Wednesday, September 2, 2009

ကျနော်ရဲ့ စိတ်ကူးယဉ်အိမ်မက်


စိတ်ကူးယဉ်အိမ်မက်

လူတိုင်းလူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှိကြမှာပါ..။ လူဆိုတာ မျှော်လင့်ခြင်း နဲ့ ရှင်သန်နေကြတာပါ…။ မျှော်လင့်ခြင်းမှာလည်း စိတ်ကူးယဉ်ခြင်းတွေ ပါဝင်နေတယ်..။ ဒီတော့ စိတ်ကူးယဉ်ခြင်းဆိုတာ မျှော်လင့်ခြင်းတစ်ခုလို့လည်း ဆိုလို့ရမယ်ထင်ပါတယ်..။ ကျနော်လည်း လူတစ်ယောက်ပဲလေ…။ မျှော်လင့်ခြင်းစိတ်ကူးတွေနဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်ပါ…။ ကျနော့်စိတ်ကူးယဉ်ခြင်းက လက်ရှိရနေတဲ့ ဘ၀ကိုလည်း ကျေနပ်သလို လိုချင်တပ်မက်ခြင်းတွေလည်း ရှိပါသေးတယ်…။ လက်ရှိ ဘ၀မှာ မပိုင်ဆိုင်ရတဲ့ အရာတွေ အားလုံးဟာ စိတ်ကူးယဉ်ခြင်းဘက်ကို အလိုလိုရောက်သွားခဲ့တယ်….။

စိတ်ကူးယဉ်ခြင်းတွေသိပ်များတဲ့အခါ … ဖြစ်ချင်မှုတွေ ပိုများလာတယ်…။ ဖြစ်ချင်မှုတွေ များလာတော့ မျှော်လင့်ခြင်းတွေ ပိုလာတယ်…။ မျှော်လင့်သလိုဖြစ်မလာတော့ စိတ်ဓာတ်တွေလည်း ကျခဲ့ရတယ်..။ စိတ်ဆင်းရဲမှုတွေလည်း ဖြစ်ခဲ့ရတယ်…။ စိတ်ကူးနဲ့ လက်တွေ့တစ်ထပ်တည်းမကျတဲ့အခါမှာလည်း ဘ၀ဟာ နာကျင်ခဲ့ရတယ်…။ ဒါပေမယ့် လည်း ခုချိန်ထိ စိတ်ကူးယဉ်ဆဲပါပဲ…။ ဘယ်လောက်ထိ စိတ်ကူးယဉ်လည်းဆိုရင် ဖြစ်နိုင်တာ မဖြစ်နိုင်တာအားလုံးကိုလည်းစိတ်ကူးယဉ်တယ်…။ ဖြစ်လာတာမဖြစ်လာတာ အပထား စိတ်ကူးယဉ်ဖို့တာဝန်က ကို့တာဝန်တစ်ရပ်လိုကို ခံယူမိနေတယ်..။

ကမ္ဘာကျော် ကွန်ပျူတာဟက်ကာ တစ်ယောက်လည်း ဖြစ်ချင်တယ်..။ ကမ္ဘာကျော်.. စီးပွားရေးပညာရှင် တစ်ယောက်လည်းဖြစ်ချင်တယ်..။ ကမ္ဘာကျော် အရေးပါအရာရောက်သူ တစ်ယောက်လည်း ဖြစ်ချင်တယ်…။ ဖြစ်နိုင်ရင်…ကမ္ဘာကိုတောင် အုပ်ချုပ်စိုးမိုးချင်တယ်..။ နိုင်ငံကျော်လောက်ကိုတောင် စိတ်ကူးမယဉ်မိဘူး…။ အဲဒီလောက်ထိ ကျနော့် စိတ်ကူးယဉ် မှုတွေက ရူးသွပ်တာပါ…။ ဒီလို စိတ်ကူးတွေယဉ်ပေမယ့် ဖြစ်လာတဲ့ လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်း မကျတဲ့အချိန်မှာတော့… စိတ်ကူးယဉ်မှုတွေက အနည်းငယ် လက်တွေ့ဆန်လာတယ်…။ လက်တွေ့ဘ၀နဲ့ သိပ်မကွာဟတဲ့ စိတ်ကူးယဉ်မှုကို စိတ်ကူး ယဉ်လာတယ်…။ ကျနော့်စိတ်ကူးယဉ်ခြင်းတွေက

စီးပွားရေးနယ်ပယ်…………..

စီးပွားရေးနယ်ပယ်မှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်ချင်မိတယ်…။ ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာတွေ .. ကွန်ပျူတာပိုင်း ဆိုင်ရာလိုအပ်ချက်တွေ… ပြည်သူတွေက အားကိုးယုံကြည်ရတဲ့ Computer Technology Group တစ်ခုကို ဦးဆောင်နိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်…………။

လူမှုရေးနယ်ပယ်………

လူမှုရေးနယ်ပယ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ လူမှုရေးပိုင်းဆိုင်ရာမှာ အများနဲ့မတူ တစ်မူထူးခြားစွာ…လူတိုင်းရဲ့ ရင်ထဲက လေးနက်စွာ ခင်မင်နှစ်လိုခြင်းကိုလည်း ရယူပိုင်ဆိုင်ချင်တယ်…။ ကျနော့် နာမည်ကြားလိုက်တာနဲ့ လူတိုင်းရင်ထဲမှာ စိတ်ချမ်းသာခြင်းနဲ့ ရင်းနှီးစွာ နွေးထွေး ခုံမင်စွာ…လှိုက်လှဲပျူငှာစွာ….ပေါင်းသင်းဆက်ဆံ ခံရတဲ့ … သူဖြစ်ချင်တယ်..။ ကျနော့် ပတ်ဝန်းကျင်က လူသားတိုင်းရဲ့ စိတ်ဟာလည်း ကြည်လင်ရိုးသားတဲ့ ဖြူစင်သူတွေ…အလုပ်မှာလည်း မတွယ်ကပ်… မနာလိုစိတ်မထားတတ်တဲ့ … သူတစ်ပါးအပေါ် ချောက်မချတတ်တဲ့… သူတစ်ပါး အောင်မြင်ခြင်းကို နှစ်လို အားရစွာ ကျေနပ်သူတွေ… စိတ်ထားမြင့်မြတ်သူတွေသာ ရှိတဲ့ လူတွေကိုလည်း ပိုင်ဆိုင်ချင်သေးတယ်…။ ဒါပေမယ့် လူတွေစိတ်ကိုက အမျိုးမျိုး ဖြစ်ရမယ်..စိတ်ထားမဖြောင့်သူ…မရိုးသားသူ.. ယုတ်မာ ရိုင်းဆိုင်းသူ… ကိုယ်ကျင့်တရား ပျက်ပြားသူ… တစ်ကိုယ်ကောင်းဆန်သူ … စတဲ့ စိတ်အမျိုးမျိုး ပိုင်ဆိုင်ထားကြတယ်..။ ဒီလိုစိတ်အမျိုးအမျိုးနဲ့ ရှင်သန်နေကြတဲ့သူအားလုံးဟာ..ကျနော်နဲ့ ပေါင်းသင်းဆက်ဆံချိန်မှာ ဖြူစင်ရိုးသားမှုတွေသာ ကြီးစိုးတဲ့ စိတ်ထားများအဖြစ် ပြောင်းလဲနိုင်တဲ့ လူမှုရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်ချင်တယ်………..။

အချစ်ရေးနယ်ပယ်……….

အချစ်ရေးမှာ အောင်မြင်တဲ့ သူဖြစ်ချင်မိတယ်..။ ကိုယ်ကပေးသလောက် ကိုယ့်ကို ပြန်ပေးတဲ့ ကိုယ်ပေးထားတဲ့ မေတ္တာချစ်ခြင်းကို အလေးအနက်ထား ပျက်ရယ်မပြုတဲ့… တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးရင်း…နားလည်ခြင်းများမှာလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ညာစွာ နားလည် တတ်တဲ့…အချစ်ကြောင့်ရလာတဲ့ ပူဆွေးလောင်မြိုက်ခြင်းတွေ…ရင်နာခံစားရခြင်းတွေ… နာကျင်ဝမ်းနည်းမှု တွေ..ကင်းတဲ့ ချစ်ခြင်းနဲ့…. အေးမြတဲ့ မေတ္တာချစ်ခြင်းများသာ ပျော်ဝင်တဲ့ အချစ်စစ်စစ်ကို ရချင်မိတယ်..။ ပေးဆပ်ချစ်ခြင်း…ရယူချစ်ခြင်းကင်းတဲ့….ဆုံဆည်းရခြင်း ချစ်ခြင်းသာ ပိုင်ဆိုင်ချင်တယ်………။

ဘ၀……….

ကျနော်ရဲ့ ဘ၀ဟာ..အေးချမ်းတည်ငြိမ်ပြီး….ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဘ၀ကိုပိုင်ဆိုင်ချင်တယ်………။ မာန်မာနကင်း…ပူပင်လောင်မြိုက်ခြင်းကင်း… လိုချင်တပ်မက်ခြင်းကင်း……..လောဘ ဒေါသနည်းခြင်း ….၀န်တိုခြင်းကင်း…အသိစိတ်မြင့် မားခြင်းနဲ့ စိတ်ဓာတ်မြင့်မားတဲ့ ဘ၀ကို ပိုင်ဆိုင်ချင်တယ်..။

ဒါလေးကတော့ လူသားတစ်ယောက်ဖြစ်တဲ့ ကျနော်ရဲ့ ….စိတ်ကူးယဉ်ခြင်းလေးပါ..။ ဒီစိတ်ကူးယဉ်မှုမှာလည်း မျှော်လင့်ခြင်းတွေ ….ဖြစ်ချင်မှုတွေ… ရောပြွမ်းနေပါတယ်….။ ဒီလိုစိတ်ကူးယဉ်ရင်းနဲ့ပဲ….ဘ၀ကို အေးချမ်းစွာ နဲ့ ပျော်ရွှင်မှု အစစ်အမှန်ဖြင့် ဖြတ်သန်းနိုင်ရပါစေ……..လို့ ဆုတောင်းရင်း…………….စိတ်ကူးယဉ်နေဆဲပါ………..။
(စိတ်ကူးလေးတွေပါ။)

1 comment:

yonelay said...

ဒါလေးကတော့ ကျနော့်ရဲ့စိတ်ကူးမိတာလေးတွေပါ။