Wednesday, September 2, 2009

နှလုံးသားနဲ့ ရင်းခဲ့တာပါ


ဖတ်တဲ့သူအတွက်ကတော့
သာမန်ကဗျာလေးပါပဲ
ရေးတဲ့သူအတွက်ကတော့
နှလုံးသားစူးအောင့်စေတဲ့
ဒဏ်ရာလေးပေါ့………

နာကျင်လွန်းလို့
မေ့ထားခဲ့တဲ့ဒဏ်ရာတွေကို
ကဗျာနဲ့ပြန်အသက်သွင်းမိတယ်

မင်းအတွက်ကတော့
သာမန်စာသားလေးပါပဲ
ငါ့အတွက်ကတော့
မင်းပေးခဲ့တဲ့
ဒဏ်ရာလေးပေါ့……..

ကဗျာတစ်ပုဒ်ဆိုတာ
ငါ့အတွက်တော့
ဘယ်တော့မှပြန်မလိုချင်တဲ့
နာကျင်မှုတွေရဲ့
စုံစည်းရာနေရာပါ…….

မင်းအတွက်ကတော့
ဟာသလေးပေါ့
ငါကတော့
နှလုံးသားနဲ့ရင်းခဲ့တာပါ………

No comments: