Thursday, September 10, 2009

ဝေးသွားခဲ့ရင်


လမ်းခွဲရင် ၀မ်းမနည်းပါနဲ့….
ဆုံနိုင်ဖို့ ကြိုးစားရင်း
ဝေးသွားခဲ့ရင် မငိုနဲ့ချစ်သူရယ်…
တခါတလေတိုက်ဆိုင်လို့များ
ကြင်ကြင်နာနာ သတိရခဲ့ရင်ပဲ
အချစ်က ပြည့်စုံပါတယ်…
ငါတို့အချစ်တွေများ စစ်ခဲ့ရင်ပေါ့ချစ်သူ..
သားစဉ်မြေးဆက်လက်ဆင့်ကမ်းလို့
အရမ်းချစ်ခဲ့ကြောင်းကြွားပြကြမယ်..
ကံကြုံလို့ပြန်ဆုံခဲ့ရင်ချစ်သူ
လှပတဲ့ အနာဂတ်နဲ့ နင့်ဘ၀လေး
လင်းလက်နေတာပဲ မြင်ချင်တယ်..
အဲ့ဒီအချိန် …… ချစ်သူပိုင်တဲ့
ဖြူစင်တဲ့ မျက်လုံးအစုံနဲ့
ငါသိပ်ချစ်တဲ့ အပြုံးလေးကို
ရင့်ကျက်တဲ့ အသိနဲ့အကဲခတ်ကြည့်အုံးမယ်…
ငါကိုယ်တိုင်ကရော…
ခုချိန်လို ရင်ခုန်သံစီစီညံလို့…
ခြေတုန်လက်တုန် ဖြစ်ပါအုံးမလား …..
(တွေးမိတာလေးပါ၊ ကဗျာတော့ မဟုတ်လောက်ပါဘူး)

No comments: