Wednesday, September 23, 2009

ချစ်သူအတွက် 2

ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ
ဘယ်သူမှ ရှောင်လွှဲ မရနိုင်တဲ့
ကံတရားရဲ့ ပြဌာန်းချက်မှာ
ငါ့ရဲ့ လွမ်းဆွတ်ခြင်းဒဏ်ရာတွေကို စာမဖွဲ့ချင်တော့ဘူး
လွမ်းရက်ရှည် နေ့စွဲတွေ ကုန်ခဲနေလေသမျှ
သဟဇာတဖြစ်နေရတဲ့ မျက်ရည်မြစ်တစ်စင်းထဲ
ငါ့ချစ်ခြင်းတွေ အခါခါ စီးဆင်းတယ် ..............

.ကောင်မလေးရယ်
တွေ့ဆုံခွင့်ဆိုတာ ဘယ်အခါများမှာလဲကွယ်

ဘယ်အရာကိုမှ ယိုးမယ်မဖွဲ့ချင်ဘူး
အကျိုးအကြောင်းတွေ တည်ရှိနေပြီးသား
ကံတရား စီမံရာမှာ
နေသားကြအောင်ပဲ ကြံဆောင်ရတော့မယ်

မြတ်နိုးစွာ နှောင်ရစ်ခဲ့ဖူးတဲ့ အချစ်တွေကို
ဘ၀စစ်စစ်တစ်ခုထဲကို ခေါ်ဆောင်ဖို့
ဝေးရတဲ့ အခိုက်အတန့်တွေမှာ
ဘ၀ရဲ့ ရီုက်ခတ်မူ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း
မျော်လင့်ခြင်းတစ်ခုတည်းနဲ့ အသက်ဆက် ------------


အင်းလေ
ရှိပါစေတော့ ရှိစေတော့ -------------




No comments: