Wednesday, September 23, 2009

ချစ်သူအတွက်


မေ့ပစ်လိုက်စမ်း ဒီအတိတ်ပန်းချီကားကို
ဖန်တီးထားတဲ့ အနုပညာထဲ
မင်းနာမည်နဲ့ ငါနာမည် မပါစေဘူး။
စမ်းချောင်းလေးတွေ စီးဆင်းသွားသလို
မင်းအတိတ် ငါ့အတိတ်
စီးဆင်းသွားမယ်
ငှက်ကလေးတွေ ပျံသန်းသွားသလို
အနာဂတ်မှာ
တီးတိုးသံတွေ ပြည့်နှက်နေမယ်။
ဝင်သက်ထွက်သက် ဖြည်းဖြည်းမှန်မှန်ရှု
ဝမ်းနည်းစကား ပြည့်ဖုံးကား ချထား
သဘာဝဟာ သူ့အလိုအတိုင်း
ခံစားချက်ကို ဖော့ပြီး မျှောပစ်
ငါတို့ဟာ. . .
အနာဂါတ်အတွက်

အတောင်ပံတွေ ခပ်လို့
ပျံသန်းကြမယ် ။



 

No comments: