Friday, September 4, 2009

ပျော်မယ်ထင်လို့လား


မသေချာဘူးဆိုပေမဲ့လည်း
စမ်းတ၀ါးဝါးနဲ့ ဒီလမ်းကိုပဲ
မျှော်လင့်ချက်ရေးရေးလေးနဲ့
ဆက်လျှောက်နေမိတယ်
အရင်လိုပဲ နင်ကြိုနေအုံးမလားလို့ပေါ့..........

မကြားနိုင်ဘူးဆိုပေမဲ့လည်း
ထပ်ခါထပ်ခါ ခေါ်နေမိတယ်
အရင်လိုပဲ နင်ပြန်လာအုံးမလားလို့ပေါ့........

ပြန်မဆုံနိုင်တော့ဘူးဆိုပေမဲ့လည်း
မရေမရောအတွေးတွေနဲ့
မနက်ဖန်တိုင်းကိုကြိုနေမိတယ်
အရင်လိုပဲ ဒဏ်ရာတွေနဲ့ပေါ့........

တစ်သက်လုံးအတွက်
ဇာတ်သိမ်းကြတော့မယ်ဆိုတော့လည်း
မပြောရဲ့ခဲ့တဲ့ ဒီအလွမ်းတွေအတွက်
ဖြေသာစရာလဲမရှာတော့ပါဘူးလေ
အရင်လိုပဲ နာကျင်စရာတွေနဲ့ကျန်နေခဲ့ပါ့မယ်...........

နင်ထားခဲ့တဲ့ ငါ့တစ်ယောက်တည်း
နေပျော်မယ်လို့ ထင်နေတာလားချစ်သူ........?

1 comment:

Anonymous said...

ပျော်မယ်ထင်လို့ တော့ ဟုတ်မယ်ထင်ပါဘူး