..အရာရာပြီးဆုံးသွားဖို့ မျှော်လင့်ခဲ့ပေမယ့်
ပြီးဆုံးသွားခဲ့ပြီလို့ ထင်ခဲ့ပေမယ့်
သူ့ကိုမမျှော်လင့်ဘဲပြန်တွေ့လိုက်ရတဲ့ခဏမှာ
ငါ့ရင်ထဲကိုရိုက်ခတ်လာတဲ့ နာကြင်မှုတွေ...
သူနဲ့ပတ်သက်လို့ခံစားချက်တွေ အမှတ်တမဲ့သိမ်းဆည်းထားခဲ့မိတာပဲ
ဒါကအချစ်ပါလို့ ငါဝန်မခံပါရစေနဲ့
ငါရူးမတတ် ထိခိုက်နာကြင်ခဲ့ရလို့ပါ
ငါက သူ့အတွက် ဘာမှမဟုတ်ခဲ့ရင်တောင်
သူ့ကငါ့ရဲ့ အရာရာတိုင်းပါပဲ..
ငါတကယ်တည်ငြမ်နေပြီလို့သူတွေးနေမလား
ငါအချစ်တွေပြောင်းနေပါပြီလို့ ထင်နေတော့မလား
ငါပြန်ဖြေရှင်းခွင့်မရှိဘူးမဟုတ်လား
သူ့ကိုပြန်တွေ့ချိန် တစ်ဝကြီးကြည့်နေချင်ပေမယ့်
သူ့မျက်ဝန်းတွေနဲ့ဆုံရင်ငါတွယ်ငြိမိပြန်ဦးမယ်
ငါတုန်လှုပ်စွာ အကြည့်လွှဲမိပြန်တယ်
သူ့ရဲ့အပြုံးတစ်ချက်လောက်ရအောင် ငါပြုံးပြလိုက်သင့်တာပေါ့
ဒါပေမယ့်သူကျောခိုင်းသွားတာကိုငါမှပြုံးမနေနိုင်တာ
ငါအေးစက်စက်မျက်နှာလွှဲခဲ့ရတယ်
သူနဲ့စကားတစ်ခွန်းလေးပြောဖို့တောင်ငါနှုတ်ခမ်းဖွင့်မရခဲ့ဘူး
သူ့အနားမှာမနေရဲခဲ့ဘူး...
သူ့အဝေးမှာပဲ..သတ္တိမဲ့စွာနဲ့
တစ်စစ်စစ်နာကြင်လာတဲ့ အရင်ကဒဏ်ရာကို
သူဘယ်လိုပြန်တာဝန်ယူပေးမှာလဲ
မျှော်လင့်ချက်မဲ့စွာ မျှော်လင့်နေပါတယ်..
ငါ့အချစ်ဆုံးသောကောင်းကင်ရယ်................။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment