Sunday, September 13, 2009

တကယ်ချစ်တာပါ ချစ်သူ

အပြင်မှာ မတွေ့ဘူးပေမယ့်
ရင်မှာ တကယ်ချစ်ခဲ့တာပါ ချစ်သူ ….။

တွေ့တာမကြာသေးပေမယ့်
မေ့မှာ ခဏလေးလို့တော့
မထင်လိုက်ပါနဲ့ ချစ်သူ …။

နယ်မြေတွေခြားနေလို့
လာမရဖြစ်နေပေမယ့်
ထာဝရချစ်နေမှာပါ ချစ်သူ ..။

ချစ်သူကိုချစ်တဲ့ အချစ်ကလွဲပြီး
ကျန်တာ ဂရုမစိုက်တာမို့
ခွဲမသွားပါနဲ့လား ချစ်သူရယ် ….။

(အွန်လိုင်းမှာ ချစ်သူထားကြသူများအတွက်)

No comments: