယ့် ရင့်ကျက်မှုအပိုင်းကျတော့ အသိ၊ သတိလေးနဲ့ ထိန်းကွပ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မယ်။

(အချစ်အပေါ်ထင်မြင်ယူဆချက်ပါ။)

No comments: